လီဗာပူးကစားသမားဘ၀ ၇ပွဲမြောက်မှာ ဂိုးသွင်းပြီး ဆန်ချိုလို ‘007’ ဖြစ်သွားနိုင်တဲ့အရေးကို ဂတ်ပို ရှောင်ရှားနိုင်ခဲ့

ဒတ်ချ်တိုက်စစ်မှူး ဂတ်ပိုကတော့ တနင်္လာညကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဘီပွဲစဉ်မှာ

လီဗာပူးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကိုရယူနိုင်ခဲ့ပြီဖြစ်တယ်။

ဒီပွဲအနိုင်ရဖို့အတွက်နှစ်သင်းစလုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီး လီဗာပူးက

ဆာလက်၊ ဂတ်ပိုတို့ရဲ့သွင်းဂိုးတွေနဲ့ ၂ဂိုး ပြတ်အနိုင်ရခဲ့ပါတယ်။

လီဗာပူးဟာ ဒီပွဲမတိုင်မှာ ဝုဗ်ကို ၃ဂိုးပြတ်ရှုံးထားပြီး အဲဗာတန်ကတော့

နည်းပြသစ်ရှောင်ဒိုင်ချီရဲ့ပထမဆုံးပွဲမှာ ဇယားထိပ်ဆုံးက အာဆင်နယ်ကို

၁-၀ နဲ့မထင်မှတ်ဘဲအနိုင်ရထားတာဖြစ်တယ်။ လီဗာပူးအတွက်

အဖွင့်ဂိုးကိုတော့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကတစ်ဆင့် ဆာလက်က

သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်အရောက်မှာ ကစားသမားသစ်

ဂတ်ပိုကသွင်းယူခဲ့ပါတယ်။ အာနိုးရဲ့တိကျလွန်းတဲ့ အနိမ့်ဘောဖန်တီးပေးပို့မှုကို

အသင့်လိုက်ပါလာတဲ့ ဂတ်ပိုက အပိုင်ပိတ်သွင်းခဲ့တာဖြစ်တယ်။ အသက် ၂၃နှစ်အရွယ်

နယ်သာလန်ကြယ်ပွင့်ဟာ အန်ဖီးလ်ကိုရောက်လာတဲ့နောက် အဖွင့်ဂိုးရဖို့

ရုန်းကန်နေခဲ့ရပြီး ဒီပွဲသာဂိုးမသွင်းနိုင်ရင်တော့ ပြိုင်ဘက်ပရိသတ်တွေရဲ့

‘007’ ဆိုတဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်ရဖို့ရှိခဲ့ပါတယ်။ ယူနိုက်တက်ကစားသမား ဆန်ချိုဟာ

အိုးလ်ထရက်ဖို့ဒ်ရောက်လာခဲ့ပြီးနောက် ပထမဆုံး ၇ပွဲဆက်မှာ သွင်းဂိုးနဲ့

ဂိုးဖန်တီးမှုတစ်ကြိမ်မှမလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက အင်္ဂလန်ကြယ်ပွင့်ကို

‘007’ ဘွဲ့ကိုအပ်နှင်းခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဂတ်ပိုကတော့ ကံကောင်းစွာနဲ့

၇ပွဲမြောက်မှာ သွင်းဂိုးရခဲ့တာကြောင့် ဒီအခြေအနေကိုရှောင်ရှားနိုင်ခဲ့တာပါ။

zawgyi

လီဗာပူးကစားသမားဘ၀ ၇ပြဲေျမာက္မွာ ဂိုးသြင္းၿပီး ဆန္ခ်ိဳလို ‘007’ ျဖစ္သြားႏိုင္တဲ့အေရးကို ဂတ္ပို ေရွာင္ရွားႏိုင္ခဲ့

ဒတ္ခ်္တိုက္စစ္မႉး ဂတ္ပိုကေတာ့ တနလၤာညကစားခဲ့တဲ့ မာေဆးဆိုက္ဒ္ဘီပြဲစဥ္မွာ

လီဗာပူးကစားသမားဘ၀ ပထမဆုံးသြင္းဂိုးကိုရယူႏိုင္ခဲ့ၿပီျဖစ္တယ္။

ဒီပြဲအႏိုင္ရဖို႔အတြက္ႏွစ္သင္းစလုံးႀကိဳးစားယွဥ္ၿပိဳင္ခဲ့ၾကၿပီး လီဗာပူးက

ဆာလက္၊ ဂတ္ပိုတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ၂ဂိုး ျပတ္အႏိုင္ရခဲ့ပါတယ္။

လီဗာပူးဟာ ဒီပြဲမတိုင္မွာ ဝုဗ္ကို ၃ဂိုးျပတ္ရႈံးထားၿပီး အဲဗာတန္ကေတာ့

နည္းျပသစ္ေရွာင္ဒိုင္ခ်ီရဲ႕ပထမဆုံးပြဲမွာ ဇယားထိပ္ဆုံးက အာဆင္နယ္ကို

၁-၀ နဲ႔မထင္မွတ္ဘဲအႏိုင္ရထားတာျဖစ္တယ္။ လီဗာပူးအတြက္

အဖြင့္ဂိုးကိုေတာ့ လ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဆာလက္က

သြင္းယူခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ပြဲခ်ိန္ ၄၉ မိနစ္အေရာက္မွာ ကစားသမားသစ္

ဂတ္ပိုကသြင္းယူခဲ့ပါတယ္။ အာႏိုးရဲ႕တိက်လြန္းတဲ့ အနိမ့္ေဘာဖန္တီးေပးပို႔မႈကို

အသင့္လိုက္ပါလာတဲ့ ဂတ္ပိုက အပိုင္ပိတ္သြင္းခဲ့တာျဖစ္တယ္။ အသက္ ၂၃ႏွစ္အ႐ြယ္

နယ္သာလန္ၾကယ္ပြင့္ဟာ အန္ဖီးလ္ကိုေရာက္လာတဲ့ေနာက္ အဖြင့္ဂိုးရဖို႔

႐ုန္းကန္ေနခဲ့ရၿပီး ဒီပြဲသာဂိုးမသြင္းႏိုင္ရင္ေတာ့ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕

‘007’ ဆိုတဲ့ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ရဖို႔ရွိခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမား ဆန္ခ်ိဳဟာ

အိုးလ္ထရက္ဖို႔ဒ္ေရာက္လာခဲ့ၿပီးေနာက္ ပထမဆုံး ၇ပြဲဆက္မွာ သြင္းဂိုးနဲ႔

ဂိုးဖန္တီးမႈတစ္ႀကိမ္မွမလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက အဂၤလန္ၾကယ္ပြင့္ကို

‘007’ ဘြဲ႕ကိုအပ္ႏွင္းခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ဂတ္ပိုကေတာ့ ကံေကာင္းစြာနဲ႔

၇ပြဲေျမာက္မွာ သြင္းဂိုးရခဲ့တာေၾကာင့္ ဒီအေျခအေနကိုေရွာင္ရွားႏိုင္ခဲ့တာပါ။