လီဗာပူးကစားဖော်ဟောင်းနဲ့ ပြန်လည်တွေ့ဆုံမယ့် ပြောင်းရွှေ့မှုကို ဆွာရက်ဇ် သဘောတူညီပေးခဲ့

ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်ဟာ သူ့ရဲ့လီဗာပူးအသင်းဖော်ဟောင်း

တစ်ဦးနဲ့ပြန်လည်တွေ့ဆုံမယ့် အပြောင်းအရွှေ့ကို သဘောတူညီ

ခဲ့တယ်လို့သိရပါတယ်။ အသက် ၃၅နှစ်အရွယ်တိုက်စစ်မှူးဟာ

အခုနှစ်အစောပိုင်းမှာ နာစီယွန်နယ်အသင်းနဲ့လမ်းခွဲထားသူဖြစ်ပြီး

အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခွင့်ရမယ့် ကစားသမားဖြစ်နေပါတယ်။

အာဂျင်တီးနားဂျာနယ်လစ် လူးဝစ္စမာလိုရဲ့အဆိုအရတော့ ဆွာရက်ဇ်ဟာ

မက္ကဆီကိုကလပ် Club Azul နဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းတို့ကြား

ရွေးချယ်ခွင့်ရှိခဲ့ပြီး ဂရီမီယိုကိုပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တယ်လို့

သိရပါတယ်။ တကယ်လို့ ဂရီမီယိုကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့

ပြီးခဲ့တဲ့နွေရာသီမှာ လာဇီယိုနဲ့လမ်းခွဲပြီး ဘရာဇီးပြန်ရောက်နေတဲ့

လီဗာပူးအသင်းဖော်ဟောင်း လူးကပ်စ်လီဗာနဲ့ တစ်သင်းတည်း

ပြန်ကစားခွင့်ရမှာဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ အန်ဖီးလ်မှာရှိခဲ့တဲ့

ကာလအတွင်း ၂၀၁၂ မှာ နည်းပြဒဲလ်ဂလစ်ရှ်နဲ့အတူ ကားလင်းဖလား

ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လူးကပ်စ်ဟာ မကြာခင် စကန်ဖတ်

ဆေးစစ်မှုတွေအရ နှလုံးနဲ့ပတ်သတ်တဲ့ ပြဿနာတစ်ခု

တွေ့ရှိခဲ့တာကြောင့် လေ့ကျင့်ရေးနဲ့ ကစားပွဲတွေကနေ

ခေတ္တအနားယူထားကြောင်းသိရပါတယ်။ ဂရီမီယိုအသင်းတရားဝင်

ဝက်ဘ်ဆိုက်ကလည်း ဆရာဝန်တွေဖြစ်တဲ့ ဇီမာမန်းနဲ့

ရီကာဒိုစတိန်းတို့ရဲ့အကူအညီတွေနဲ့ လူးကပ်စ်ရဲ့အခြေအနေကို

စောင့်ကြည့်နေပြီး ကစားသမားအနေနဲ့စွမ်းဆောင်ရည်မြင့်မားတဲ့

ကစားပွဲတွေနဲ့ နှစ်လ၊ ၃ လ လောက်အထိဝေးကွာစေဖို့

ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဂရီမီယိုနဲ့အတူ

ဆွာရက်ဇ်-လူးကပ်စ်အတွဲကို တစ်ကျော့ပြန်မြင်ရဖို့အတွက်တော့

အချိန်တစ်ခုစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

zawgyi

လီဗာပူးကစားေဖာ္ေဟာင္းနဲ႔ ျပန္လည္ေတြ႕ဆုံမယ့္ ေျပာင္းေ႐ႊ႕မႈကို ဆြာရက္ဇ္ သေဘာတူညီေပးခဲ့

ဥ႐ုေဂြးတိုက္စစ္မႉးဆြာရက္ဇ္ဟာ သူ႔ရဲ႕လီဗာပူးအသင္းေဖာ္ေဟာင္း

တစ္ဦးနဲ႔ျပန္လည္ေတြ႕ဆုံမယ့္ အေျပာင္းအေ႐ႊ႕ကို သေဘာတူညီ

ခဲ့တယ္လို႔သိရပါတယ္။ အသက္ ၃၅ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ

အခုႏွစ္အေစာပိုင္းမွာ နာစီယြန္နယ္အသင္းနဲ႔လမ္းခြဲထားသူျဖစ္ၿပီး

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူခြင့္ရမယ့္ ကစားသမားျဖစ္ေနပါတယ္။

အာဂ်င္တီးနားဂ်ာနယ္လစ္ လူးဝစၥမာလိုရဲ႕အဆိုအရေတာ့ ဆြာရက္ဇ္ဟာ

မကၠဆီကိုကလပ္ Club Azul နဲ႔ ဘရာဇီးကလပ္ ဂရီမီယိုအသင္းတို႔ၾကား

ေ႐ြးခ်ယ္ခြင့္ရွိခဲ့ၿပီး ဂရီမီယိုကိုေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့တယ္လို႔

သိရပါတယ္။ တကယ္လို႔ ဂရီမီယိုကိုေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ေတာ့

ၿပီးခဲ့တဲ့ေႏြရာသီမွာ လာဇီယိုနဲ႔လမ္းခြဲၿပီး ဘရာဇီးျပန္ေရာက္ေနတဲ့

လီဗာပူးအသင္းေဖာ္ေဟာင္း လူးကပ္စ္လီဗာနဲ႔ တစ္သင္းတည္း

ျပန္ကစားခြင့္ရမွာျဖစ္တယ္။ သူတို႔ႏွစ္ေယာက္ဟာ အန္ဖီးလ္မွာရွိခဲ့တဲ့

ကာလအတြင္း ၂၀၁၂ မွာ နည္းျပဒဲလ္ဂလစ္ရွ္နဲ႔အတူ ကားလင္းဖလား

ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမဲ့ လူးကပ္စ္ဟာ မၾကာခင္ စကန္ဖတ္

ေဆးစစ္မႈေတြအရ ႏွလုံးနဲ႔ပတ္သတ္တဲ့ ျပႆနာတစ္ခု

ေတြ႕ရွိခဲ့တာေၾကာင့္ ေလ့က်င့္ေရးနဲ႔ ကစားပြဲေတြကေန

ေခတၱအနားယူထားေၾကာင္းသိရပါတယ္။ ဂရီမီယိုအသင္းတရားဝင္

ဝက္ဘ္ဆိုက္ကလည္း ဆရာဝန္ေတြျဖစ္တဲ့ ဇီမာမန္းနဲ႔

ရီကာဒိုစတိန္းတို႔ရဲ႕အကူအညီေတြနဲ႔ လူးကပ္စ္ရဲ႕အေျခအေနကို

ေစာင့္ၾကည့္ေနၿပီး ကစားသမားအေနနဲ႔စြမ္းေဆာင္ရည္ျမင့္မားတဲ့

ကစားပြဲေတြနဲ႔ ႏွစ္လ၊ ၃ လ ေလာက္အထိေဝးကြာေစဖို႔

ၫႊန္ၾကားထားပါတယ္။ ဒါေၾကာင့္ ဂရီမီယိုနဲ႔အတူ

ဆြာရက္ဇ္-လူးကပ္စ္အတြဲကို တစ္ေက်ာ့ျပန္ျမင္ရဖို႔အတြက္ေတာ့

အခ်ိန္တစ္ခုေစာင့္ဆိုင္းရဖြယ္ရွိေနပါတယ္။