လီဆန်ဒရို မာတီနက်ဇ်ဆိုတဲ့ ဘဲက ဇတော့မသေးဘူးနော် လူကောင်သေးသေး ကျွတ်ဆပ်ဆပ်နဲ ရုပ်ကဖိုက်တာရုပ် ဖြဲမယ်ဆိုတာကြီးပဲ

ဘောလုံးသမားတစ်ယောက်အဖို့ လက်ရှိအသင်းကနေ တခြား အသင်းတစ်သင်းကို ပြောင်းချင်တဲ့အခါ

အတင်းအကျပ် တောင်းဆိုတာမျိုး တွေလုပ်တာက ဘောလုံးမှာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အထက်လူကြီးတစ်ယောက်ကို ဆဲရေးတိုင်းထွာပြီး တောင်းဆိုတာမျိုးက တော့ ေ-ာက်ဆန်းကြီးပါလားဆိုပြီး ပြောရမလိုတော့ ဖြစ်နေပါပြီ။

နယ်သာ လန်သတင်းစာမျက်နှာတစ်ခုဖြစ်တဲ့ De Telegraaf ရဲ့ အဆိုအရ နောက်ခံ လီဆန်ဒရို မာတီနက်ဇ်ဟာ

မန်ယူကို ပြောင်းချင်တာကြောင့် စေ့စပ်ပြောဆို ညှိနှိုင်းမှုနဲ့ပတ်သက်ပြီး

နည်းစနစ်ဒါရိုက်တာ ဂယ်ရီဟမ်စထရာကို ကြိမ်းမောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဟမ်စထရာဟာ မန်ယူနဲ့ ညှိနှိုင်းမှုတွေ လုပ်ရမှာ မလိုအပ်တဲ့စကားတွေကို ဝေ့လည်ကြောင်ပတ် ပြောနေတဲ့အတွက် ကြောင့်

“ခင်ဗျားက ဘာေ-ာက်ရေးမှမပါတဲ့လူနော်၊ မက်ခ်အိုဗာမားစ်အလုပ်ထွက်သွားလို့သာ ခင်ဗျားဒီနေရာကိုရောက်နေတာ” ဆိုပြီး

မာတီနက်ဇ်က ရုံးခန်းထဲထိဝင်ဖြဲခဲ့တယ်လို့ဆိုပါတယ်။

သူပွဲကြမ်းပြီးလို့ (၂) ရက်အကြာမှာတော့ အေဂျက်ဇ်ဟာ မာတီနက်ဇ်ကို ရောင်းချဖို့ သဘောတူညီခဲ့ရပါတော့တယ်။

အားကစားဒါရိုက်တာတစ်ယောက်ဖြစ်ပြီး မလိုအပ်တဲ့ စကားတွေကို ဝေ့ လည်ကြောင်ပတ် လုပ်နေတဲ့အတွက်

အပြောင်းအရွှေ့ မဖြစ်မြောက်မှာ စိုး ရိမ်ခဲ့တဲ့ မာတီနက်ဇ်ဟာ ဟမ်စထရာကို ဒဲ့ရွှေ့လိုက်တာပဲ ဖြစ်ပါတယ်။

ကျွန်တော် တို့ အားလုံး သိကြတဲ့အတိုင်းပါပဲ။ အဲရစ်တန်ဟက်ဟာ သူ့ရဲ့ တပည့် ဟောင်းကို

အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ယူချင်ခဲ့တယ်ဆိုတာ အထူး ပြောနေစရာမလိုတဲ့ အကြောင်းပါပဲ။

ဒါပေမဲ့ မာတီနက်ဇ်က ဆန္ဒစောပြီး အားကစားဒါရိုက်တာဖြစ်သူအပေါ် ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးခဲ့တာက

လက်ရှိမှာတော့ လူပြောများတဲ့ အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ တစ်ချို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူညီတဲ့ ရှုထောင့်ကနေ တွေးတောတာမျိုး ရှိပါတယ်။

အဲဒီထင်မြင်ယူဆချက်ကတော့ နည်းစနစ် ဒါရိုက်တာကို မာတီနက်ဇ်တစ်ယောက် ဆဲရေးတိုင်းထွာလိုက်လို့

သူပြောင်း ချင်တဲ့အသင်းဆီ ပြောင်းခွင့်ရသွားတယ်ဆိုတဲ့ ယူဆချက်ပါပဲ။

ဆိုရရင် နည်း စနစ်ဒါရိုက်တာကို ကြမ်းကြမ်းတမ်းတမ်းသာ ပြောလိုက်၊ အလုပ်ဖြစ်တယ်ဆိုတဲ့ သဘောပေါ့လေ။

ဆိုတော့ကာ မန်ယူလို အသင်းဆီကို တခြားအသင်း တွေက ဘောလုံးသမားတွေ ပြောင်းချင်လာတဲ့အခါ

နည်းစနစ်ဒါရိုက်တာကို များများဆဲလိုက်ပါလို့ ပြောရမလို ဖြစ်နေပါပြီ။

zawgyi

လီဆန္ဒ႐ို မာတီနက္ဇ္ဆိုတဲ့ ဘဲက ဇေတာ့မေသးဘူးေနာ္

လူေကာင္ေသးေသး ကြၽတ္ဆပ္ဆပ္နဲ ႐ုပ္ကဖိုက္တာ႐ုပ္ ၿဖဲမယ္ဆိုတာႀကီးပဲ

ေဘာလုံးသမားတစ္ေယာက္အဖို႔ လက္ရွိအသင္းကေန တျခား အသင္းတစ္သင္းကို ေျပာင္းခ်င္တဲ့အခါ

အတင္းအက်ပ္ ေတာင္းဆိုတာမ်ိဳး ေတြလုပ္တာက ေဘာလုံးမွာ ထူးဆန္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။

ဒါေပမဲ့ အထက္လူႀကီးတစ္ေယာက္ကို ဆဲေရးတိုင္းထြာၿပီး ေတာင္းဆိုတာမ်ိဳးက ေတာ့ ေ-ာက္ဆန္းႀကီးပါလားဆိုၿပီး ေျပာရမလိုေတာ့ ျဖစ္ေနပါၿပီ။

နယ္သာ လန္သတင္းစာမ်က္ႏွာတစ္ခုျဖစ္တဲ့ De Telegraaf ရဲ႕ အဆိုအရ ေနာက္ခံ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ

မန္ယူကို ေျပာင္းခ်င္တာေၾကာင့္ ေစ့စပ္ေျပာဆို ညႇိႏႈိင္းမႈနဲ႔ပတ္သက္ၿပီး နည္းစနစ္ဒါ႐ိုက္တာ ဂယ္ရီဟမ္စထရာကို ႀကိမ္းေမာင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဟမ္စထရာဟာ မန္ယူနဲ႔ ညႇိႏႈိင္းမႈေတြ လုပ္ရမွာ မလိုအပ္တဲ့စကားေတြကို ေဝ့လည္ေၾကာင္ပတ္ ေျပာေနတဲ့အတြက္ ေၾကာင့္

“ခင္ဗ်ားက ဘာေ-ာက္ေရးမွမပါတဲ့လူေနာ္၊ မက္ခ္အိုဗာမားစ္အလုပ္ထြက္သြားလို႔သာ ခင္ဗ်ားဒီေနရာကိုေရာက္ေနတာ” ဆိုၿပီး

မာတီနက္ဇ္က ႐ုံးခန္းထဲထိဝင္ၿဖဲခဲ့တယ္လို႔ဆိုပါတယ္။

သူပြဲၾကမ္းၿပီးလို႔ (၂) ရက္အၾကာမွာေတာ့ ေအဂ်က္ဇ္ဟာ မာတီနက္ဇ္ကို ေရာင္းခ်ဖို႔ သေဘာတူညီခဲ့ရပါေတာ့တယ္။

အားကစားဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး မလိုအပ္တဲ့ စကားေတြကို ေဝ့ လည္ေၾကာင္ပတ္ လုပ္ေနတဲ့အတြက္

အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္မွာ စိုး ရိမ္ခဲ့တဲ့ မာတီနက္ဇ္ဟာ ဟမ္စထရာကို ဒဲ့ေ႐ႊ႕လိုက္တာပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္ တို႔ အားလုံး သိၾကတဲ့အတိုင္းပါပဲ။ အဲရစ္တန္ဟက္ဟာ သူ႔ရဲ႕ တပည့္ ေဟာင္းကို

အိုးလ္ထရက္ဖို႔ဒ္ဆီ အေရာက္ေခၚယူခ်င္ခဲ့တယ္ဆိုတာ အထူး ေျပာေနစရာမလိုတဲ့ အေၾကာင္းပါပဲ။

ဒါေပမဲ့ မာတီနက္ဇ္က ဆႏၵေစာၿပီး အားကစားဒါ႐ိုက္တာျဖစ္သူအေပၚ ၾကမ္းတမ္းတဲ့ စကားလုံးေတြ သုံးခဲ့တာက

လက္ရွိမွာေတာ့ လူေျပာမ်ားတဲ့ အေၾကာင္းအရာ ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မတူညီတဲ့ ရႈေထာင့္ကေန ေတြးေတာတာမ်ိဳး ရွိပါတယ္။

အဲဒီထင္ျမင္ယူဆခ်က္ကေတာ့ နည္းစနစ္ ဒါ႐ိုက္တာကို မာတီနက္ဇ္တစ္ေယာက္ ဆဲေရးတိုင္းထြာလိုက္လို႔

သူေျပာင္း ခ်င္တဲ့အသင္းဆီ ေျပာင္းခြင့္ရသြားတယ္ဆိုတဲ့ ယူဆခ်က္ပါပဲ။

ဆိုရရင္ နည္း စနစ္ဒါ႐ိုက္တာကို ၾကမ္းၾကမ္းတမ္းတမ္းသာ ေျပာလိုက္၊ အလုပ္ျဖစ္တယ္ဆိုတဲ့ သေဘာေပါ့ေလ။

ဆိုေတာ့ကာ မန္ယူလို အသင္းဆီကို တျခားအသင္း ေတြက ေဘာလုံးသမားေတြ ေျပာင္းခ်င္လာတဲ့အခါ

နည္းစနစ္ဒါ႐ိုက္တာကို မ်ားမ်ားဆဲလိုက္ပါလို႔ ေျပာရမလို ျဖစ္ေနပါၿပီ။