လီဂူး-၁ ရဲ့လစာအများဆုံး ၂၀ဦးစာရင်းမှာ ပီအက်စ်ဂျီအသင်းသား ၁၈ ဦးအထိ ပါဝင်

လီဂူး-၁ ရဲ့ လစာအများဆုံးရကစားသမား ၃ဦးအဖြစ် ပီအက်စ်ဂျီ

ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ၊ မက်ဆီနဲ့ ဘာပေတု့ိပဲ
ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၂၀ဦးစာရင်းမှာလည်း
ပီအက်စ်ဂျီအသင်းသား ၁၈ ဦးအထိ ပါဝင်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကစားသမားသစ်ခေါ်ယူမှုမှာလည်း
ငွေကြေးအများအပြား သုံးစွဲထားပြီး လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေး

အများဆုံးကစားသမားဖြစ်တဲ့ နေမာကလည်း
လစာအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။
မက်ဆီရဲ့အပေါ်မှာ နေမာ ရပ်တည်လိမ့်မယ်လို့
မျှော်လင့်သူ နည်းနိုင်တာမှန်ပေမယ့်
ထိပ်ဆုံး ၃ဦးမှာ သူတို့ပဲ ရပ်တည်နေတာကတေ့ သိပ်မထူးဆန်းပါဘူး။

ပြင်သစ်နာမည်ကြီး သတင်းစာ L’Equip ရဲ့ဖော်ပြချက်အရ
ပြင်သစ်အဆင့်မြင့်တန်းရဲ့ လစာအများဆုံးရ
ကစားသမား ၂၀ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး
အဲဒီစာရင်းမှာ ပီအက်စ်ဂျီမဟုတ်တဲ့ တခြားကစားသမားဆိုလို့
မိုနာကိုအသင်းသားတွေဖြစ်တဲ့ တိုက်စစ်မှူး ဘင်ယက်ဒါနဲ့

ကွင်းလယ်လူ ဖာဘရီဂတ်စ်တို့ပဲ ပါဝင်ပါတယ်။
နေမာက တစ်လလစာအဖြစ် ယူရို ၄သန်းကျော်ရရှိနေရာ
တစ်ပတ်အနေနဲ့ဆိုရင် ယူရို ၁သန်းကျော်ရရှိနေပြီး
မက်ဆီကလည်း နေမာနဲ့သိပ်မကွာဘဲ
တစ်လလုပ်ခလစာ ယူရို ၃.၃သန်းကျော် ရရှိနေပါတယ်။

တခြားပီအက်စ်ဂျီအသင်းသားတွေအဖြစ် မာကွင်ဟို့စ်၊
ဗာရက်တီ၊ ဟာကီမီ၊ နာဗက်စ်၊ ဒီမာရီယာ၊
ဝစ်ချ်နယ်ဒမ်း၊ ဒွန်နာရူမာ၊ အီကာဒီ၊ ရာမို့စ်၊
ပါရီဒက်စ်၊ ဘားနက်၊ အန်ဒါဟာရဲရား၊ ကင်ပမ်ဘီ၊
ဒရက်စ်လာနဲ့ ကာဇာဝါတို့ဖြစ်ပြီး ဘင်ယက်ဒါက

အဆင့် ၁၅နဲ့ ဖာဘရီဂတ်စ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။
တကယ်လို့ ဘာပေသာ ရီးရဲလ်ပြောင်းချင်တဲ့စိတ်ကို
ပြောင်းပြီး ပီအက်စ်ဂျီနဲ့သာ စာချုပ်သစ်ချုပ်ဆိုဖြစ်ရင်
သူ့အနေနဲ့ လစာအများဆုံးရရှိသူဖြစ်လာနိုင်ပြီး
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာပေရဲ့မိခင်ဖြစ်သူဟာ

ဘာပေကို ခေါ်ယူချင်ရင် လက်မှတ်ထိုးကြေး
ပေါင် ၁၂၅ သန်းပေးရမယ်လို့ ရီးရဲလ်ကို
တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Zawgyi

လီဂူး-၁ ရဲ႕လစာအမ်ားဆုံး ၂၀ဦးစာရင္းမွာ ပီအက္စ္ဂ်ီအသင္းသား ၁၈ ဦးအထိ ပါ၀င္
လီဂူး-၁ ရဲ႕ လစာအမ်ားဆုံးရကစားသမား ၃ဦးအျဖစ္ ပီအက္စ္ဂ်ီ
ၾကယ္ပြင့္ေတြျဖစ္တဲ့ ေနမာ၊ မက္ဆီနဲ႔ ဘာေပတု႔ိပဲ
ရပ္တည္ခဲ့ၿပီး ထိပ္ဆုံး ၂၀ဦးစာရင္းမွာလည္း

ပီအက္စ္ဂ်ီအသင္းသား ၁၈ ဦးအထိ ပါ၀င္ေနပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ကစားသမားသစ္ေခၚယူမႈမွာလည္း
ေငြေၾကးအမ်ားအျပား သုံးစြဲထားၿပီး လက္ရွိကမၻာ့ေျပာင္းေရႊ႕ေၾကး
အမ်ားဆုံးကစားသမားျဖစ္တဲ့ ေနမာကလည္း
လစာအမ်ားဆုံးစာရင္းမွာ ထိပ္ဆုံးကေန ရပ္တည္ေနပါတယ္။

မက္ဆီရဲ႕အေပၚမွာ ေနမာ ရပ္တည္လိမ့္မယ္လုိ႔
ေမွ်ာ္လင့္သူ နည္းႏိုင္တာမွန္ေပမယ့္
ထိပ္ဆုံး ၃ဦးမွာ သူတို႔ပဲ ရပ္တည္ေနတာကေတ့ သိပ္မထူးဆန္းပါဘူး။
ျပင္သစ္နာမည္ႀကီး သတင္းစာ L’Equip ရဲ႕ေဖာ္ျပခ်က္အရ
ျပင္သစ္အဆင့္ျမင့္တန္းရဲ႕ လစာအမ်ားဆုံးရ

ကစားသမား ၂၀ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး
အဲဒီစာရင္းမွာ ပီအက္စ္ဂ်ီမဟုတ္တဲ့ တျခားကစားသမားဆုိလုိ႔
မုိနာကိုအသင္းသားေတြျဖစ္တဲ့ တုိက္စစ္မွဴး ဘင္ယက္ဒါနဲ႔
ကြင္းလယ္လူ ဖာဘရီဂတ္စ္တုိ႔ပဲ ပါ၀င္ပါတယ္။
ေနမာက တစ္လလစာအျဖစ္ ယူရို ၄သန္းေက်ာ္ရရွိေနရာ

တစ္ပတ္အေနနဲ႔ဆုိရင္ ယူရို ၁သန္းေက်ာ္ရရွိေနၿပီး
မက္ဆီကလည္း ေနမာနဲ႔သိပ္မကြာဘဲ
တစ္လလုပ္ခလစာ ယူရို ၃.၃သန္းေက်ာ္ ရရွိေနပါတယ္။
တျခားပီအက္စ္ဂ်ီအသင္းသားေတြအျဖစ္ မာကြင္ဟို႔စ္၊
ဗာရက္တီ၊ ဟာကီမီ၊ နာဗက္စ္၊ ဒီမာရီယာ၊

၀စ္ခ်္နယ္ဒမ္း၊ ဒြန္နာရူမာ၊ အီကာဒီ၊ ရာမို႔စ္၊
ပါရီဒက္စ္၊ ဘားနက္၊ အန္ဒါဟာရဲရား၊ ကင္ပမ္ဘီ၊
ဒရက္စ္လာနဲ႔ ကာဇာ၀ါတို႔ျဖစ္ၿပီး ဘင္ယက္ဒါက
အဆင့္ ၁၅နဲ႔ ဖာဘရီဂတ္စ္က အဆင့္ ၁၈ ေနရာမွာ ရပ္တည္ေနတာပါ။
တကယ္လုိ႔ ဘာေပသာ ရီးရဲလ္ေျပာင္းခ်င္တ့ဲစိတ္ကို

ေျပာင္းၿပီး ပီအက္စ္ဂ်ီနဲ႔သာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိျဖစ္ရင္
သူ႕အေနနဲ႔ လစာအမ်ားဆုံးရရွိသူျဖစ္လာႏိုင္ၿပီး
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာေပရဲ႕မိခင္ျဖစ္သူဟာ
ဘာေပကို ေခၚယူခ်င္ရင္ လက္မွတ္ထိုးေၾကး
ေပါင္ ၁၂၅ သန္းေပးရမယ္လုိ႔ ရီးရဲလ္ကို

ေတာင္းဆုိခဲ့ေၾကာင္း သိရပါတယ္။