လီဂူး၁ တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီ မပါဝင်

၂၀၂၁-၂၂ ရာသီ ပြင်သစ်လီဂူး၁ တစ်နှစ်တာအကောင်းဆုံး

ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ
ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး မက်ဆီ ချန်လှပ်ခံခဲ့ရပါတယ်။
မက်ဆီရဲ့အသင်းဖော် ဘာပေက ၃ကြိမ်မြောက် အကောင်းဆုံးဆု
ရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါ၊
မာဆေးလ်ကွင်းလယ်လူ ပါယက်၊ လီယွန်ရဲ့ဘရာဇီးကြယ်ပွင့်

ပါကွီတာနဲ့ ရန်းနက်စ်ရဲ့ မာတင်တာရီယာတို့ ပါဝင်လာပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘဝ
ပထမဆုံးရာသီမှာ အကောင်းဆုံးပုံစံရရှိဖို့
ရုန်းကန်နေရပြီး ဘာစီလိုနာမှာဆိုရင်
ဆန်ခါတင်စာရင်းမှာ မက်ဆီ မပါဝင်ဘူးဆိုရင်

အထူးအဆန်းဖြစ်ရလောက်တဲ့အထိ ဖြစ်ခဲ့ရကာ
သူ့အနေနဲ့ လာလီဂါမှာ ၂၀၀၉ ခုနှစ်ကတည်းက
ဆန်ခါတင်စာရင်းမှာ ဆက်တိုက်ပါဝင်ခဲ့တာပါ။
၂၀၀၈-၀၉ ရာသီကနေ လာလီဂါအကောင်းဆုံး
ကစားသမားဆုကို စတင်ပေးအပ်ချီးမြှင့်ခဲ့ရာ

မက်ဆီက ၁၃ ရာသီအနက် ၉ ရာသီအထိ ဆုရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ နွေရာသီက ပီအက်စ်ဂျီကို
ရောက်လာပြီးနောက် ယခုရာသီ လီဂူး၁ မှာ
၂၃ပွဲကစား ၄ဂိုးပဲ သွင်းယူထားနိုင်ပြီး
သူ့အတွက်တော့ ဘာစီလိုနာအသင်းမှာ

ပထမဆုံးကစားခွင့်ရခဲ့တဲ့ ၂၀၀၄-၀၅ ရာသီနောက်ပိုင်း
သွင်းဂိုးအနည်းဆုံးရာသီဖြစ်နေပါတယ်။
မက်ဆီဟာ ချန်ပီယံလိဂ်မှာတော့ ပိုမိုခြေစွမ်းပြနိုင်ခဲ့ပြီး
၇ပွဲမှာ ၅ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းကတော့
၁၆သင်းအဆင့်မှာ ရီးရဲလ်ကို အရေးနိမ့်ခဲ့ရပါတယ်။

Zawgyi

လီဂူး၁ တစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ မက္ဆီ မပါဝင္
၂၀၂၁-၂၂ ရာသီ ျပင္သစ္လီဂူး၁ တစ္ႏွစ္တာအေကာင္းဆုံး

ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီျဖစ္ရာ
ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး မက္ဆီ ခ်န္လွပ္ခံခဲ့ရပါတယ္။
မက္ဆီရဲ႕အသင္းေဖာ္ ဘာေပက ၃ႀကိမ္ေျမာက္ အေကာင္းဆုံးဆု
ရဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး မိုနာကိုတိုက္စစ္မႉး ဘင္ယက္ဒါ၊
မာေဆးလ္ကြင္းလယ္လူ ပါယက္၊ လီယြန္ရဲ႕ဘရာဇီးၾကယ္ပြင့္

ပါကြီတာနဲ႔ ရန္းနက္စ္ရဲ႕ မာတင္တာရီယာတို႔ ပါဝင္လာပါတယ္။
မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘဝ
ပထမဆုံးရာသီမွာ အေကာင္းဆုံးပုံစံရရွိဖို႔
႐ုန္းကန္ေနရၿပီး ဘာစီလိုနာမွာဆိုရင္
ဆန္ခါတင္စာရင္းမွာ မက္ဆီ မပါဝင္ဘူးဆိုရင္

အထူးအဆန္းျဖစ္ရေလာက္တဲ့အထိ ျဖစ္ခဲ့ရကာ
သူ႔အေနနဲ႔ လာလီဂါမွာ ၂၀၀၉ ခုႏွစ္ကတည္းက
ဆန္ခါတင္စာရင္းမွာ ဆက္တိုက္ပါဝင္ခဲ့တာပါ။
၂၀၀၈-၀၉ ရာသီကေန လာလီဂါအေကာင္းဆုံး
ကစားသမားဆုကို စတင္ေပးအပ္ခ်ီးျမႇင့္ခဲ့ရာ

မက္ဆီက ၁၃ ရာသီအနက္ ၉ ရာသီအထိ ဆုရခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ေႏြရာသီက ပီအက္စ္ဂ်ီကို
ေရာက္လာၿပီးေနာက္ ယခုရာသီ လီဂူး၁ မွာ
၂၃ပြဲကစား ၄ဂိုးပဲ သြင္းယူထားႏိုင္ၿပီး
သူ႔အတြက္ေတာ့ ဘာစီလိုနာအသင္းမွာ

ပထမဆုံးကစားခြင့္ရခဲ့တဲ့ ၂၀၀၄-၀၅ ရာသီေနာက္ပိုင္း
သြင္းဂိုးအနည္းဆုံးရာသီျဖစ္ေနပါတယ္။
မက္ဆီဟာ ခ်န္ပီယံလိဂ္မွာေတာ့ ပိုမိုေျခစြမ္းျပႏိုင္ခဲ့ၿပီး
၇ပြဲမွာ ၅ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အသင္းကေတာ့
၁၆သင္းအဆင့္မွာ ရီးရဲလ္ကို အေရးနိမ့္ခဲ့ရပါတယ္။