သရဲနီတွေဟာ ဇန်နဝါရီဈေးကွက်မှာ တိုက်စစ်မှူးသစ်တစ်ဦးကို
ရေတိုပစ်မှတ်နဲ့ခေါ်ယူဖို့ကြိုးစားနေပြီး ဝက်စ်ဟော့နဲ့ ဒီပေးတို့လို
နယ်သာလန်သားတွေကအနီးစပ်ဆုံးဖြစ်နေပါတယ်။
ဒါပေမဲ့ နောက်ဆုံးလူဟောင်းဖာဒီနန်ကတော့ ရေရှည်ပစ်မှတ်အတွက်
လာမယ့်နွေဈေးကွက်မှာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို
ခေါ်ယူသင့်တယ်လို့ နည်းပြတန်ဟတ်ကို တိုက်တွန်းလိုက်ပါတယ်။
ဖာဒီနန်ဟာ သူ့ရဲ့အမြင်တွေကိုပြောဆိုဖို့အတွက်
အကောင့်ကို YouTube ချန်နယ် ၅ခုနဲ့ ချိတ်ဆက်ပြီး
ဟယ်ရီကိန်းနဲ့ပက်သတ်လို့ အားလုံးထင်သာမြင်သာရှိအောင်
ပြောဆိုသွားခဲ့တာဖြစ်တယ်။ တစ်ရာသီကို သွင်းဂိုး
၂၀-၂၅ လောက်အထိအာမခံနိုင်တဲ့ ကိန်းကိုခေါ်ယူဖို့အတွက်
တန်ဟတ်နဲ့ ယူနိုက်တက်တာဝန်ရှိသူတွေငွေထုပ်ပိုက်ပြီး
သွားလိုက်ပါလို့ နောက်ခံလူဟောင်းက တောင်းဆိုလိုက်ပါတယ်။
“ဟယ်ရီကိန်းကို ရယူလိုက်ပါ။ စပါးထောက်ခံသူတွေအတွက်တော့
ဝမ်းနည်းပါတယ်။ မင်းတို့ဘာမှအနိုင်ရဖို့မရှိဘူး။ သူလည်း စပါးမှာ
ဘာမှအနိုင်ရမှာမဟုတ်ဘူး။ စပါးက မိနစ်တိုင်းမှာပြဿနာတွေ
ရှိနေတာပါ။ တကယ်လို့နွေရာသီမှာပြောင်းချင်ရင် ယူနိုက်တက်ရှိပါတယ်။
လာမယ့် ၃၊ ၄နှစ် လောက်အတွက် ကျောနံပါတ် ၉ ကိုရှာကြည့်ကြမယ်၊
တစ်ရာသီကို ၂၀-၂၅ ဂိုး လောက်ရဖို့ ဘယ်ကိုသွားရမလဲ၊
ဟယ်ရီကိန်းဆီဆိုရင်တော့ ပိုက်ဆံအများကြီးပေးရလိမ့်မယ်။
အနည်းဆုံးတော့ တစ်ရာသီကို ၂၀-၂၅ ဂိုးလောက်သွင်းနေတဲ့
လူတစ်ယောက်ရမယ်ဆိုတာကိုတော့ မင်းတို့သိကြမှာပါ။
ဟယ်ရီကိန်းဟာ ယူနိုက်တက်ကလွဲလို့ ဘယ်ကိုမှပြောင်းမှာ
မဟုတ်ဘူး” လို့ ဖာဒီနန်က တိုက်တွန်းခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ဒီရာသီလိဂ် ၁၈ပွဲမှာ ၁၅ ဂိုးသွင်းထားပြီး
ဂိုးသွင်းအများဆုံးစာရင်းမှာ ဟာလန်းရဲ့နောက် ဒုတိယနေရာရပ်တည်နေပါတယ်။
zawgyi
လိုအပ်တဲ့ငွေထုပ်ပိုက်ပြီးသွားလိုက် ယူနိုက်တက်ကလွဲလို့ ဟယ်ရီကိန်း ဘယ်ကိုမှမပြောင်းဘူးလို့ ဖာဒီနန် တိုက်တွန်း