လိုသူအပေါ် တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုးထားတဲ့ စံနှုန်းကိုထောက်ပြခဲ့ပြီး ယူကရိန်းမှာ စစ်ပွဲရပ်ဆိုတဲ့ စာသားပါ တီရှပ်ဝတ်ဖို့ ငြင်းဆန်ခဲ့တဲ့ တူရကီဘောလုံးသမား

တူရကီဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ဒီမီယာဟာ ပြီးခဲ့တဲ့တနင်္ဂနွေက

ပွဲစဉ်တစ်ခုမှာ ယူကရိန်းမှာ စစ်ပွဲရပ်ဆိုတဲ့စာသားပါ တီရှပ်အင်္ကျီကို

ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဒါဟာ တူရကီနိုင်ငံမှာ

ဟိုးလေတကျော်ဖြစ်သွားခဲ့ပါတယ်။

သူဟာ တူရကီဒုတိယတန်းကလပ်အာဇူရန်စပေါရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး

အန်ကာရာဂူနဲ့ပွဲစဉ်မတိုင်ခင် No To War တီရှပ်မဝတ်ခဲ့တဲ့

တစ်ယောက်တည်းသောကစားသမားပါ။

ပွဲမကန်ခင် နှစ်ဖက်ကစားသမားတွေတန်းစီတော့ ၃၃ နှစ်အရွယ်

အဲဒီကစားသမားဟာ အသင်းခေါင်းဆောက်လက်ပတ်နဲ့အတူ

အိမ်ကွင်းအင်္ကျီကိုသာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ဆိုရှယ်မီဒီယာထက်မှာ သူ့ကို ပြင်းထန်တဲ့ဝေဖန်မှုများစွာရှိခဲ့ပါတယ်။

ဒါပေမဲ့ နယ်သာလန်မှာ မွေးပြီး တူရကီလက်ရွေးစင်အတွက်သာကစားခဲ့တဲ့

ဒီမီယာက လိုသူအပေါ် တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုးထားတဲ့ စံနှုန်းကို

ထောက်ပြခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ

နေ့စဉ်ခံစားနေကြရတဲ့လူပေါင်းများစွာရှိတယ်လို့ ဆိုခဲ့တာပါ။

”အရှေ့အလယ်ပိုင်းဒေသမှာဆို လူပေါင်းထောင်နဲ့ချီဟာ နေ့စဉ်သေဆုံးနေကြတာပါ။

အဲဒီအတွက်လည်း ကျွန်တော်ခံစားရပါတယ်။

အပြစ်မဲ့သူတွေရဲ့နာကျင်မှုကို ကျွန်တော်ကိုယ်ချင်းစာပါတယ်။

ဥရောပကိုသာ အလေးထားပြီး အဲဒါတွေကို လျစ်လျူရှုထားသူတွေရှိပါတယ်။

ကျွန်တာာ်ဘာကြောင့် အဲဒီတီရှပ်မဝတ်လိုတာလဲဆိုတော့

ဒီနိုင်ငံတွေအတွက် မဟုတ်လို့ပါ”လို့ ဒီမီယာက

ပြည်တွင်းဘောလုံးသတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။

လောလောဆယ်တော့ ဥရောပဘောလုံးရပ်ဝန်းမှာ

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို

ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြပါတယ်။

ဒီအချိန်မှာ ဖီဖာနဲ့ယူအီးအက်ဖ်အေတို့ကလည်း ရုရှားလက်ရွေးစင်အသင်းတွေနဲ့

ကလပ်တွေကို ပြိုင်ပွဲတွေအားလုံးက ပိတ်ပင်ကြောင်း ကြေညာခဲ့တာပါ။

zawgyi


























