
အာဂျင်တီးနားအသင်းကမ္ဘာ့ချန်ပီယံဆုဆွတ်ခူးရာလမ်းကြောင်းမှာ





ဂိုးသမားမာတီနက်ဇ်ကအဓိက ဇာတ်ကောင်ဖြစ်ခဲ့ပေမဲ့ သူ့အတွက်
အခက်အခဲတွေက အခုမှစမှာဖြစ်တယ်လို့ စပါးနည်းပြကွန်တီက





သတိပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ စပါးနဲ့ ဗီလာတို့ထိပ်တိုက်
တွေ့ဖို့ရှိနေပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ လိုရစ်နဲ့
မာတီနက်ဇ်တို့ရဲ့အားပြိုင်မှုကို ပြန်လည်မြင်တွေ့ရဖို့ရှိနေတာဖြစ်တယ်။





ဒီလိုအချိန်မှာတော့ လိုရစ်ကဘယ်လိုကစားသမားမျိုးလည်းဆိုတာကို
အချက်အလက်တွေကအဖြေပေးသွားလိမ့်မယ်လို့ ကွန်တီက





ဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားရခဲ့တဲ့ မာတီနက်ဇ်က အခုမှ
ဘဝစတာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကမ္ဘာ့အကောင်းဆုံး
ဂိုးသမားထဲကတစ်ဦးအဖြစ်ရပ်တည်ပြခဲ့တဲ့ လိုရစ်ကို





ပိုပြီးလေးစားမှုပေးသင့်တယ်လို့ ကွန်တီက ပြောဆိုခဲ့တာပါ။
လိုရစ်ဟာ ဘရန်ဖို့ဒ်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရပေမဲ့





ဗီလာနဲ့ပွဲစဉ်မှာ ပြန်ကစားဖို့ရှိသလို ပြိုင်ဘက်အသင်းအနေနဲ့လည်း
ဂိုးသမားနေရာမှာ မာတီနက်ဇ်ကိုသုံးလိမ့်မယ်လို့ ကွန်တီက
မျှော်လင့်နေပါတယ်။ “လိုရစ်အကြောင်းပြောပြီးအချိန်ကုန်မခံချင်ဘူး။





လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးဂိုးသမားတွေထဲက
တစ်ယောက်လို့ပဲပြောနိုင်တယ်။ ထိပ်တန်းကစားသမား





တစ်ယောက်အကြောင်းကို လေကုန်ခံ၊ အချိန်ကုန်ခံပြီး
မပြောချင်ဘူးလို့ ထပ်တလဲလဲပြောနေဖို့မလိုပါဘူး။
စပါးအတွက် ဘယ်နှစ်ပွဲအထိကစားပြီးသလဲဆိုတာ မသိပေမဲ့





သူက ငါတို့အတွက်တော့ အာမခံချက်တစ်ခုပါ။
အချိန်အကြာကြီးဆက်ကစားဦးမယ်ထင်တယ်။





အခု သူအဆင်သင့်ဖြစ်နေသလို တနင်္ဂနွေပွဲစဉ်မှာ
လိုရစ်နဲ့ မာတီနက်ဇ်တို့ နှစ်ယောက်စလုံးပြန်ကစား
နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်” လို့ ကွန်တီက ပြောဆိုထားပါတယ်။





zawgyi
လိုရစ္နဲ႔ယွဥ္ရင္ေတာ့ မာတီနက္ဇ္ကခ်ာတိတ္အဆင့္ေလာက္ပဲရွိေသးတယ္လို႔ ကြန္တီ ယူဆ





အာဂ်င္တီးနားအသင္းကမာၻ႔ခ်န္ပီယံဆုဆြတ္ခူးရာလမ္းေၾကာင္းမွာ
ဂိုးသမားမာတီနက္ဇ္ကအဓိက ဇာတ္ေကာင္ျဖစ္ခဲ့ေပမဲ့ သူ႔အတြက္
အခက္အခဲေတြက အခုမွစမွာျဖစ္တယ္လို႔ စပါးနည္းျပကြန္တီက





သတိေပးလိုက္ပါတယ္။ တနဂၤေႏြေန႔မွာ စပါးနဲ႔ ဗီလာတို႔ထိပ္တိုက္
ေတြ႕ဖို႔ရွိေနၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ေတြ႕ဆုံခဲ့တဲ့ လိုရစ္နဲ႔





မာတီနက္ဇ္တို႔ရဲ႕အားၿပိဳင္မႈကို ျပန္လည္ျမင္ေတြ႕ရဖို႔ရွိေနတာျဖစ္တယ္။
ဒီလိုအခ်ိန္မွာေတာ့ လိုရစ္ကဘယ္လိုကစားသမားမ်ိဳးလည္းဆိုတာကို
အခ်က္အလက္ေတြကအေျဖေပးသြားလိမ့္မယ္လို႔ ကြန္တီက





ဆိုလိုက္ပါတယ္။ ကမာၻ႔ဖလားရခဲ့တဲ့ မာတီနက္ဇ္က အခုမွ
ဘဝစတာျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ကမာၻ႔အေကာင္းဆုံး





ဂိုးသမားထဲကတစ္ဦးအျဖစ္ရပ္တည္ျပခဲ့တဲ့ လိုရစ္ကို
ပိုၿပီးေလးစားမႈေပးသင့္တယ္လို႔ ကြန္တီက ေျပာဆိုခဲ့တာပါ။
လိုရစ္ဟာ ဘရန္ဖို႔ဒ္နဲ႔ ၂ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံထိုင္ခဲ့ရေပမဲ့





ဗီလာနဲ႔ပြဲစဥ္မွာ ျပန္ကစားဖို႔ရွိသလို ၿပိဳင္ဘက္အသင္းအေနနဲ႔လည္း
ဂိုးသမားေနရာမွာ မာတီနက္ဇ္ကိုသုံးလိမ့္မယ္လို႔ ကြန္တီက





ေမွ်ာ္လင့္ေနပါတယ္။ “လိုရစ္အေၾကာင္းေျပာၿပီးအခ်ိန္ကုန္မခံခ်င္ဘူး။
လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္း အေကာင္းဆုံးဂိုးသမားေတြထဲက
တစ္ေယာက္လို႔ပဲေျပာႏိုင္တယ္။ ထိပ္တန္းကစားသမား





တစ္ေယာက္အေၾကာင္းကို ေလကုန္ခံ၊ အခ်ိန္ကုန္ခံၿပီး
မေျပာခ်င္ဘူးလို႔ ထပ္တလဲလဲေျပာေနဖို႔မလိုပါဘူး။





စပါးအတြက္ ဘယ္ႏွစ္ပြဲအထိကစားၿပီးသလဲဆိုတာ မသိေပမဲ့
သူက ငါတို႔အတြက္ေတာ့ အာမခံခ်က္တစ္ခုပါ။
အခ်ိန္အၾကာႀကီးဆက္ကစားဦးမယ္ထင္တယ္။





အခု သူအဆင္သင့္ျဖစ္ေနသလို တနဂၤေႏြပြဲစဥ္မွာ
လိုရစ္နဲ႔ မာတီနက္ဇ္တို႔ ႏွစ္ေယာက္စလုံးျပန္ကစား





ႏိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္” လို႔ ကြန္တီက ေျပာဆိုထားပါတယ္။