လိုတာထက်ပိုပြီး အိုဗာတင်းတွေ ဖျော်နေတဲ့ ကာတာကို ပရိသတ်တွေ ကြည့်မရတော့ဘူး

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေး ကော်မတီ တာဝန်ရှိသူတွေရဲ့ လုပ်ရပ် တွေဟာ တဖြည်းဖြည်းနဲ့ လိုတာထက်ပိုနေပြီး အိုဗာတင်းအကွက်တွေ ဖြစ်လာနေတာကြောင့်

ပရိသတ်တွေဟာ မျက်မုန်း ကျိုးသထက် ကျိုးလာနေကြ ပြီဖြစ်ပါတယ်။ အခုတလောမှာ လူပြောများနေတဲ့ ကိစ္စကတော့ ကွင်းထဲကို ဝင်ပြီး ကြည့်ရှုတဲ့ ပရိသတ် အရေအတွက်ကို

ထုတ်ပြန်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လက်ခံကျင်းပနေတဲ့ ကတာနိုင်ငံမှာရှိတဲ့ ဘောလုံး ကွင်းတွေဟာ ပရိသတ် ဝင်ဆံ့တဲ့ အရေအတွက် နည်းပါးပြီး ထိုင်ခုံအရေ

အတွက် ၄၀၀၀၀ ကနေ ၆၀၀၀၀ အထိပဲရှိတဲ့ ကွင်းတွေက အများစုပါ။ ဒါပေမဲ့ ပွဲလာကြည့်တဲ့ ပရိသတ်ဦးရေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာတော့ ကာတာဟာ ၈၀၀၀၀ ကျော်တွေ

ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေကိုကြည့် တဲ့အခါမှာဆိုရင်လည်း ထိုင်ခုံအလွတ်တွေ အများကြီးရှိနေတဲ့ ဓာတ်ပုံတွေကို

မမြင်ချင်အဆုံး ဖြစ်နေတာပါ။ ကာတာရဲ့ တရားဝင် ထုတ်ပြန်တဲ့ ပရိသတ်တက်ရောက်မှု စာရင်းကိုကြည့်တဲ့အခါ နယ်သာလန်-ဆီနီဂေါပွဲစဉ်မှာ ပရိ သတ် ၄၁၇၂၁ ဦးရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီပွဲကို လက်ခံကျင်းပတဲ့ အယ်လ်သုမာမာကွင်းဟာ ပရိသတ် ၄၀၀၀၀ ပဲ ဝင်ဆံ့တာပါ။ နောက်ပြီး အမေရိကန်နဲ့ ဝေးလ်တို့ ကစားတဲ့ ပွဲစဉ်ကို လာကြည့်တဲ့ ပရိသတ်အရေ အတွက်ကို

ထုတ်ပြန်ရာမှာလည်း ၄၃၄၁၈ လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ အဲဒီပွဲကို လက်ခံကျင်းပတဲ့ ကွင်းရဲ့ ပရိသတ်ဝင်ဆံ့မှု အရေအတွက်ကလည်း ၄၀၀၀၀ ပဲ ရှိပါတယ်။ ဒါကြောင့် အိုဗာတင်းတွေ လုပ်ပြနေတဲ့

ကာတာကို ပရိသတ် တွေက လိုင်းပေါ်တက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ ‘’ဒီကွင်းတွေထဲက ထိုင်ခုံလွတ်တွေကို ကြည့်နေရတာ ကပ်ရောဂါ ကာလတုန်းက ယူရိုပြိုင်ပွဲကြီး ကစားနေသလို ထင်ရတယ်’’ လို့

ပရိသတ် တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ‘’တော်တော်ကြီးကို ေ-ာက်ရှက်မရှိတဲ့ ဟာတွေ။ ထိုင်ခုံအလွတ်တွေက ထောင်နဲ့ချီပြီး ရှိနေပြန်ပြီ’’ လို့ ရေးသားခဲ့

ပါတယ်။ ‘’နယ်သာလန်နဲ့ ဆီနီဂေါလိုမျိုး အသင်းနှစ်သင်း ကစားတဲ့ ကမ္ဘာ့ ဖလား အုပ်စုပွဲစဉ်မှာ အခုလိုမျိုး ထိုင်ခုံအလွတ်တွေ ထောင်နဲ့ချီပြီး ရှိနေလိမ့် မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးကွာ၊ မြင်မကောင်းဘူး’’ လို့

ပရိသတ် တစ်ယောက်ကလည်း ရေးသားခဲ့ပါတယ်။

(Zawgyi)

လိုတာထက္ပိုၿပီး အိုဗာတင္းေတြ ေဖ်ာ္ေနတဲ့ ကာတာကို ပရိသတ္ေတြ ၾကည့္မရေတာ့ဘူး

ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီ တာဝန္ရွိသူေတြရဲ႕ လုပ္ရပ္ ေတြဟာ တျဖည္းျဖည္းနဲ႔ လိုတာထက္ပိုေနၿပီး အိုဗာတင္းအကြက္ေတြ ျဖစ္ လာေနတာေၾကာင့္

ပရိသတ္ေတြဟာ မ်က္မုန္း က်ိဳးသထက္ က်ိဳးလာေနၾက ၿပီျဖစ္ပါတယ္။ အခုတေလာမွာ လူေျပာမ်ားေနတဲ့ ကိစၥကေတာ့ ကြင္းထဲကို ဝင္ၿပီး ၾကည့္ရႈတဲ့ ပရိသတ္ အေရအတြက္ကို ထုတ္ျပန္တဲ့ကိစၥပဲ

ျဖစ္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို လက္ခံက်င္းပေနတဲ့ ကတာႏိုင္ငံမွာရွိတဲ့ ေဘာလုံး ကြင္းေတြဟာ ပရိသတ္ ဝင္ဆံ့တဲ့ အေရအတြက္ နည္းပါးၿပီး ထိုင္ခုံအေရ အတြက္ ၄၀၀၀၀ ကေန

၆၀၀၀၀ အထိပဲရွိတဲ့ ကြင္းေတြက အမ်ားစုပါ။ ဒါေပမဲ့ ပြဲလာၾကည့္တဲ့ ပရိသတ္ဦးေရနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ရာမွာေတာ့ ကာတာဟာ ၈၀၀၀၀ ေက်ာ္ေတြ ရွိေနတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ သတင္းမီဒီယာေတြနဲ႔ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဓာတ္ပုံေတြကိုၾကည့္ တဲ့အခါမွာဆိုရင္လည္း ထိုင္ခုံအလြတ္ေတြ အမ်ားႀကီးရွိေနတဲ့ ဓာတ္ပုံေတြကို မျမင္ခ်င္အဆုံး ျဖစ္ေနတာပါ။

ကာတာရဲ႕ တရားဝင္ ထုတ္ျပန္တဲ့ ပရိသတ္ တက္ေရာက္မႈ စာရင္းကိုၾကည့္တဲ့အခါ နယ္သာလန္-ဆီနီေဂါပြဲစဥ္မွာ ပရိ သတ္ ၄၁၇၂၁ ဦးရွိတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အဲဒီပြဲကို လက္ခံက်င္းပတဲ့ အယ္လ္သုမာမာကြင္းဟာ

ပရိသတ္ ၄၀၀၀၀ ပဲ ဝင္ဆံ့တာပါ။ ေနာက္ၿပီး အေမရိကန္နဲ႔ ေဝးလ္တို႔ ကစားတဲ့ ပြဲစဥ္ကို လာၾကည့္တဲ့ ပရိသတ္အေရ အတြက္ကို ထုတ္ျပန္ရာမွာလည္း ၄၃၄၁၈ လို႔ ဆိုခဲ့တာပါ။

ဒါေပမဲ့ အဲဒီပြဲကို လက္ခံက်င္းပတဲ့ ကြင္းရဲ႕ ပရိသတ္ဝင္ဆံ့မႈ အေရအတြက္ကလည္း ၄၀၀၀၀ ပဲ ရွိပါတယ္။ ဒါေၾကာင့္ အိုဗာတင္းေတြ လုပ္ျပေနတဲ့ ကာတာကို ပရိသတ္

ေတြက လိုင္းေပၚတက္ၿပီး ေဝဖန္ခဲ့ၾကပါတယ္။ ‘’ဒီကြင္းေတြထဲက ထိုင္ခုံလြတ္ ေတြကို ၾကည့္ေနရတာ ကပ္ေရာဂါ ကာလတုန္းက ယူ႐ိုၿပိဳင္ပြဲႀကီး ကစား ေနသလို ထင္ရတယ္’’ လို႔

ပရိသတ္ တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ ပါတယ္။ ဒုတိယ တစ္ေယာက္ကေတာ့ ‘’ေတာ္ေတာ္ႀကီးကို ေ-ာက္ရွက္မရွိတဲ့ ဟာေတြ။ ထိုင္ခုံအလြတ္ေတြက ေထာင္နဲ႔ခ်ီၿပီး ရွိေနျပန္ၿပီ’’ လို႔

ေရးသားခဲ့ ပါတယ္။ ‘’နယ္သာလန္နဲ႔ ဆီနီေဂါလိုမ်ိဳး အသင္းႏွစ္သင္း ကစားတဲ့ ကမာၻ႔ ဖလား အုပ္စုပြဲစဥ္မွာ အခုလိုမ်ိဳး ထိုင္ခုံအလြတ္ေတြ ေထာင္နဲ႔ခ်ီၿပီး ရွိေနလိမ့္ မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ဘူးကြာ၊

ျမင္မေကာင္းဘူး’’ လို႔ ပရိသတ္ တစ္ေယာက္ကလည္း ေရးသားခဲ့ပါတယ္။