လိုင်လီနဲ့ပွဲမှာ ဘက်ပီနဲ့မက်ဆီ မသေချာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ သောကြာညမှာ သူတို့ရဲ့ဒီရာသီထိပ်တန်းဂိုးသွင်းရှင်မပါဘဲနဲ့

လက်ရှိချန်ပီယံလိုင်လီကို ဧည့်ခံရဖို့ ရှိနေပါတယ်။

နားပိုးဝင်မှုကြောင့် တိုက်စစ်မှုးအမ်ဘက်ပီဟာ လိုင်လီနဲ့အဲဒီပွဲကို

လွဲချော်သွားခဲ့ပြီး မက်ဆီကလည်း ဒဏ်ရာပြသနာရှိနေလို့ အဲဒီပွဲပါနိုင်ဖို့

မသေချာကာ ပြီးခဲ့တဲ့နွေရာသီမှာခေါ်ယူထားတဲ့ နောက်ခံလူရာမို့စ်ကတော့

အပြည့်အဝေလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ နီးစပ်နေပါတယ်။

လက်ရှိအမှတ်ပေးဇယားဦးဆောင်သူပီအက်စ်ဂျီအနေနဲ့ လက်ရှိချန်ပီယံအသင်းနဲ့

ကစားရတာဖြစ်ပေမယ့်လည်း သူတို့ကြားမှာ ၁၃ မှတ်ကြီးများတောင် ကွာခြားနေပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ မာဆေးနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲကနေ

ပြန်လည်ရုန်းထနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်

အမ်ဘက်ပီမပါနိုင်တာက ပြင်ဆင်မှုတွေကို ထိခိုက်စေပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲမှာ

၆ ဂိုးသွင်းယူပေးထားပြီး ဖျားနာမှုကြောင့် နားနေရကာ လာမယ့်အပတ်တိုင်အောင်

အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ပါဘူး။

မက်ဆီကလည်း ဒဏ်ရာရသွားတဲ့အတွက် ပြီးခဲ့တဲ့ကြာသပတေးနေ့က

လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိလို့ ဒီပွဲကို လွဲချော်နိုင်ပါတယ်။

အဲဒီလိုပဲ လိုင်လီနဲ့ပွဲကိုလွဲချော်မယ့် နောက်ထပ်ကစားသမားက

ကွင်းလယ်လူဗာရက်တီဖြစ်ကာ မာဆေးနဲ့သရေပွဲမှာ ပြင်းထန်တဲ့

ဒဏ်ရာပြသနာရသွားခဲ့လို့ အနည်းဆုံးနိုဝင်ဘာလကုန်ထိအောင်

ကစားနိုင်မှာမဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

ပေါင်ဒဏ်ရာကြောင့် လပေါင်းများစွာနားနေရတဲ့ ရီးရဲလ်အသင်းခေါင်းဆောင်

ဟောင်းရာမို့စ်ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာဖြစ်လို့

ဒဏ်ရာပြသနာတွေများနေတဲ့ပီအက်စ်ဂျီအတွက် သတင်းကောင်းတစ်ခုပါ။

ပီအက်စ်ဂျီဟာ နောက်ဆုံးလီဂူး ၃ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပေမယ့်

အမှတ်ပေးဇယားမှာ ၇ မှတ်ဖြတ်ဦးဆောင်နိုင်နေဆဲဖြစ်ပြီး ဒီရာသီ

ပြိုင်ပွဲအရပ်ရပ်မှာလည်း အိမ်ကွင်းပွဲတိုင်း ရာနှုန်းပြည့်နိုင်ထားပါတယ်။

zawgyi


























