လိုချင်တဲ့ ကျောနံပါတ်လည်းရ သူငယ်ချင်းနဲ့လည်း ပြန်တွေ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီးရန်းနစ်ခ်ရှိရာ ယူနိုက်တက်အသင်းဆီကိုသာ လာဖို့က ဖြစ်နိုင်ခြေ ပိုများ

ဟာလန်း ယူနိုက်တက်ရောက်ရင် ရွေးချယ်နိုင်မယ့် ဂျာစီကျောနံပါတ်

ယူနိုက်တက်ရဲ့ယာယီနည်းပြဖြစ်တဲ့ ရက်ဖ်ရန်းနစ်ခ်ဟာ

ဒေါ့မွန်နဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဟာလန်းဟာ ဥရောပရဲ့ထွန်းတောက်မှုအရှိဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး

လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာတော့ နော်ဝေလက်ရွေးစင်ကို အဓိက စိတ်ဝင်စားနေတဲ့အသင်းတွေက

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊

ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ဖြစ်ပါတယ်။

ဒါပေမယ့် ရန်းနစ်ခ်ကြောင့် ဟာလန်းကိုခေါ်ယူရာမှာ ယူနိုက်တက်တို့

လက်ဦးမှုရရှိနိုင်တယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ်

ဂျာမန်လူမျိုးဟာ ၂၀၁၈ က ဟာလန်းကို မိုလ်ဒီအသင်းကနေ

ဆဲလ်ဘာ့ဂ်အသင်းအတွက် ခေါ်ယူပေးခဲ့တာပါ။

ဒါကြောင့် ဟာလန်းနဲ့ ရန်းနစ်ခ်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိထားကြပြီး

ယူနိုက်တက်တို့အနေနဲ့ ၂၀၂၂-၂၃ ရာသီမစခင် အဆိုပါတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

တကယ်လို့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်သာ ဆီဗီလာ ဒါမှမဟုတ်

သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ

ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဟာလန်းအနေနဲ့ ယူနိုက်တက်အသင်းဆီ

ပြောင်းရွှေ့လာတဲ့အခါ သူနှစ်သက်တဲ့ ကျောနံပါတ် (၉)ကို

ဝတ်ဆင်ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ သူရဲ့လက်ရှိကလပ် ဒေါ့မွန်အသင်းမှာလည်း

အထောင်တိုက်စစ်မှူးတစ်ဦး ဝတ်ဆင်ရလေ့ရှိတဲ့ ကျောနံပါတ်(၉)ကို

ဝတ်ဆင်နေရတာဖြစ်ပြီး တကယ်လို့ အသင်းအပြောင်းအလဲ

ပြုလုပ်ရမယ်ဆိုရင်လည်း သူနှစ်သက်တဲ့ ကျောနံပါတ်(၉)ကိုသာ

ဆက်လက်ဝတ်ဆင်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဟာလန်းကို

အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ မန်စီးတီး(ဂျေဇူး) ၊

ဘိုင်ယန်မြူးနစ်(လီဝန်ဒေါစကီး) ၊ရီးရဲလ်မက်ဒရစ်(ဘန်ဇီမာ)တို့မှာ

ကျောနံပါတ်(၉)တွေကို အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေဆီ

ပေးအပ်ထားတာဖြစ်လို့ ဟာလန်းအနေနဲ့ ကျောနံပါတ်(၉)လည်း

ရရှိနိုင်မယ့်အပြင် သူနဲ့ပါ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီးရန်းနစ်ခ်ရှိရာ

ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာဖို့က ဖြစ်နိုင်ခြေ ပိုများနေပါတယ်။

zawgyi

လိုခ်င္တဲ့ ေက်ာနံပါတ္လည္းရ သူငယ္ခ်င္းနဲ႔လည္း ျပန္ေတြ႕ လက္တြဲခဲ့ဖူးတဲ့ နည္းျပႀကီးရန္းနစ္ခ္ရွိရာ ယူႏိုက္တက္အသင္းဆီကိုသာ လာဖို႔က ျဖစ္ႏိုင္ေျခ ပိုမ်ား

ဟာလန္း ယူႏိုက္တက္ေရာက္ရင္ ေ႐ြးခ်ယ္ႏိုင္မယ့္ ဂ်ာစီေက်ာနံပါတ္

ယူႏိုက္တက္ရဲ႕ယာယီနည္းျပျဖစ္တဲ့ ရက္ဖ္ရန္းနစ္ခ္ဟာ

ေဒါ့မြန္နဲ႔ ေနာ္ေဝတိုက္စစ္မႉး ဟာလန္းကိုေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ဟာလန္းဟာ ဥေရာပရဲ႕ထြန္းေတာက္မႈအရွိဆုံးနဲ႔ ဆြဲေဆာင္မႈအရွိဆုံး

လူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

လက္ရွိမွာေတာ့ ေနာ္ေဝလက္ေ႐ြးစင္ကို အဓိက စိတ္ဝင္စားေနတဲ့အသင္းေတြက

မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊

ပီအက္စ္ဂ်ီနဲ႔ ယူႏိုက္တက္တို႔ျဖစ္ပါတယ္။

ဒါေပမယ့္ ရန္းနစ္ခ္ေၾကာင့္ ဟာလန္းကိုေခၚယူရာမွာ ယူႏိုက္တက္တို႔

လက္ဦးမႈရရွိႏိုင္တယ္လို႔ သိရပါတယ္။ အသက္ ၆၃ ႏွစ္အ႐ြယ္

ဂ်ာမန္လူမ်ိဳးဟာ ၂၀၁၈ က ဟာလန္းကို မိုလ္ဒီအသင္းကေန

ဆဲလ္ဘာ့ဂ္အသင္းအတြက္ ေခၚယူေပးခဲ့တာပါ။

ဒါေၾကာင့္ ဟာလန္းနဲ႔ ရန္းနစ္ခ္တို႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိထားၾကၿပီး

ယူႏိုက္တက္တို႔အေနနဲ႔ ၂၀၂၂-၂၃ ရာသီမစခင္ အဆိုပါတိုက္စစ္မႉးကို ေခၚယူႏိုင္ဖြယ္ ရွိပါတယ္။

တကယ္လို႔ ျပင္သစ္တိုက္စစ္ကစားသမား မာစီယဲလ္သာ ဆီဗီလာ ဒါမွမဟုတ္

သူ႔ကို ေခၚယူခ်င္ေနတဲ့ ကလပ္အသင္း တစ္သင္းသင္းဆီကိုသာ

ေျပာင္းေ႐ႊ႕သြားခဲ့မယ္ဆိုရင္ ဟာလန္းအေနနဲ႔ ယူႏိုက္တက္အသင္းဆီ

ေျပာင္းေ႐ႊ႕လာတဲ့အခါ သူႏွစ္သက္တဲ့ ေက်ာနံပါတ္ (၉)ကို ဝတ္ဆင္ကစားခြင့္

ရရွိမွာလည္း ျဖစ္ပါတယ္။ ဟာလန္းဟာ သူရဲ႕လက္ရွိကလပ္ ေဒါ့မြန္အသင္းမွာလည္း

အေထာင္တိုက္စစ္မႉးတစ္ဦး ဝတ္ဆင္ရေလ့ရွိတဲ့ ေက်ာနံပါတ္(၉)ကို

ဝတ္ဆင္ေနရတာျဖစ္ၿပီး တကယ္လို႔ အသင္းအေျပာင္းအလဲ

ျပဳလုပ္ရမယ္ဆိုရင္လည္း သူႏွစ္သက္တဲ့ ေက်ာနံပါတ္(၉)ကိုသာ

ဆက္လက္ဝတ္ဆင္သြားခ်င္ေနတာ ျဖစ္ပါတယ္။ လက္ရွိ ဟာလန္းကို

အလိုရွိေနတဲ့ ကလပ္အသင္းေတြထဲမွာ မန္စီးတီး(ေဂ်ဇူး) ၊

ဘိုင္ယန္ျမဴးနစ္(လီဝန္ေဒါစကီး) ၊ရီးရဲလ္မက္ဒရစ္(ဘန္ဇီမာ)တို႔မွာ

ေက်ာနံပါတ္(၉)ေတြကို အသင္းအတြက္ အေရးပါတဲ့ ကစားသမားေတြဆီ

ေပးအပ္ထားတာျဖစ္လို႔ ဟာလန္းအေနနဲ႔ ေက်ာနံပါတ္(၉)လည္း

ရရွိႏိုင္မယ့္အျပင္ သူနဲ႔ပါ လက္တြဲခဲ့ဖူးတဲ့ နည္းျပႀကီးရန္းနစ္ခ္ရွိရာ

ယူႏိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕လာဖို႔က ျဖစ္ႏိုင္ေျခ ပိုမ်ားေနပါတယ္။