
ရော်နယ်ဒိုဟာ အယ်လ်နက်ဆာနဲ့ပွဲဦးထွက်မှာ အသင်းခေါင်းဆောင်





တာဝန်ယူခဲ့တာကြောင့် ယခင်ကပ္ပတိန်ဟောင်းဖြစ်တဲ့
အက်ဘ်ဒူလာမာဒူဟာ လက်ပတ်ဝတ်ဆင်ခွင့်ဆုံးရှုံးသွားခဲ့ရ





ပါတယ်။ ဒါပေမဲ့ မာဒူဘက်ကတော့ ဒီကိစ္စအပေါ်
စိတ်ပျက်တာမျိုးမရှိခဲ့ဘူးလို့ The Sun သတင်းစာက
ဖော်ပြလိုက်တာဖြစ်တယ်။ အယ်လ်နက်ဆာက Ettifaq ကို





၁-၀ နဲ့အနိုင်ရတဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကဆော်ဒီကလပ်အတွက်
ပထမဆုံးပါဝင်ကစားပေးခဲ့ပြီး အသင်းခေါင်းဆောင်တာဝန်ကိုပါ





လွှဲပြောင်းယူသွားခဲ့တာပါ။ အယ်လ်နက်ဆာရဲ့ ပွဲထွက်
လူစာရင်းမှာ မာဒူပါဝင်ခဲ့ပေမဲ့ ပေါ်တူဂီစူပါစတားက
လက်ပတ်ဝင်ဆင်ကစားသွားခဲ့တာဖြစ်တယ်။





နိုင်ပွဲရယူပြီး ဇယားထိပ်ဆုံးရပ်တည်ခဲ့တဲ့နောက် ရော်နယ်ဒိုက
အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ကြောင်း





အင်စတာဂရမ်ကနေအသိပေးလာခဲ့ပါတယ်။ “ပွဲဦးထွက်နဲ့
ပထမဆုံးအနိုင်၊ ကိုယ့်လူတွေ အရမ်းကောင်းခဲ့တယ်။
မယုံကြည်နိုင်လောက်စရာအားပေးမှုအတွက် ပရိသတ်ကို





ကျေးဇူးတင်ပါတယ်” လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာဖြစ်တယ်။
ဒီပို့စ်အောက်မှာတော့ မာဒူက အယ်လ်နက်ဆာရဲ့အရောင်ဖြစ်တဲ့





အဝါနဲ့အပြာရောင် နှလုံးသားအီမိုဂျီလေးနှစ်ခုနဲ့ တုံ့ပြန်ခဲ့ပါတယ်။
သူ့ဘက်က ရော်နယ်ဒိုနဲ့ပက်သတ်လို့ ဘာစိတ်ခံစားချက်မျိုးမှ
မရှိဘူးဆိုတာကို အသိပေးလိုက်တာဖြစ်တယ်။





မာဒူဟာ ၂၀၁၂ ကတည်းက အယ်လ်နက်ဆာအသင်းမှာ
ကစားခဲ့သူဖြစ်ပြီး ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ၃ကြိမ်





ဆွတ်ခူးခဲ့ရာမှာ အဓိကနေရာကပါဝင်ပေးခဲ့သူပါ။
ဒါပေမဲ့ သူ့ဘက်က အသင်းနဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက်
လက်ပတ်လွှဲပေးလိုက်ရတဲ့အပေါ် ပျော်ရွှင်ခဲ့ပုံရပါတယ်။





zawgyi
လိုက္ေလ်ာညီေထြျဖစ္ဖို႔အတြက္ ေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္လက္ပတ္လႊဲေပးခဲ့ရတဲ့အေပၚ အက္ဘ္ဒူလာမာဒူ ေပ်ာ္႐ႊင္ေန





ေရာ္နယ္ဒိုဟာ အယ္လ္နက္ဆာနဲ႔ပြဲဦးထြက္မွာ အသင္းေခါင္းေဆာင္
တာဝန္ယူခဲ့တာေၾကာင့္ ယခင္ကပၸတိန္ေဟာင္းျဖစ္တဲ့
အက္ဘ္ဒူလာမာဒူဟာ လက္ပတ္ဝတ္ဆင္ခြင့္ဆုံးရႈံးသြားခဲ့ရ





ပါတယ္။ ဒါေပမဲ့ မာဒူဘက္ကေတာ့ ဒီကိစၥအေပၚ
စိတ္ပ်က္တာမ်ိဳးမရွိခဲ့ဘူးလို႔ The Sun သတင္းစာက





ေဖာ္ျပလိုက္တာျဖစ္တယ္။ အယ္လ္နက္ဆာက Ettifaq ကို
၁-၀ နဲ႔အႏိုင္ရတဲ့ပြဲစဥ္မွာ ေရာ္နယ္ဒိုကေဆာ္ဒီကလပ္အတြက္
ပထမဆုံးပါဝင္ကစားေပးခဲ့ၿပီး အသင္းေခါင္းေဆာင္တာဝန္ကိုပါ





လႊဲေျပာင္းယူသြားခဲ့တာပါ။ အယ္လ္နက္ဆာရဲ႕ ပြဲထြက္
လူစာရင္းမွာ မာဒူပါဝင္ခဲ့ေပမဲ့ ေပၚတူဂီစူပါစတားက





လက္ပတ္ဝင္ဆင္ကစားသြားခဲ့တာျဖစ္တယ္။
ႏိုင္ပြဲရယူၿပီး ဇယားထိပ္ဆုံးရပ္တည္ခဲ့တဲ့ေနာက္ ေရာ္နယ္ဒိုက
အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကိုေက်းဇူးတင္ေၾကာင္း





အင္စတာဂရမ္ကေနအသိေပးလာခဲ့ပါတယ္။ “ပြဲဦးထြက္နဲ႔
ပထမဆုံးအႏိုင္၊ ကိုယ့္လူေတြ အရမ္းေကာင္းခဲ့တယ္။





မယုံၾကည္ႏိုင္ေလာက္စရာအားေပးမႈအတြက္ ပရိသတ္ကို
ေက်းဇူးတင္ပါတယ္” လို႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တာျဖစ္တယ္။
ဒီပို႔စ္ေအာက္မွာေတာ့ မာဒူက အယ္လ္နက္ဆာရဲ႕အေရာင္ျဖစ္တဲ့





အဝါနဲ႔အျပာေရာင္ ႏွလုံးသားအီမိုဂ်ီေလးႏွစ္ခုနဲ႔ တုံ႔ျပန္ခဲ့ပါတယ္။
သူ႔ဘက္က ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔ ဘာစိတ္ခံစားခ်က္မ်ိဳးမွ





မရွိဘူးဆိုတာကို အသိေပးလိုက္တာျဖစ္တယ္။
မာဒူဟာ ၂၀၁၂ ကတည္းက အယ္လ္နက္ဆာအသင္းမွာ
ကစားခဲ့သူျဖစ္ၿပီး ေဆာ္ဒီပ႐ိုလိဂ္ခ်န္ပီယံဆု ၃ႀကိမ္





ဆြတ္ခူးခဲ့ရာမွာ အဓိကေနရာကပါဝင္ေပးခဲ့သူပါ။
ဒါေပမဲ့ သူ႔ဘက္က အသင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ဖို႔အတြက္





လက္ပတ္လႊဲေပးလိုက္ရတဲ့အေပၚ ေပ်ာ္႐ႊင္ခဲ့ပုံရပါတယ္။