လိဒ်အသင်းရဲ့ ဂိုက်ပေးကြမ်းတဲ့ အောင်ပွဲခံပုံကို အဘွန်လဟော် စိတ်တိုင်းမကျ

ဘုန်းမောက်ကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းပြီးတဲ့နောက် လွန်လွန်ကျူးကျူး ပုံစံနဲ့ အောင်ပွဲခံတဲ့တဲ့ လိဒ်အသင်းကို ဘောလုံးရေးရာ သုံးသပ်သူတစ်ယောက်ဖြစ်တဲ့

အဘွန်လဟော်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ စနေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်အသင်းဟာ ပြိုင်ဘက်ရဲ့ ၁-၀ ဂိုးနဲ့ ဦးဆောင်ခံခဲ့ရပြီးတဲ့နောက်

နောက်ကနေ လိုက်ကစား ခဲ့ရတာပါ။ ပွဲချိန် ၄၈ မိနစ်မှာ ဘုန်းမောက်က ဆိုလန်ကီရဲ့ လှပ သေသပ်တဲ့ ခြေဖနောင့် ကန်ချက်သွင်းဂိုးနဲ့ ဘုန်းမောက်က ၃-၁ ဆိုတဲ့ ဂိုးနဲ့

ထပ်ပြီး ဦးဆောင်လိုက်ချိန် မှာတော့ လိဒ်ရဲ့ အခြေအနေဟာ ပြန်မလာနိုင်လောက်တော့ဘူးလို့တောင် ထင်ခဲ့ရတာပါ။ ဒါပေမဲ့ လိဒ်ဟာ ချေ ပဂိုး ၂ ဂိုးကို ၈ မိနစ်အတွင်းမှာ

သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၈၄ မိနစ် မှာတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လီဗာ ပူးနဲ့ ပွဲစဉ်မှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဆမ်မာဗီလီက

အနိုင်ဂိုးကို သွင်းယူပေးခဲ့ တာပါ။ အဲဒီနောက် လိဒ်အသင်းရဲ့ အောင်ပွဲခံမှုကို ဒိန်းမတ်တိုက်စစ်မှူးက ဦးဆောင် အောင်ပွဲခံသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို

အောင်ပွဲခံတဲ့နေရာမှာတော့ လိဒ်အသင်းသားတွေဟာ မြူးထူးပျော်ပါးနေတဲ့ ပရိသတ်တွေရှိရာကို မနားမနေ ပြေးလွှားသွားခဲ့ကြပြီး အရန်ခုံတန်းမှာရှိနေတဲ့

နည်းပြအဖွဲ့ဝင်တွေ နဲ့ အရန်လူတွေကလည်း ပေါက်ကွဲတဲ့ ပုံစံမျိုးနဲ့ကို အောင်ပွဲခံခဲ့ကြတာပါ။ ဒါ ကြောင့် လိဒ်ဟာ ဘုန်းမောက်အပေါ် အနိုင်ရတာကို ချန်ပီယံလိဂ်ဖလားရ

သလိုမျိုး အောင်ပွဲခံနေတယ်လို့ အဘွန်လဟော်က ဝေဖန်လိုက်တာဖြစ်ပါတယ်။ ‘’ကျွန်တော် စိတ်ပျက်တဲ့ တစ်ခုတည်းသော အကြောင်းအရာက လိဒ်အသင်းရဲ့ အောင်ပွဲခံပုံပါ။

သူတို့က ဒီနေ့ပွဲမှာ ၄-၃ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ သူတို့က ချန်ပီယံလိဂ်ဖလားရသလိုမျိုး အောင်ပွဲခံနေတယ်။ ခံစစ်ကို ကောင်းကောင်းမွန်မွန်လေး ကစားမယ်ဆိုရင်

ဘုန်းမောက် လိုအသင်းမျိုးကို ဘယ်လိုလုပ်ပြီး ၃ ဂိုး ပေးရမှာလဲ။

အနိုင်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ မန်စီးတီးလိုအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရသလို

အောင်ပွဲခံပြနေတယ်’’ လို့ အဘွန်လဟော်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ဂိုက္ေပးၾကမ္းတဲ့ လိဒ္အသင္းရဲ႕ ေအာင္ပြဲခံပုံကို အဘြန္လေဟာ္ စိတ္တိုင္းမက်

ဘုန္းေမာက္ကို ၄-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ဂိုး သြင္းၿပီးတဲ့ေနာက္ လြန္လြန္က်ဴးက်ဴး ပုံစံနဲ႔ ေအာင္ပြဲခံတဲ့တဲ့ လိဒ္အသင္းကို ေဘာလုံးေရးရာ

သုံးသပ္သူတစ္ေယာက္ျဖစ္တဲ့ အဘြန္လေဟာ္က ျပင္းျပင္းထန္ထန္ ေဝဖန္ လိုက္ပါတယ္။ စေနညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အိမ္ရွင္အသင္းဟာ ၿပိဳင္ဘက္ရဲ႕ ၁-၀ ဂိုးနဲ႔

ဦးေဆာင္ခံခဲ့ရၿပီးတဲ့ေနာက္ ေနာက္ကေန လိုက္ကစား ခဲ့ရတာပါ။ ပြဲခ်ိန္ ၄၈ မိနစ္မွာ ဘုန္းေမာက္က ဆိုလန္ကီရဲ႕ လွပ ေသသပ္တဲ့ ေျခဖေနာင့္ ကန္ခ်က္သြင္းဂိုးနဲ႔

ဘုန္းေမာက္က ၃-၁ ဆိုတဲ့ ဂိုးနဲ႔ ထပ္ၿပီး ဦးေဆာင္လိုက္ခ်ိန္ မွာေတာ့ လိဒ္ရဲ႕ အေျခအေနဟာ ျပန္မလာႏိုင္ေလာက္ေတာ့ဘူးလို႔ေတာင္ ထင္ခဲ့ရတာပါ။

ဒါေပမဲ့ လိဒ္ဟာ ေခ် ပဂိုး ၂ ဂိုးကို ၈ မိနစ္အတြင္းမွာ သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ ၈၄ မိနစ္ မွာေတာ့ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက

လီဗာပူးနဲ႔ ပြဲစဥ္မွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဆမ္မာဗီလီက အႏိုင္ဂိုးကို သြင္းယူေပးခဲ့ တာပါ။ အဲဒီေနာက္ လိဒ္အသင္းရဲ႕ ေအာင္ပြဲခံမႈကို ဒိန္းမတ္တိုက္စစ္မႉးက

ဦးေဆာင္ ေအာင္ပြဲခံသြားခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီလို ေအာင္ပြဲခံတဲ့ေနရာမွာ ေတာ့ လိဒ္အသင္းသားေတြဟာ ျမဴးထူးေပ်ာ္ပါးေနတဲ့ ပရိသတ္ေတြရွိရာကို

မနားမေန ေျပးလႊားသြားခဲ့ၾကၿပီး အရန္ခုံတန္းမွာရွိေနတဲ့ နည္းျပအဖြဲ႕ဝင္ေတြ နဲ႔ အရန္လူေတြကလည္း ေပါက္ကြဲတဲ့ ပုံစံမ်ိဳးနဲ႔ကို ေအာင္ပြဲခံခဲ့ၾကတာပါ။

ဒါ ေၾကာင့္ လိဒ္ဟာ ဘုန္းေမာက္အေပၚ အႏိုင္ရတာကို ခ်န္ပီယံလိဂ္ဖလားရ သလိုမ်ိဳး ေအာင္ပြဲခံေနတယ္လို႔ အဘြန္လေဟာ္က ေဝဖန္လိုက္တာျဖစ္ပါတယ္။ ‘’ကြၽန္ေတာ္

စိတ္ပ်က္တဲ့ တစ္ခုတည္းေသာ အေၾကာင္းအရာက လိဒ္အသင္းရဲ႕ ေအာင္ပြဲခံပုံပါ။ သူတို႔က ဒီေန႔ပြဲမွာ ၄-၃ ဂိုး ရလဒ္နဲ႔ အႏိုင္ရခဲ့တယ္။ သူတို႔က

ခ်န္ပီယံလိဂ္ဖလားရသလိုမ်ိဳး ေအာင္ပြဲခံ ေနတယ္။ ခံစစ္ကို ေကာင္းေကာင္းမြန္မြန္ေလး ကစားမယ္ဆိုရင္ ဘုန္းေမာက္ လိုအသင္းမ်ိဳးကို ဘယ္လိုလုပ္ၿပီး ၃ ဂိုး ေပးရမွာလဲ။

အႏိုင္ဆိုတာ ေကာင္းပါ တယ္။ ဒါေပမဲ့ မန္စီးတီးလိုအသင္းကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဖလားရသ လို ေအာင္ပြဲခံျပေနတယ္’’ လို႔ အဘြန္လေဟာ္က ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။