
ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ဖိအားရှိနေတဲ့လိဒ်အသင်းဟာ
သူတို့ရဲ့နည်းပြသစ်အနေနဲ့ အမေရိကန်သား
နည်းပြဂျက်ဆီမက်ချ်ကို ခန့်အပ်လိုက်ပါတယ်။
လစ်ပ်ဇစ်နည်းပြဟောင်းလည်းဖြစ်တဲ့ ဂျက်ဆီမက်ချ်ဟာ
ပြီးခဲ့တဲ့တနင်္ဂနွေက ထုတ်ပယ်လိုက်တဲ့ ဘီရယ်ဆာရဲ့နေရာမှာ အစားဝင်လာခဲ့တာပါ။
သူဟာ အဲဒီပရီးမီးယားလိဂ်ကလပ်နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး
ဂျက်ဆီမက်ချ်ရဲ့လိဒ်ပွဲဦးထွက်မှာ လာမယ့်စနေ
လက်စတာနဲ့ကစားမယ့်အဝေးကွင်းပွဲစဉ်ဖြစ်ပါတယ်။
၄၈ နှစ်အရွယ် ဂျက်ဆီမက်ချ်ဟာ ပရီးမီးယားလိဂ်မှာ
ကိုင်တွယ်ခွင့်ရတဲ့ တတိယမြောက်အမေရိကန်သားနည်းပြလည်း ဖြစ်လာခဲ့တာပါ။
ဂျက်ဆီမက်ချ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ ဘွန်ဒက်စ်လီဂါကလပ်လစ်ပ်ဇစ်နဲ့
နှစ်ဦးသဘောတူလမ်းခွဲခဲ့သူဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ဘိုင်ယန်ကို ပြောင်းသွားတဲ့
နာဂယ်စမန်းနေရာ အစားဝင်ခဲ့တာပါ။
ဒါပေမဲ့ လစ်ပ်ဇစ်ဟာ တာထွက်မကောင်းခဲ့ဘဲ အဲဒီမှာ ၅ လသာကြာခဲ့ကာ
သူထုတ်ပယ်ခံရချိန် အသင်းက ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ
အဆင့် ၁၁ နေရာရောက်နေတာပါ။
အဲဒီမတိုင်ခင်ကတော့ ဂျက်ဆီမက်ချ်ဟာ သြစတြီးယားကလပ်ဆဲလ်ဘတ်ဟာ
အောင်မြင်ခဲ့သူဖြစ်ပြီး အဲဒီမှာ ပြည်တွင်းအမှတ်ပေးချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ဂိုး ၂၀ ပေးခဲ့ရတဲ့လိဒ်ဟာ
တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၂ မှတ်သာကွာနေတာပါ။
ဒါကြောင့် ဂျက်ဆီမက်ချ်အနေနဲ့ လိဒ်ရဲ့လက်ရှိအခြေအနေကို
အမြန်ဆုံးပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။
zawgyi
လိဒ္အသင္းနည္းျပဘီရယ္ဆာရဲ႕ေနရာမွာ အစားဝင္လာတဲ့ လစ္ပ္ဇစ္နည္းျပေဟာင္းဂ်က္ဆီမက္ခ်္
ပရီးမီးယားလိဂ္မွာ တန္းဆင္းဇုန္ဖိအားရွိေနတဲ့လိဒ္အသင္းဟာ
သူတို႔ရဲ႕နည္းျပသစ္အေနနဲ႔ အေမရိကန္သား
နည္းျပဂ်က္ဆီမက္ခ်္ကို ခန႔္အပ္လိုက္ပါတယ္။
လစ္ပ္ဇစ္နည္းျပေဟာင္းလည္းျဖစ္တဲ့ ဂ်က္ဆီမက္ခ်္ဟာ
ၿပီးခဲ့တဲ့တနဂၤေႏြက ထုတ္ပယ္လိုက္တဲ့ ဘီရယ္ဆာရဲ႕ေနရာမွာ အစားဝင္လာခဲ့တာပါ။
သူဟာ အဲဒီပရီးမီးယားလိဂ္ကလပ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး
ဂ်က္ဆီမက္ခ်္ရဲ႕လိဒ္ပြဲဦးထြက္မွာ လာမယ့္စေန
လက္စတာနဲ႔ကစားမယ့္အေဝးကြင္းပြဲစဥ္ျဖစ္ပါတယ္။
၄၈ ႏွစ္အ႐ြယ္ ဂ်က္ဆီမက္ခ်္ဟာ ပရီးမီးယားလိဂ္မွာ
ကိုင္တြယ္ခြင့္ရတဲ့ တတိယေျမာက္အေမရိကန္သားနည္းျပလည္း ျဖစ္လာခဲ့တာပါ။
ဂ်က္ဆီမက္ခ်္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလကမွ ဘြန္ဒက္စ္လီဂါကလပ္လစ္ပ္ဇစ္နဲ႔
ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့သူျဖစ္ပါတယ္။
သူဟာ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္မွာ ဘိုင္ယန္ကို ေျပာင္းသြားတဲ့
နာဂယ္စမန္းေနရာ အစားဝင္ခဲ့တာပါ။
ဒါေပမဲ့ လစ္ပ္ဇစ္ဟာ တာထြက္မေကာင္းခဲ့ဘဲ အဲဒီမွာ ၅ လသာၾကာခဲ့ကာ
သူထုတ္ပယ္ခံရခ်ိန္ အသင္းက ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားမွာ
အဆင့္ ၁၁ ေနရာေရာက္ေနတာပါ။
အဲဒီမတိုင္ခင္ကေတာ့ ဂ်က္ဆီမက္ခ်္ဟာ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္ဟာ
ေအာင္ျမင္ခဲ့သူျဖစ္ၿပီး အဲဒီမွာ ျပည္တြင္းအမွတ္ေပးခ်န္ပီယံ ၂ ႀကိမ္ျဖစ္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ေနာက္ဆုံး ၅ ပြဲမွာ ဂိုး ၂၀ ေပးခဲ့ရတဲ့လိဒ္ဟာ
တန္းဆင္းဇုန္ထဲက အသင္းနဲ႔ ၂ မွတ္သာကြာေနတာပါ။
ဒါေၾကာင့္ ဂ်က္ဆီမက္ခ်္အေနနဲ႔ လိဒ္ရဲ႕လက္ရွိအေျခအေနကို
အျမန္ဆုံးေျပာင္းလဲေပးႏိုင္ဖို႔ လိုပါတယ္။