လိဒ်အသင်းကို ဂိုးပြတ်ရှုံးခဲ့ရတာဟာ လေယာဉ်မစီးခဲ့ရတာကြောင့်လို့ တူချယ် အကြောင်းပြ

လိဒ်အသင်းကို ၃-၀ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းဟာ ချဲလ်ဆီးအနေနဲ့ လေယာဉ်ပျံမစီးခဲ့ရတာကြောင့်ဖြစ်တယ်လို့ နည်းပြ တူချယ်က ယုတ္တိမရှိစွာနဲ့ ဆင်ခြေပေးခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ဂိုးသမား အက်ဒဝပ်မန်ဒီရဲ့ အမှားကြောင့် ဂိုးပေးလိုက်ရပြီးနောက်ပိုင်း

ချဲလ်ဆီးဟာ နာလန်မထူနိုင်တော့ဘဲ ဒုတိယပိုင်းမှာလည်း ကူလီဘာလီတစ်ယောက် အနီကတ်နဲ့ အထုတ်ခံရပြီး ပွဲအပြီးမှာတော့ သွင်းဂိုးတစ်ဂိုးမှ မရယူနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဟာ အိမ်ရှင်လိဒ်ထက် ပိုကောင်းတဲ့ အသင်းဖြစ်ပြီး

စနေနေ့မှာ နည်းပြအဖွဲ့ဝင်တွေအားလုံး စီးနင်းလိုက်ပါမယ့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံလိုက်ရတာကြောင့် အခုလိုမျိုး ရှုံးပွဲကြုံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ ‘’အရာအားလုံး တလွဲဖြစ်နေနိုင်ပါတယ်။ တလွဲလည်း ဖြစ်ခဲ့နိုင်ပါတယ်။ မနေ့ကတည်းက စခဲ့တာပါ။

ဒီကိုရောက်ဖို့ ကျွန်တော်တို့မှာ လေယာဉ်မရှိခဲ့ဘူး။ ဒါကြောင့် ဒီကို ဘတ်စ်ကားနဲ့ လာခဲ့ရတယ်။ ကစားသမားတွေတော့ လေယာဉ်စီးခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးကတော့ ဘတ်စ်ကားနဲ့သာ လာခဲ့ရတာပါ။ ဒီနေ့မှာလည်း ဆက်ဖြစ်ပါသေးတယ်။

ကျွန်တော်တို့က ပိုကောင်း တဲ့အသင်းဆိုတာ ထင်ရှားပြီး အခွင့်အရေးကောင်းတွေ ရှိခဲ့တဲ့ ပထမဆုံး ပွဲချိန် မိနစ် ၂၀ အတွင်းမှာပဲ ကျွန်တော်တို့က ရှုံးခဲ့ရတာပါ။ ကျွန်တော်တို့ ဂိုးပေါက်လွဲခဲ့ပြီး ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့အရာကို မယူနိုင်ခဲ့ပါဘူး။ ၂-၀ ဖြစ်သွားဖို့လောက်အထိ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ပြီး သူတို့ကို လက်ဆောင် နှစ်ကြိမ် ပေးခဲ့တာပါ။ ကျွန်တော်တို့ စည်းကမ်းပိုင်း ပျောက်ဆုံးနေခဲ့တယ်။ မန်ဒီရဲ့ အမှားကနေ ကိုယ့်ဂိုး ကိုယ်သွင်းခဲ့သလိုဖြစ်ခဲ့ပြီး ဈေးပေါတဲ့ တည်ကန် ဘောတစ်ခုကနေတစ်ဆင့် အလှူပေးခဲ့တာပါ။

အဲဒါတွေဟာ အမှားတွေပေါ့။ ဖိအားပေးကစားနေလို့ ဘာမှ မဖြစ်ပါဘူး။ ကီလိုမီတာ အနည်းငယ်လောက် ပြေးလွှားနေရုံနဲ့လည်း ဘာမှ မဖြစ်ပါဘူး။ လိဒ်အသင်း ကစားပုံ ကြောင့်လည်း ဘာမှ မဖြစ်ပါဘူး။ လိဒ်အသင်းရဲ့ ကစားပုံကြောင့် ကျွန်တော် တို့ရှုံးရတယ်ဆိုတဲ့

ဆက်သွယ်ချက်မျိုး ကျွန်တော်မမြင်မိပါဘူး။ ဒါက ခင်ဗျား အတွက်တော့ သတင်းတစ်ပုဒ် ဖြစ်နိုင်တယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ တခြားသူတွေဖန်တီးတယ်ဆိုတာထက် ကျွန်တော်တို့ အမှားတွေက ပိုပါတယ်’’လို့ တူချယ်က ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

လိဒ္အသင္းကို ၃-၀ ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ရတဲ့ အေၾကာင္းအရင္းဟာ ခ်ဲလ္ဆီးအေနနဲ႔ ေလယာဥ္ပ်ံမစီးခဲ့ရတာေၾကာင့္ျဖစ္တယ္လို႔ နည္းျပ တူခ်ယ္က ယုတၱိမရွိစြာနဲ႔ ဆင္ေျခေပးခဲ့ပါတယ္။ ပြဲခ်ိန္ ၃၃ မိနစ္မွာ ဂိုးသမား အက္ဒဝပ္မန္ဒီရဲ႕ အမွားေၾကာင့္

ဂိုးေပးလိုက္ရၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးဟာ နာလန္မထူႏိုင္ေတာ့ဘဲ ဒုတိယပိုင္းမွာလည္း ကူလီဘာလီတစ္ေယာက္ အနီကတ္နဲ႔ အထုတ္ခံရၿပီး ပြဲအၿပီးမွာေတာ့ သြင္းဂိုးတစ္ဂိုးမွ မရယူႏိုင္ခဲ့ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးဟာ အိမ္ရွင္လိဒ္ထက္ ပိုေကာင္းတဲ့

အသင္းျဖစ္ၿပီး စေနေန႔မွာ နည္းျပအဖြဲ႕ဝင္ေတြအားလုံး စီးနင္းလိုက္ပါမယ့္ ေလယာဥ္ခရီးစဥ္ ဖ်က္သိမ္းခံလိုက္ရတာေၾကာင့္ အခုလိုမ်ိဳး ရႈံးပြဲႀကဳံခဲ့ရတာျဖစ္တယ္လို႔ ေျပာပါတယ္။ ‘’အရာအားလုံး တလြဲျဖစ္ေနႏိုင္ပါတယ္။ တလြဲလည္း ျဖစ္ခဲ့ႏိုင္ပါတယ္။

မေန႔ကတည္းက စခဲ့တာပါ။ ဒီကိုေရာက္ဖို႔ ကြၽန္ေတာ္တို႔မွာ ေလယာဥ္မရွိခဲ့ဘူး။ ဒါေၾကာင့္ ဒီကို ဘတ္စ္ကားနဲ႔ လာခဲ့ရတယ္။ ကစားသမားေတြေတာ့ ေလယာဥ္စီးခဲ့ရပါတယ္။ ဒါေပမဲ့ နည္းျပအဖြဲ႕ဝင္ေတြအားလုံးကေတာ့ ဘတ္စ္ကားနဲ႔သာ လာခဲ့ရတာပါ။

ဒီေန႔မွာလည္း ဆက္ျဖစ္ပါေသးတယ္။ ကြၽန္ေတာ္တို႔က ပိုေကာင္း တဲ့အသင္းဆိုတာ ထင္ရွားၿပီး အခြင့္အေရးေကာင္းေတြ ရွိခဲ့တဲ့ ပထမဆုံး ပြဲခ်ိန္ မိနစ္ ၂၀ အတြင္းမွာပဲ ကြၽန္ေတာ္တို႔က ရႈံးခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ဂိုးေပါက္လြဲခဲ့ၿပီး

ကြၽန္ေတာ္တို႔နဲ႔ ထိုက္တန္တဲ့အရာကို မယူႏိုင္ခဲ့ပါဘူး။ ၂-၀ ျဖစ္သြားဖို႔ေလာက္အထိ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔က ပိုေကာင္းတဲ့အသင္းျဖစ္ၿပီး သူတို႔ကို လက္ေဆာင္ ႏွစ္ႀကိမ္ ေပးခဲ့တာပါ။

ကြၽန္ေတာ္တို႔ စည္းကမ္းပိုင္း ေပ်ာက္ဆုံးေနခဲ့တယ္။ မန္ဒီရဲ႕ အမွားကေန ကိုယ့္ဂိုး ကိုယ္သြင္းခဲ့သလိုျဖစ္ခဲ့ၿပီး ေဈးေပါတဲ့ တည္ကန္ ေဘာတစ္ခုကေနတစ္ဆင့္ အလႉေပးခဲ့တာပါ။ အဲဒါေတြဟာ အမွားေတြေပါ့။ ဖိအားေပးကစားေနလို႔ ဘာမွ မျဖစ္ပါဘူး။

ကီလိုမီတာ အနည္းငယ္ေလာက္ ေျပးလႊားေန႐ုံနဲ႔လည္း ဘာမွ မျဖစ္ပါဘူး။ လိဒ္အသင္း ကစားပုံ ေၾကာင့္လည္း ဘာမွ မျဖစ္ပါဘူး။ လိဒ္အသင္းရဲ႕ ကစားပုံေၾကာင့္ ကြၽန္ေတာ္ တို႔ရႈံးရတယ္ဆိုတဲ့ ဆက္သြယ္ခ်က္မ်ိဳး ကြၽန္ေတာ္မျမင္မိပါဘူး။

ဒါက ခင္ဗ်ား အတြက္ေတာ့ သတင္းတစ္ပုဒ္ ျဖစ္ႏိုင္တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ မဟုတ္ပါဘူး။ တျခားသူေတြဖန္တီးတယ္ဆိုတာထက္ ကြၽန္ေတာ္တို႔ အမွားေတြက ပိုပါတယ္’’လို႔ တူခ်ယ္က ေျပာဆိုသြားခဲ့ပါတယ္။