လိဒ်ယူနိုက်တက်နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ဖရက်ဒ်ရဲ့ကစားပုံနဲ့ပက်သတ်လို့ တန်ဟတ် ဒေါသထွက်ခဲ့

ယူနိုက်တက်နည်းပြတန်ဟတ်ဟာ လိဒ်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ

သူ့ရဲ့စိတ်ပျက်မှုတွေကိုမဖုံးကွယ်နိုင်ခဲ့ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ လိဒ်ကို

အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ရမှတ်တူဖြစ်သွားမှာဖြစ်သလို ထိပ်ဆုံးက

အာဆင်နယ်နဲ့ ၅မှတ်အကွာရပ်တည်နိုင်မှာဖြစ်တယ်။ ဒါပေမဲ့ အနိုင်ရလဒ်နဲ့

လွဲချော်ခဲ့ပြီး သရေကျဖို့အတွက် နောက်ကလိုက်ကစားခဲ့ရတာပါ။

BBC Sport ရဲ့ဂျာနယ်လစ် ဆီမွန်စတုန်းက လိဒ်နဲ့ပွဲစဉ်မှာ ဆာဘစ်ဇာနဲ့အတူ

ကွင်းလယ်ကိုတာဝန်ယူပွဲထွက်ခဲ့တဲ့ ဖရက်ဒ်ရဲ့အားနည်းချက်အချို့ကြောင့်

တန်ဟတ်အနေနဲ့တည်ငြိမ်မှုဆုံးရှုံးတဲ့ပုံစံမျိုးခံစားခဲ့ရတယ်လို့ ထောက်ပြ

ပြောဆိုခဲ့ပါတယ်။ တွစ်တာကတစ်ဆင့် စတုန်းက “အဲရစ်တန်ဟတ်ဟာ

ဖရက်ဒ်အပေါ်မှာ ဒေါသတကြီးဖြစ်ခဲ့တယ်။ သူ့ရဲ့ပီကေကိုမြေကြီးပေါ်

ပစ်ချလိုက်ပြီး Stretford End မှာဆူညံသံတွေကိုထပ်မံတောင်းဆိုလိုက်တယ်” လို့

ရေးသားခဲ့ပါတယ်။ ပွဲအပြီးမှာ တန်ဟတ်က “တိုက်ခိုက်ဖို့အသင့်ဖြစ်ရမယ်၊

ငါတို့က တိုက်ပွဲအတွက်အဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်မဟုတ်ဘူးနော်၊

ကစားသမားတွေအဆင်သင့်မဖြစ်သေးတာ။ တိုက်စစ်ကိုအရှိန်နဲ့ပြေးတဲ့အသင်းနဲ့

ရင်ဆိုင်ရမှာ သိနေတယ်၊ ပြိုင်ဘက်ကတိုက်ပွဲဝင်လာတယ်၊ သူတို့ ဒီလို

ကြိုးစားမယ်ဆိုတာသိသလို ထင်တဲ့အတိုင်းလုပ်ခဲ့ကြတယ်။

ပထမပိုင်းမှာ ငါတို့အဆင်သင့်မဖြစ်သေးဘူး။ ဒါကို ငါတို့က အပြင်ပန်း

ထုတ်ပြပြီးဝန်ခံလိုက်တယ်။ ပထမပိုင်းမှာတင် တိုက်ပွဲဆုံးရှုံးသလိုဖြစ်ခဲ့လို့

စိတ်ပျက်မိတယ်” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

လိဒ္ယူႏိုက္တက္နဲ႔သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဖရက္ဒ္ရဲ႕ကစားပုံနဲ႔ပက္သတ္လို႔ တန္ဟတ္ ေဒါသထြက္ခဲ့

ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ လိဒ္နဲ႔ ၂ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္မွာ

သူ႔ရဲ႕စိတ္ပ်က္မႈေတြကိုမဖုံးကြယ္ႏိုင္ခဲ့ပါဘူး။ အိုးလ္ထရက္ဖို႔ဒ္မွာ လိဒ္ကို

အႏိုင္ရခဲ့မယ္ဆိုရင္ မန္စီးတီးနဲ႔ရမွတ္တူျဖစ္သြားမွာျဖစ္သလို ထိပ္ဆုံးက

အာဆင္နယ္နဲ႔ ၅မွတ္အကြာရပ္တည္ႏိုင္မွာျဖစ္တယ္။ ဒါေပမဲ့ အႏိုင္ရလဒ္နဲ႔

လြဲေခ်ာ္ခဲ့ၿပီး သေရက်ဖို႔အတြက္ ေနာက္ကလိုက္ကစားခဲ့ရတာပါ။

BBC Sport ရဲ႕ဂ်ာနယ္လစ္ ဆီမြန္စတုန္းက လိဒ္နဲ႔ပြဲစဥ္မွာ ဆာဘစ္ဇာနဲ႔အတူ

ကြင္းလယ္ကိုတာဝန္ယူပြဲထြက္ခဲ့တဲ့ ဖရက္ဒ္ရဲ႕အားနည္းခ်က္အခ်ိဳ႕ေၾကာင့္

တန္ဟတ္အေနနဲ႔တည္ၿငိမ္မႈဆုံးရႈံးတဲ့ပုံစံမ်ိဳးခံစားခဲ့ရတယ္လို႔ ေထာက္ျပ

ေျပာဆိုခဲ့ပါတယ္။ တြစ္တာကတစ္ဆင့္ စတုန္းက “အဲရစ္တန္ဟတ္ဟာ

ဖရက္ဒ္အေပၚမွာ ေဒါသတႀကီးျဖစ္ခဲ့တယ္။ သူ႔ရဲ႕ပီေကကိုေျမႀကီးေပၚ

ပစ္ခ်လိုက္ၿပီး Stretford End မွာဆူညံသံေတြကိုထပ္မံေတာင္းဆိုလိုက္တယ္” လို႔

ေရးသားခဲ့ပါတယ္။ ပြဲအၿပီးမွာ တန္ဟတ္က “တိုက္ခိုက္ဖို႔အသင့္ျဖစ္ရမယ္၊

ငါတို႔က တိုက္ပြဲအတြက္အဆင္သင့္မျဖစ္ေသးဘူး။ ကြၽန္ေတာ္မဟုတ္ဘူးေနာ္၊

ကစားသမားေတြအဆင္သင့္မျဖစ္ေသးတာ။ တိုက္စစ္ကိုအရွိန္နဲ႔ေျပးတဲ့အသင္းနဲ႔

ရင္ဆိုင္ရမွာ သိေနတယ္၊ ၿပိဳင္ဘက္ကတိုက္ပြဲဝင္လာတယ္၊ သူတို႔ ဒီလို

ႀကိဳးစားမယ္ဆိုတာသိသလို ထင္တဲ့အတိုင္းလုပ္ခဲ့ၾကတယ္။

ပထမပိုင္းမွာ ငါတို႔အဆင္သင့္မျဖစ္ေသးဘူး။ ဒါကို ငါတို႔က အျပင္ပန္း

ထုတ္ျပၿပီးဝန္ခံလိုက္တယ္။ ပထမပိုင္းမွာတင္ တိုက္ပြဲဆုံးရႈံးသလိုျဖစ္ခဲ့လို႔

စိတ္ပ်က္မိတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။