
အာဆင်နယ်အသင်းဂိုးသမား အာရွန်ရမ်းစ်ဒေးလ်က လိဒ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ
ပြိုင်ဘက်ပရိသတ်တွေက သူ့ကိုအကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့်
၁၇ ပေါင်အထိရရှိခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိတဲ့ ရမ်းစ်ဒေးလ်ဟာဒီဇင် ဘာအစောပိုင်းက
လိဒ်ကိုအဝေးကွင်းမှာ ၄-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ဂိုးသွင်းပြီးတိုင်း
ဂိုးပေါက်ရှေ့မှာအောင်ပွဲခံနေလို့ပြိုင်ဘက်ပရိသတ်တွေရဲ့
ဒေါသထွက်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ဦးဆောင်ဂိုးရသွားပြီးချိန်မှာ
သူ့အောင်ပွဲခံပုံကြောင့်ဒေါသထွက်နေတဲ့လိဒ်ပရိသတ်တွေက
သူ့ကိုအကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပြီးဒါကိုကိုလိုက်ကောက်ပြီး
စုထားရာမှာ ၁၇ ပေါင်တောင်ရခဲ့တာဖြစ်ပါတယ်။
သူက” ပထမဂိုးသွင်းပြီးချိန်မှာပုလင်းတွေ၊ ပစ္စည်းပစ္စယတွေနဲ့ ပစ်ပေါက်ခဲ့ကြတာဗျ။
မီးခြစ်အချို့တောင်ပါသေးတယ်။ ဒါတွေကိုကျွန်တော်ကောက်ပြီးတော့
ဘေးကိုပစ်ချထားခဲ့တာပါ။ နောက်ပိုင်းလည်းကျရော ပိုက်ဆံတွေတောင်
ပါလာပါရောဗျို့။ ၂ ပေါင်တန်တောင်ပါသေးလို့ ကျွန်တော်ယူထားလိုက်တာပေါ့။
နောက်ကျတော့ တစ်ပေါင်စေ့တွေနဲ့ရော ဆင့် ၅၀ စေ့တွေနဲ့ရောပေါက်ကြတာဗျာ။
ဒီတော့ကျွန်တော်ကလည်းဘယ်ရမလဲဗျ အဲဒါတွေအကုန်ကောက်ပြီး
ကျွန်တော့်သဘက် နဲ့ထုတ်ထားလိုက်တာပေါ့။ ပထမပိုင်းပြီးတော့ အဲဒါကိုယူပြီး
အဝတ်လဲခန်းထဲမှာ သိမ်းထားလိုက်ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာ အကြွေစေ့အနည်းငယ်နဲ့ ထပ်အပစ်ခံရပြန်ရော။
အီးစီးကရက်တောင်ပါလိုက်သေး။ ဒါတွေအားလုံးစုပြီး ရေကြည့်လိုက်တော့
၁၇ ပေါင်တောင်ဗျာ။ ဒါတောင်မကောက်ခဲ့ရတာတွေကျန်ခဲ့သေးတာ။
ပွဲအပြီးမှာ ကယ်လ်ဗင်ဖိလစ်နဲ့တွေ့တော့မင်းတို့ပရိသတ်တွေက ဘောစိတွေဘဲဟ။
ငါ့ကိုအကြွေစေ့တွေနဲ့ပေါက်တာ ၁၇ ပေါင်တောင်ရတယ်လို့
နောက်လိုက်သေးတယ်”လို့ပြောခဲ့ပါတယ်။
ရမ်းစ်ဒေးလ်ဟာ ရှက်ဖီးယူနိုက်တက်နေပြောင်းလာတဲ့သူဖြစ်ပြီး
အစပိုင်းမှာသူ့လက်စွမ်းအပေါ်သံသယရှိခဲ့ကြသေးပေမယ့်
နောက်ပိုင်းမှာတော့ လက်စွမ်းပြနိုင်လို့ ဘန်းလီနို ကိုကျော်ပြီး
ဦးစားပေးနေရာရခဲ့သလို အင်္ဂလန်အသင်းမှာလည်း နံပါတ် ၁ ဦးစားပေးဖြစ်တဲ့
အဲဗာတန်ကပစ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး နေရာရဖို့အဆင်သင့်ရှိနေတဲ့သူလို့ သတ်မှတ်နေကြပါတယ်။
zawgyi
လိဒ္ပရိသတ္ေတြက အေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာေၾကာင့္ ၁၇ ေပါင္အထိရရွိခဲ့တယ္လို႔ ရမ္းစ္ေဒးလ္ ထုတ္ေျပာ
အာဆင္နယ္အသင္းဂိုးသမား အာ႐ြန္ရမ္းစ္ေဒးလ္က လိဒ္ကိုအႏိုင္ရခဲ့တဲ့ပြဲမွာ
ၿပိဳင္ဘက္ပရိသတ္ေတြက သူ႔ကိုအေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာေၾကာင့္
၁၇ ေပါင္အထိရရွိခဲ့တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
အသက္ ၂၃ ႏွစ္ရွိတဲ့ ရမ္းစ္ေဒးလ္ဟာဒီဇင္ ဘာအေစာပိုင္းက
လိဒ္ကိုအေဝးကြင္းမွာ ၄-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အာဆင္နယ္ဂိုးသြင္းၿပီးတိုင္း
ဂိုးေပါက္ေရွ႕မွာေအာင္ပြဲခံေနလို႔ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕
ေဒါသထြက္ျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။ ဦးေဆာင္ဂိုးရသြားၿပီးခ်ိန္မွာ
သူ႔ေအာင္ပြဲခံပုံေၾကာင့္ေဒါသထြက္ေနတဲ့လိဒ္ပရိသတ္ေတြက
သူ႔ကိုအေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာျဖစ္ၿပီးဒါကိုကိုလိုက္ေကာက္ၿပီး
စုထားရာမွာ ၁၇ ေပါင္ေတာင္ရခဲ့တာျဖစ္ပါတယ္။
သူက” ပထမဂိုးသြင္းၿပီးခ်ိန္မွာပုလင္းေတြ၊ ပစၥည္းပစၥယေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာဗ်။
မီးျခစ္အခ်ိဳ႕ေတာင္ပါေသးတယ္။ ဒါေတြကိုကြၽန္ေတာ္ေကာက္ၿပီးေတာ့
ေဘးကိုပစ္ခ်ထားခဲ့တာပါ။ ေနာက္ပိုင္းလည္းက်ေရာ ပိုက္ဆံေတြေတာင္
ပါလာပါေရာဗ်ိဳ႕။ ၂ ေပါင္တန္ေတာင္ပါေသးလို႔ ကြၽန္ေတာ္ယူထားလိုက္တာေပါ့။
ေနာက္က်ေတာ့ တစ္ေပါင္ေစ့ေတြနဲ႔ေရာ ဆင့္ ၅၀ ေစ့ေတြနဲ႔ေရာေပါက္ၾကတာဗ်ာ။
ဒီေတာ့ကြၽန္ေတာ္ကလည္းဘယ္ရမလဲဗ် အဲဒါေတြအကုန္ေကာက္ၿပီး
ကြၽန္ေတာ့္သဘက္ နဲ႔ထုတ္ထားလိုက္တာေပါ့။ ပထမပိုင္းၿပီးေတာ့ အဲဒါကိုယူၿပီး
အဝတ္လဲခန္းထဲမွာ သိမ္းထားလိုက္ပါတယ္။
ဒုတိယပိုင္းျပန္စခ်ိန္မွာ အေႂကြေစ့အနည္းငယ္နဲ႔ ထပ္အပစ္ခံရျပန္ေရာ။
အီးစီးကရက္ေတာင္ပါလိုက္ေသး။ ဒါေတြအားလုံးစုၿပီး ေရၾကည့္လိုက္ေတာ့
၁၇ ေပါင္ေတာင္ဗ်ာ။ ဒါေတာင္မေကာက္ခဲ့ရတာေတြက်န္ခဲ့ေသးတာ။
ပြဲအၿပီးမွာ ကယ္လ္ဗင္ဖိလစ္နဲ႔ေတြ႕ေတာ့မင္းတို႔ပရိသတ္ေတြက ေဘာစိေတြဘဲဟ။
ငါ့ကိုအေႂကြေစ့ေတြနဲ႔ေပါက္တာ ၁၇ ေပါင္ေတာင္ရတယ္လို႔
ေနာက္လိုက္ေသးတယ္”လို႔ေျပာခဲ့ပါတယ္။
ရမ္းစ္ေဒးလ္ဟာ ရွက္ဖီးယူႏိုက္တက္ေနေျပာင္းလာတဲ့သူျဖစ္ၿပီး
အစပိုင္းမွာသူ႔လက္စြမ္းအေပၚသံသယရွိခဲ့ၾကေသးေပမယ့္
ေနာက္ပိုင္းမွာေတာ့ လက္စြမ္းျပႏိုင္လို႔ ဘန္းလီႏို ကိုေက်ာ္ၿပီး
ဦးစားေပးေနရာရခဲ့သလို အဂၤလန္အသင္းမွာလည္း နံပါတ္ ၁ ဦးစားေပးျဖစ္တဲ့
အဲဗာတန္ကပစ္ဖို႔ဒ္ကို ေက်ာ္ျဖတ္ၿပီး ေနရာရဖို႔အဆင္သင့္ရွိေနတဲ့သူလို႔ သတ္မွတ္ေနၾကပါတယ္။