မန်ယူအသင်းဟာ ဒီကနေ့ညမှာ လိဒ်ယူနိုက်တက်နဲ့အဝေးကွင်းကစားရမှာဖြစ်ပြီး
နည်းပြ ရန်းနစ်ခ်အတွက်တော့ ကစား သမားရွေးချယ်မှု
အခက်အခဲနဲ့ကြုံရနိုင်တယ်လို့ သိရပါတယ်။
မန်ယူဟာပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန်ကို စီရော်နယ်ဒို၊ ဖာနန်ဒက်စ် တို့ရဲ့
ဂိုးတွေနဲ့အနိုင်ရခဲ့ပြီး ၂ ပွဲဆက်သရေကျမှုကိုအဆုံးသတ်ကာ
နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုနိုင်ပွဲ ရခဲ့ပေမယ့်
မန်ယူအတွက်အရေးပါတဲ့ပွဲတွေက မြန်မြန်ဆန်ဆန်ဘဲရောက်လာတာပါ။
မန်ယူဟာ ဒီကနေ့ညမှာ လိဒ်နဲ့ကစား ပြီးရင် နောက် ၃ ရက်အကြာမှာ
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲအဖြစ်
အက်သလက်တီကိုနဲ့ ရင်ဆိုင်ရဦးမှာ ပါ။
ဒါကြောင့် လိဒ်နဲ့ပွဲအတွက်ရန်းနစ်ခ်အနေနဲ့ လူရွေးချယ်ရာမှာ
သေချာစွာစဥ်းစားသုံးသပ်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။
လိဒ်နဲ့ပွဲဟာ မန်ယူအသင်းပရီးမီးယားလိဂ်မှာထိပ်ဆုံး ၄ သင်းထဲဝင်ဖို့
အရေးပါသလို အက်သလက်တီကို နဲ့ပွဲကလည်း အရေး ပါတာပါဘဲ။
ဒါပေမယ့်ဒီရာသီမှာမန်ယူအတွက် တစ်ခုတည်းသောဆုဖလားမျှော်လင့်ချက်က
ချန်ပီယံလိဂ်ဖြစ်လို့ လူရွေး ချယ်မှုမှာ နှစ်ပွဲစလုံးအတွက်ထည့်သွင်းတွက်ချက်ရမှာပါ။
လက်ရှိမှာတော့ ဗာရန်း၊ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ် တို့က
လိဒ်နဲ့ပွဲ မှာ ပွဲထွက်စာရင်းကနေပါလာဖို့ရှိနေပါတယ်။
ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ဘရန်းဖို့ဒ်နဲ့ပွဲမှာ အရန်အဖြစ်ရှိခဲ့ပြီးမှ
လူစားဝင် ခဲ့ရသလို ဗာရန်းကလည်း နေမကောင်းဖြစ်လို့ မပါနိုင်ခဲ့ပါဘူး။
မန်ယူအသင်းရဲ့နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ခ်က
ဘိုင်လီ(ခြေချင်းဝတ်)၊ မာတစ်(ညို့သကျည်း)၊
ကာဗာနီ (ပေါင်ခြံနဲ့ ဝမ်းဗိုက်ကြွက်သား) နဲ့ တွမ်ဟီတန်( ဝမ်းဗိုက်ကြွက်သား) တို့
ဒဏ်ရာရနေကြောင်းအတည်ပြုထားတာပါ။
အခုထိ လည်းဘာမှသိပ်မထူးခြားတာကြောင့် လိဒ်နဲ့ပွဲမှာ
သူတို့တွေပါနိုင်ဖို့ အခွင့်အရေးနည်းနေပါတယ်။
မန်ယူအသင်းဟာ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်ဖွယ်ရှိနေပြီး
ဖြစ်နိုင်တဲ့လူစာရင်းကတော့- ဒီဂီယာ၊ ဒါလော့တ်၊ ဗာရန်း၊
မက်ဂွိုင်းယား၊ တဲ လက်စ်၊ ပေါ့ဂ်ဘာ၊ တွန်မီနေး၊ ရက်ရှ်ဖို့ဒ်၊
ဖာနန်ဒက်စ်၊ ဆန်ချိုနဲ့ စီရော်နယ်ဒို တို့ဖြစ်ပါတယ်။
zawgyi
လိဒ်နဲ့ပွဲအတွက် မန်ယူအသင်းရဲ့ဖြစ်နိုင်ဖွယ်လူစာရင်း