လိဒ်ကွင်းလယ်လူ ဖီးလစ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ဗီလာ ပြင်ဆင်

သတင်းတွေရဲ့ဖော်ပြချက်အရ အက်စတွန်ဗီလာအသင်းဟာ

လာမယ့်နွေရာသီအတွင်း လိဒ်ယူနိုက်တက်ကွင်းလယ်လူ
ကယ်လ်ဗင်ဖီးလစ်ကို ပေါင်သန်း ၆၀နဲ့ အံ့အားသင့်ဖွယ်
ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ဗီလာအသင်းနည်းပြ ဂျရတ်ဟာ လာမယ့်နွေရာသီမှာလည်း
အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး

ကွင်းလယ်ပိုင်းအတွက် ဇန်နဝါရီလက
ဂျူဗင်တပ်စ်ကွင်းလယ်လူ ဘန်တန်ကာကို
ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါးက လက်ဦးမှုရယူသွားပါတယ်။
ယခုအခါ The Times သတင်းဌာနရဲ့ဖော်ပြချက်အရ
ဗီလာဟာ ဦးစားပေးပစ်မှတ်အဖြစ် ဖီးလစ်ကို

ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဖီးလစ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့်
ပွဲထွက်ခွင့်နည်းပါးနေပြီး ပရီးမီးယားလိဂ်မှာ
စုစုပေါင်း ၁၂ပွဲပဲ ကစားခွင့်ရထားသလို
ဒီဇင်ဘာလ ၅ ရက်နေ့က ဘရန့်ဖို့ဒ်နဲ့ပွဲနောက်ပိုင်း

မြက်ခင်းစမ်းနဲ့ ဝေးကွာနေရသူဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဖီးလစ်ဟာ
လိဒ်ယူနိုက်တက်ရဲ့အရေးကြီးဆုံးအသင်းသားအဖြစ်
ရပ်တည်နေပြီး ဗီလာက ဖီးလစ်ကို
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀နဲ့

ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို ကစားသမားကိုလည်း
လုပ်ခလစာအဖြစ် တစ်နှစ်ပေါင် ၁၀သန်းအထိ ပေးချေဖွယ်ရှိနေပါတယ်။
ဗီလာဟာ ပြီးခဲ့တဲ့နွေရာသီက နောဝစ်ချ်ကွင်းလယ်တိုက်စစ်သမား
ဘူယန်ဒီယာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး
ပေါင် ၃၄သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖီးလစ်ကို

ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ကလည်း
အပြိုင်စိတ်ဝင်စားနေပေမယ့် ဗီလာက
အခြေအနေပိုကောင်းတယ်လို့ သိရပါတယ်။
အရင်တုန်းက ယူနိုက်တက်ကလည်း
ဖီးလစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပေမယ့်

လိဒ်နဲ့ ယူနိုက်တက်တို့ကြား ပြင်းထန်တဲ့
အားပြိုင်မှုတွေကြောင့် ခေါ်ယူမှုက အဆင်မပြေဖြစ်ခဲ့ရပါတယ်။

Zawgyi

လိဒ္ကြင္းလယ္လူ ဖီးလစ္ကို ေပါင္သန္း ၆၀ နဲ႔ ေခၚယူဖုိ႔ ဗီလာ ျပင္ဆင္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အက္စတြန္ဗီလာအသင္းဟာ
လာမယ့္ေႏြရာသီအတြင္း လိဒ္ယူႏုိက္တက္ကြင္းလယ္လူ
ကယ္လ္ဗင္ဖီးလစ္ကို ေပါင္သန္း ၆၀နဲ႔ အံ့အားသင့္ဖြယ္
ေခၚယူဖုိ႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ဗီလာအသင္းနည္းျပ ဂ်ရတ္ဟာ လာမယ့္ေႏြရာသီမွာလည္း
အသင္းကို အင္အားျဖည့္တင္းဖို႔ ျပင္ဆင္ေနၿပီး
ကြင္းလယ္ပိုင္းအတြက္ ဇန္န၀ါရီလက
ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ဘန္တန္ကာကို
ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ စပါးက လက္ဦးမႈရယူသြားပါတယ္။

ယခုအခါ The Times သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ဗီလာဟာ ဦးစားေပးပစ္မွတ္အျဖစ္ ဖီးလစ္ကို
ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
ဖီးလစ္ဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္
ပြဲထြက္ခြင့္နည္းပါးေနၿပီး ပရီးမီးယားလိဂ္မွာ

စုစုေပါင္း ၁၂ပြဲပဲ ကစားခြင့္ရထားသလုိ
ဒီဇင္ဘာလ ၅ ရက္ေန႔က ဘရန္႔ဖုိ႔ဒ္နဲ႔ပြဲေနာက္ပိုင္း
ျမက္ခင္းစမ္းနဲ႔ ေ၀းကြာေနရသူျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ဖီးလစ္ဟာ
လိဒ္ယူႏုိက္တက္ရဲ႕အေရးႀကီးဆုံးအသင္းသားအျဖစ္

ရပ္တည္ေနၿပီး ဗီလာက ဖီးလစ္ကို
ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀နဲ႔
ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနသလုိ ကစားသမားကိုလည္း
လုပ္ခလစာအျဖစ္ တစ္ႏွစ္ေပါင္ ၁၀သန္းအထိ ေပးေခ်ဖြယ္ရွိေနပါတယ္။
ဗီလာဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေနာ၀စ္ခ်္ကြင္းလယ္တုိက္စစ္သမား

ဘူယန္ဒီယာကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး
ေပါင္ ၃၄သန္းနဲ႔ ေခၚယူခဲ့ၿပီး ဖီးလစ္ကို
ေခၚယူဖို႔ ၀က္စ္ဟမ္းနဲ႔ နယူးကာဆယ္တို႔ကလည္း
အၿပိဳင္စိတ္၀င္စားေနေပမယ့္ ဗီလာက
အေျခအေနပိုေကာင္းတယ္လုိ႔ သိရပါတယ္။

အရင္တုန္းက ယူႏုိက္တက္ကလည္း
ဖီးလစ္ကိုေခၚယူဖုိ႔ စိတ္၀င္စားခဲ့ဖူးေပမယ့္
လိဒ္နဲ႔ ယူႏုိက္တက္တို႔ၾကား ျပင္းထန္တဲ့
အားၿပိဳင္မႈေတြေၾကာင့္ ေခၚယူမႈက အဆင္မေျပျဖစ္ခဲ့ရပါတယ္။