လိဒ်ကြယ်ပွင့် ရာဖင်ညာကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်း သဘောတူညီမှုရရှိ

ကက်တာလန်အခြေစိုက်သတင်းစာ SPORT ရဲ့ရေးသားဖော်ပြချက်အရ

ဘာစီလိုနာအသင်းဟာ လိဒ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ညာကို
ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းတောင်ပံတိုက်စစ်မှူး ဒမ်ဘီလီက
ယခုရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ရာ
အသင်းဘက်က သူ့နေရာမှာ အစားထိုးဖို့

တောင်ပံကစားသမားတစ်ဦး ရှာဖွေနေတာဖြစ်ပါတယ်။
ဘာစီလိုနာဟာ အေဂျက်စ်တိုက်စစ်မှူး အန်တိုနီကို
ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် အခုတော့
ရာဖင်ညာက အသင်းရဲ့ဦးစားပေးပစ်မှတ်ဖြစ်လာပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ ရာဖင်ညာကို

၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီး
ဘရာဇီးလက်ရွေးစင်နဲ့ လုပ်ခလစာ ညှိနှိုင်းမှု အဆင်ပြေနေတယ်လို့ သိရပါတယ်။
ရာဖင်ညာရဲ့အေးဂျင့်ဖြစ်သူ ဒေကိုနဲ့ ဘာစီလိုနာတို့ကြား
ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဒေကိုက အသင်းဟောင်း ဘာစီလိုနာထံ
ရာဖင်ညာအကြောင်း တင်ပြခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ရာဖင်ညာဟာ ဘာစီလိုနာမှာ
လစာမြင့်မားစွာမရနိုင်မှုအပေါ် ပျော်ရွှင်စွာလက်သင့်ခံပြီး
အပိုဆုကြေးတွေပါ ထပ်ပေါင်းမယ်ဆိုရင်တော့
လုပ်ခလစာက မျှော်လင့်ထားသလိုမြင့်မားလာနိုင်တယ်လို့ သိရပါတယ်။
ကစားသမားဖြစ်သူက လာမယ့်ရာသီသစ်မတိုင်ခင် ဘာစီလိုနာကို

ပြောင်းရွှေ့ခွင့်ရဖို့ ကြိုးစားနေပြီး ဘာစီလိုနာရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကို
လက်သင့်ခံဖို့ လိဒ်အသင်းတာဝန်ရှိသူတွေကိုတောင် စည်းရုံးနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ လိဒ်ယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့
နောက်ခံလူ မင်ဂွီဇာကို ရာဖင်ညာရဲ့အပြောင်းအရွှေ့မှာ
အစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ်

ရှိနေပြီး အသက် ၂၂ နှစ်အရွယ်ရှိ မင်ဂွီဇာအနေနဲ့
ယခုရာသီမှာ အသင်အတွက် ၂၂ပွဲကစားခွင့်ရထားပေမယ့်
နည်းပြသစ်အဖြစ် ဇာဗီ တာဝန်ယူချိန်ကတည်းက၏
အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပါတယ်။
သူ့ကို အငှားနဲ့ ခေါ်ယူဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလက

ဗလန်စီယာနဲ့ ဘော်ဒိုးတို့က ကြိုးစားခဲ့ပေမယ့် ကစားသမားဖြစ်သူကတော့
နူးကမ့်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Zawgyi

လိဒ္ၾကယ္ပြင့္ ရာဖင္ညာကို ၅ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖုိ႔ ဘာစီလိုနာအသင္း သေဘာတူညီမႈရရွိ
ကက္တာလန္အေျခစုိက္သတင္းစာ SPORT ရဲ႕ေရးသားေဖာ္ျပခ်က္အရ
ဘာစီလုိနာအသင္းဟာ လိဒ္ယူႏုိက္တက္ၾကယ္ပြင့္ ရာဖင္ညာကို
ေခၚယူဖို႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဘာစီလုိနာအသင္းေတာင္ပံတုိက္စစ္မွဴး ဒမ္ဘီလီက

ယခုရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ရာ
အသင္းဘက္က သူ႕ေနရာမွာ အစားထိုးဖို႔
ေတာင္ပံကစားသမားတစ္ဦး ရွာေဖြေနတာျဖစ္ပါတယ္။
ဘာစီလုိနာဟာ ေအဂ်က္စ္တုိက္စစ္မွဴး အန္တိုနီကို
ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ အခုေတာ့

ရာဖင္ညာက အသင္းရဲ႕ဦးစားေပးပစ္မွတ္ျဖစ္လာပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာဟာ ရာဖင္ညာကို
၅ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖုိ႔ သေဘာတူညီမႈရသြားၿပီး
ဘရာဇီးလက္ေရြးစင္နဲ႔ လုပ္ခလစာ ညွိႏိႈင္းမႈ အဆင္ေျပေနတယ္လုိ႔ သိရပါတယ္။
ရာဖင္ညာရဲ႕ေအးဂ်င့္ျဖစ္သူ ေဒကိုနဲ႔ ဘာစီလုိနာတုိ႔ၾကား

ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး ေဒကိုက အသင္းေဟာင္း ဘာစီလုိနာထံ
ရာဖင္ညာအေၾကာင္း တင္ျပခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရာဖင္ညာဟာ ဘာစီလုိနာမွာ
လစာျမင့္မားစြာမရႏိုင္မႈအေပၚ ေပ်ာ္ရႊင္စြာလက္သင့္ခံၿပီး
အပိုဆုေၾကးေတြပါ ထပ္ေပါင္းမယ္ဆုိရင္ေတာ့

လုပ္ခလစာက ေမွ်ာ္လင့္ထားသလုိျမင့္မားလာႏုိင္တယ္လုိ႔ သိရပါတယ္။
ကစားသမားျဖစ္သူက လာမယ့္ရာသီသစ္မတုိင္ခင္ ဘာစီလုိနာကို
ေျပာင္းေရႊ႕ခြင့္ရဖို႔ ႀကိဳးစားေနၿပီး ဘာစီလုိနာရဲ႕ဒုတိယေျမာက္ကမ္းလွမ္းမႈကို
လက္သင့္ခံဖုိ႔ လိဒ္အသင္းတာ၀န္ရွိသူေတြကိုေတာင္ စည္းရုံးေနတယ္လုိ႔ သိရပါတယ္။
ဘာစီလုိနာဟာ လိဒ္ယူႏုိက္တက္အသင္း စိတ္၀င္စားေနတဲ့

ေနာက္ခံလူ မင္ဂြီဇာကို ရာဖင္ညာရဲ႕အေျပာင္းအေရႊ႕မွာ
အစိတ္အပိုင္းတစ္ရပ္အျဖစ္ အလုိက္ေပးကမ္းလွမ္းဖြယ္
ရွိေနၿပီး အသက္ ၂၂ ႏွစ္အရြယ္ရွိ မင္ဂြီဇာအေနနဲ႔
ယခုရာသီမွာ အသင္အတြက္ ၂၂ပြဲကစားခြင့္ရထားေပမယ့္
နည္းျပသစ္အျဖစ္ ဇာဗီ တာ၀န္ယူခ်ိန္ကတည္းက၏

အသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနပါတယ္။
သူ႕ကို အငွားနဲ႔ ေခၚယူဖို႔ ၿပီးခဲ့တဲ့ဇန္န၀ါရီလက
ဗလန္စီယာနဲ႔ ေဘာ္ဒိုးတုိ႔က ႀကိဳးစားခဲ့ေပမယ့္ ကစားသမားျဖစ္သူကေတာ့
ႏူးကမ့္မွာပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။