
တနင်္ဂနွေနေ့ည မှာ ယူနိုက်တက်ပွဲရှိပါတယ်။ ယူနိုက်တက်ဟာ
ရှားရှားပါးပါး နိုင်ပွဲ ပြန်တွေ့ထားတာဖြစ်ပြီး၊ အခုတော့ အိုဝင်က
လိဒ်နဲ့ ပွဲကို မနိုင်နိုင်တဲ့ ပွဲ ဖြစ်လာမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
“မာဆယ်လိုဘီယယ်ဆာ အပေါ်မှာ ဖိအားတွေ တိုးပွားနေပါတယ်။
သူတို့အတွက် ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်က
လိဒ်ဟာ အဲဗာတန်နဲ့ ပွဲမှာ ခြေစွမ်း ဆိုးရွားခဲ့ပါတယ်။”
“ဒီပွဲမှာ သူတို့ရဲ့ တုန့်ပြန်မှုကို ကျွန်တော် မျှော်လင့်ထားမိပြီး
atmosphere ဟာ အရမ်းကို ကောင်းနေမှာပါ။
ဒါဟာ ကစားသမားတွေရဲ့ စွမ်းအင်ကို မြင့်မားစေမှာပါ။
ယူနိုက်တက်ဟာ ဘရိုက်တန်ကို နိုင်ခဲ့တဲ့ပွဲမှာ
ကစားပုံ ကောင်းခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့အပတ်တွေမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း
ဒါတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ သူတို့ဟာ အခုဆိုရင် top 4 ကို
ပြန်ရောက်လာခဲ့ပြီး ဒီရာသီကို ကောင်းစွာ အဆုံးသတ်နိုင်ပါသေးတယ်။”
“ဒီပွဲဟာ စိတ်လှုပ်ရှားစရာကောင်းမှာ ဖြစ်ပြီး ဂိုးတွေကို
မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်ကတော့
လိဒ်ဟာ ယူနိုက်တက်ကို အပြန်အလှန် ကစားသွားနိုင်မယ်လို့ မြင်မိပြီး
ဂိုးတွေကို တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီပွဲဟာ
သရေပွဲသာ ဖြစ်သွားမှာပါ။”ဆိုပြီး အိုဝင်က ပြောပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ လိဒ် ၂-၂ ယူနိုက်တက်ဖြစ်ပါတယ်။
zawgyi
လိဒ္ကို ယူႏိုက္တက္ မႏိုင္ဘူးလို႔ မိုက္ကယ္အိုဝင္ ခန႔္မွန္း
တနဂၤေႏြေန႔ည မွာ ယူႏိုက္တက္ပြဲရွိပါတယ္။ ယူႏိုက္တက္ဟာ
ရွားရွားပါးပါး ႏိုင္ပြဲ ျပန္ေတြ႕ထားတာျဖစ္ၿပီး၊ အခုေတာ့ အိုဝင္က
လိဒ္နဲ႔ ပြဲကို မႏိုင္ႏိုင္တဲ့ ပြဲ ျဖစ္လာမယ္ဆိုၿပီး ခန႔္မွန္းထားပါတယ္။
“မာဆယ္လိုဘီယယ္ဆာ အေပၚမွာ ဖိအားေတြ တိုးပြားေနပါတယ္။
သူတို႔အတြက္ ခက္ခဲတဲ့ ရာသီတစ္ခု ျဖစ္ေနၿပီး ၿပီးခဲ့တဲ့အပတ္က
လိဒ္ဟာ အဲဗာတန္နဲ႔ ပြဲမွာ ေျခစြမ္း ဆိုး႐ြားခဲ့ပါတယ္။”
“ဒီပြဲမွာ သူတို႔ရဲ႕ တုန႔္ျပန္မႈကို ကြၽန္ေတာ္ ေမွ်ာ္လင့္ထားမိၿပီး
atmosphere ဟာ အရမ္းကို ေကာင္းေနမွာပါ။
ဒါဟာ ကစားသမားေတြရဲ႕ စြမ္းအင္ကို ျမင့္မားေစမွာပါ။
ယူႏိုက္တက္ဟာ ဘ႐ိုက္တန္ကို ႏိုင္ခဲ့တဲ့ပြဲမွာ
ကစားပုံ ေကာင္းခဲ့တဲ့ အခ်ိန္ေတြ ရွိခဲ့ပါတယ္။
သူတို႔ဟာ ၿပီးခဲ့တဲ့အပတ္ေတြမွာ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္လည္း
ဒါေတြကို အသုံးမခ်ႏိုင္ခဲ့ပါဘူး။ သူတို႔ဟာ အခုဆိုရင္ top 4 ကို
ျပန္ေရာက္လာခဲ့ၿပီး ဒီရာသီကို ေကာင္းစြာ အဆုံးသတ္ႏိုင္ပါေသးတယ္။”
“ဒီပြဲဟာ စိတ္လႈပ္ရွားစရာေကာင္းမွာ ျဖစ္ၿပီး ဂိုးေတြကို
ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္ေတာ္ကေတာ့
လိဒ္ဟာ ယူႏိုက္တက္ကို အျပန္အလွန္ ကစားသြားႏိုင္မယ္လို႔ ျမင္မိၿပီး
ဂိုးေတြကို ေတြ႕ရမွာပါ။ ဒါေပမယ့္ အဲဒီပြဲဟာ
သေရပြဲသာ ျဖစ္သြားမွာပါ။”ဆိုၿပီး အိုဝင္က ေျပာပါတယ္။
အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ ကေတာ့ လိဒ္ ၂-၂ ယူႏိုက္တက္ျဖစ္ပါတယ္။