လိဒ်ကို ဒေဝါလီခံရမယ့်အရေးကနေပြီး ကယ်တင်ပေးခဲ့တယ်လို ဖာဒီနန် ဖွင့်ဟ

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ လိဒ်ယူနိုက်တက်အသင်းကနေပြီး မန်ယူဆီကို ကာလပေါက်ဈေး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့တာဟာ ယော့ခ်ရှိင်းယားကလပ်ကို ဒေဝါလီခံရမယ့်အရေးကနေ ပြီး လွတ်မြောက်အောင်

ကူညီပေးခဲ့တာဖြစ်တယ်လို မန်ယူနောက်ခံလူ ဟောင်း ရီယိုဖာဒီနန်က ထုတ်ပြောပါတယ်။ ဖာဒီနန်ဟာ မန်ယူကို ရောက် မလာခင်မှာ လိဒ်အသင်းနဲ့အတူ နှစ်ရာသီကြာ ကစားခဲ့ပြီး အသင်းရဲ့ ဘဏ္ဍာ ရေးပြဿနာတွေ ပြေလည်စေဖိုအတွက် အသင်းပြောင်းခဲ့တာဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖာဒီနန်က သူ့ရဲ့ လိဒ်ကစားသမားဘ၀ ကာလတုန်းကအကြောင်းတွေကို ပြန်လည်ဖွင့်ဟခဲ့တာဖြစ်ပြီး အဲဒီအချိန် တုန်းကဆိုရင် လိဒ်မှာ ဆိုးရွားလွန်းတဲ့ ဘဏ္ဍာရေးအကျပ်အတည်းအခြေ အနေတွေရှိခဲ့တယ်လို ဆိုပါတယ်။

၂၀၀၂ ခုနှစ်တုန်းက လိဒ်အသင်းရဲ့ အခြေ အနေနဲ့ပတ်သက်ပြီး Filthy Fellas Podacast အစီအစဉ်မှာ ဖာဒီနန်က အခုလိုမျိုး ပြောဆိုခဲ့တာပါ။ အဲဒီအစီအစဉ်ဟာဆိုရင် ဘောလုံးအားကစားရေးရာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာတွေ၊ ငြင်းခုန်ကြတာမျိုးတွေ လုပ်ဆောင်တဲ့

အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေလည်း လုပ်လေ့လုပ်ထရှိတဲ့ ရုပ်သံအစီအစဉ်တစ်ခုပေါ့။ ‘’ ကျွန်တော် ထွက်သွားတော့မယ်လို အသင်းဖော်တွေကို ချက်ချင်း ပြောခဲ့တာပါ။

ငါအသင်းမှာ ဆက်ရှိနေလိမ့်မယ်လို မင်းတို ထင်နေကြတယ်မဟုတ်လား။ အဲဒီလို အခွင့်အရေး မရှိဘူး။ လိဒ်ကို ကျွန်တော် ကယ်တင်ခဲ့ရတာပါ’’ လို ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကြာ အချိန်တုန်းက လိဒ်အသင်းရဲ့ ဘဏ္ဍာရေး အကျပ်

အတည်းနဲ့ ပတ်သက်ပြီးလည်း ဖာဒီနန်က အခုလို ဆိုပါတယ်။ ‘’အဲဒီအချိန် တုန်းက ကျွန်တော့်ရဲ့ အေးဂျင့်ကနေတစ်ဆင့် သိခဲ့ရတာ။ Topshop အဝတ်အစား အရောင်းဆိုင်ပိုင်တဲ့ ဖိလစ်ဂရင်းကို သိတယ်မဟုတ်လား။ အဲဒီ အချိန်တုန်းက

သူဟာ လိဒ်ရဲ့ အမှုဆောင်အရာရှိချုပ်ဗျ။ သူ့နာမည်အပြည့် အစုံကိုတော့ ကျွန်တော်မေ့နေတယ်။ ဖိလစ်ဂရင်းလိုပဲ အလုပ်ထဲမှာ ခေါ်ကြ တာမိုပါ။ သူက ကျွန်တော့်အေးဂျင့်ကိုပြောတယ်။ အသင်းက တကယ့်ကို ကြီးကြီးမားမား

ဒုက္ခရောက်နေပြီတဲ့။ သတင်းတွေကြားနေရတာထက်ကို ပို များတယ်တဲ့။ ဖာဒီနန်ကို ထွက်ခွင့်ပေးမှ ရမယ်တဲ့။ သူတိုမှာရှိတဲ့ အဖိုးအတန် ဆုံး ကစားသမားပေါ့။ သူ့ကို မရောင်းဘူးဆိုရင် အသင်း ပျက်မယ်တဲ့’’ လို ဖာဒီနန်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

(zawgyi)

ၿပီးခဲ့တဲ့ ၂၀၀၂ ခုႏွစ္မွာ လိဒ္ယူႏိုက္တက္အသင္းကေနၿပီး မန္ယူဆီကို ကာလေပါက္ေဈး ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္ သန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာဟာ ေယာ့ခ္ရွိင္းယားကလပ္ကို ေဒဝါလီခံရမယ့္အေရးကေန ၿပီး လြတ္ေျမာက္ေအာင္ ကူညီေပးခဲ့တာျဖစ္တယ္လို မန္ယူေနာက္ခံလူ ေဟာင္း ရီယိုဖာဒီနန္က

ထုတ္ေျပာပါတယ္။ ဖာဒီနန္ဟာ မန္ယူကို ေရာက္ မလာခင္မွာ လိဒ္အသင္းနဲ႔အတူ ႏွစ္ရာသီၾကာ ကစားခဲ့ၿပီး အသင္းရဲ႕ ဘ႑ာ ေရးျပႆနာေတြ ေျပလည္ေစဖိုအတြက္ အသင္းေျပာင္းခဲ့တာျဖစ္ပါတယ္။ အသက္ ၄၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဖာဒီနန္က သူ႔ရဲ႕ လိဒ္ကစားသမားဘ၀ ကာလတုန္းကအေၾကာင္းေတြကို

ျပန္လည္ဖြင့္ဟခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ တုန္းကဆိုရင္ လိဒ္မွာ ဆိုး႐ြားလြန္းတဲ့ ဘ႑ာေရးအက်ပ္အတည္းအေျခ အေနေတြရွိခဲ့တယ္လို ဆိုပါတယ္။ ၂၀၀၂ ခုႏွစ္တုန္းက လိဒ္အသင္းရဲ႕ အေျခ အေနနဲ႔ပတ္သက္ၿပီး Filthy Fellas Podacast အစီအစဥ္မွာ ဖာဒီနန္က အခုလိုမ်ိဳး ေျပာဆိုခဲ့တာပါ။ အဲဒီအစီအစဥ္ဟာဆိုရင္

ေဘာလုံးအားကစားေရးရာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုတာေတြ၊ ျငင္းခုန္ၾကတာမ်ိဳးေတြ လုပ္ေဆာင္တဲ့ အစီအစဥ္တစ္ခုလည္း ျဖစ္ပါတယ္။ တစ္ခါတေလမွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ စကားစစ္ထိုးမႈေတြလည္း လုပ္ေလ့လုပ္ထရွိတဲ့ ႐ုပ္သံအစီအစဥ္တစ္ခုေပါ့။ ‘’ ကြၽန္ေတာ္ ထြက္သြားေတာ့မယ္လို

အသင္းေဖာ္ေတြကို ခ်က္ခ်င္း ေျပာခဲ့တာပါ။ ငါအသင္းမွာ ဆက္ရွိေနလိမ့္မယ္လို မင္းတို ထင္ေနၾကတယ္မဟုတ္လား။ အဲဒီလို အခြင့္အေရး မရွိဘူး။ လိဒ္ကို ကြၽန္ေတာ္ ကယ္တင္ခဲ့ရတာပါ’’ လို ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ၾကာ အခ်ိန္တုန္းက လိဒ္အသင္းရဲ႕ ဘ႑ာေရး အက်ပ္ အတည္းနဲ႔

ပတ္သက္ၿပီးလည္း ဖာဒီနန္က အခုလို ဆိုပါတယ္။ ‘’အဲဒီအခ်ိန္ တုန္းက ကြၽန္ေတာ့္ရဲ႕ ေအးဂ်င့္ကေနတစ္ဆင့္ သိခဲ့ရတာ။ Topshop အဝတ္အစား အေရာင္းဆိုင္ပိုင္တဲ့ ဖိလစ္ဂရင္းကို သိတယ္မဟုတ္လား။ အဲဒီ အခ်ိန္တုန္းက သူဟာ လိဒ္ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ဗ်။ သူ႔နာမည္အျပည့္ အစုံကိုေတာ့ ကြၽန္ေတာ္ေမ့ေနတယ္။

ဖိလစ္ဂရင္းလိုပဲ အလုပ္ထဲမွာ ေခၚၾက တာမိုပါ။ သူက ကြၽန္ေတာ့္ေအးဂ်င့္ကိုေျပာတယ္။ အသင္းက တကယ့္ကို ႀကီးႀကီးမားမား ဒုကၡေရာက္ေနၿပီတဲ့။ သတင္းေတြၾကားေနရတာထက္ကို ပို မ်ားတယ္တဲ့။

ဖာဒီနန္ကို ထြက္ခြင့္ေပးမွ ရမယ္တဲ့။ သူတိုမွာရွိတဲ့ အဖိုးအတန္ ဆုံး ကစားသမားေပါ့။ သူ႔ကို မေရာင္းဘူးဆိုရင္ အသင္း ပ်က္မယ္တဲ့’’ လို ဖာဒီနန္က ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။