လိင်အကြမ်းးဖက်မှု၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ထပ်မံဖမ်းဆီးခံခဲ့ရတဲ့ ဂရင်းဝုဒ်

မုဒိန်းမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု သံသယတွေနဲ့
စွဲချက်တင်ခံထားရပြီးဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှူး
မေဆင်ဂရင်းဝုဒ်ဟာ အခုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊
အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့အတူ
ထပ်မံဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရပါတယ်။
အစိုးရရှေ့နေတွေဟာ တနင်္ဂနွေနေ့က
ဂရင်းဝုဒ်ကို ပထမဆုံးအကြိမ် ဖမ်းဆီး
ထိန်းသိမ်းခဲ့ပြီးနောက် ယခုအခါ ဂရင်းဝုဒ်ကို
မေးမြန်းစစ်ဆေးဖို့ နောက်ထပ်အချိန်တစ်ခု
ရရှိခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်ရှိ
ဂရင်းဝုဒ်ဟာ ဆိုရှယ်မီဒီယာမှာ အသက် ၁၈ နှစ်အရွယ်ရှိ
ကျောင်းသူတစ်ဦးက သူ့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့
စွပ်စွဲခံခဲ့ရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။


ရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ်ကို ၄၈ နာရီကျော်ကြာ
စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နောက်ထပ်
စွဲချက်တွေနဲ့ ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒဟေးယား၊ ရော်နယ်ဒိုနဲ့
ပေ့ါဂ်ဘာတို့ အပါအဝင် ယူနိုက်တက်အသင်းရဲ့
နာမည်ကျော်ကစားသမားတွေဟာ အင်စတာဂရမ်မှာ
တခြားအသင်းဖော်တွေကို Follow လုပ်ထားပေမယ့်
ဂရင်းဝုဒ်ကိုဗတာ့ Unfollow လုပ်ထားတယ်လို့ သိရပါတယ်။


တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီ၊
ကွင်းလယ်လူတွေဖြစ်တဲ့ လင်ဂတ်နဲ့ ဖရက်ဒ်၊
အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ကွင်းလယ်လူ
ဖာနန်ဒက်စ်တို့လည်း ဂရင်းဝုဒ်ကို အင်စတာဂရမ်မှာ
Unfollow လုပ်ခဲ့ကြပြီး ဂရင်းဝုဒ်အနေနဲ့
FIFA 22 ဂိမ်းကနေလည်း ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။