စပိန်မှတောင်မကြာခဏ ဂိ နေတဲ့ ဒမ်ဘီလီက ပရီးမီးယားလိဂ်ကိုလာဖို့ နီးစပ်နေတယ်တဲ့
ဘာစီလိုနာအသင်းတောင်ပံကစားသမား အူစမာနီဒမ်ဘီလီဟာ
ဆောင်းရာသီဈေးကွက်အဆုံးသတ်မယ့်
တနင်္လာနေ့သန်း ခေါင်ယံမတိုင်ခင်မှာ ပရီးမီးယားလိဂ်ကလပ်တစ်ခုကို
ပြောင်းရွှေ့လိမ့်မယ်လို့ အင်္ဂလိပ်သတင်းစာတွေမှာဖော်ပြနေကြပါ တယ်။
ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ဒမ်ဘီလီ ဟာလာမယ့်နွေရာသီမှာဘာစီလိုနာနဲ့
စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့
အဆင်မပြေတော့တဲ့အတွက် သူ့ကိုအခုခေါ်ယူချင်ရင်
ပေါင် ၁၈ သန်းနဲ့ရရှိမှာဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့
အင်္ဂလိပ်ကလပ်အချို့ကကမ်းလှမ်းခဲ့ကြပေမယ့်
လက်ရှိမှာတော့သူ့အေးဂျင့်နဲ့ဆွေးနွေးနေတဲ့
ပရီးမီးယားလိဂ်ကလပ် ၂ ခုသာ ရှိနေပြီး နာမည်ကိုတော့မသိရသေးဘူးလို့
Daily Mail ကဖော်ပြခဲ့ပါတယ်။
သူ့ကိုစိတ်ဝင်စားနေတဲ့ကလပ်တွေထဲမှာ နယူး ကာဆယ်လည်းပါဝင်နေပေမယ့်
လက်ရှိသူတို့ရဲ့ဖွဲ့စည်းပုံအရ ကစားသမားရဲ့တစ်ပတ်လစာ
ပေါင် ၂၁၀၀၀၀ ဆိုတာများလွန်း နေတဲ့အပြင်
ဒမ်ဘီလီ ကလည်းဥရောပဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့
ကလပ်တစ်ခုဆီကိုသာပြောင်းချင်လို့ ဖြစ်မြောက်ဖို့အလှမ်း ဝေးနေပါတယ်။
သူဟာလက်ရှိမှာစာချုပ်သစ်အတွက်ဆွေးနွေးမှုအဆင်မပြေပေမယ့်
နည်းပြဇာဗီနဲ့တွေ့ဆုံပြီးနောက် ပရော်ဖက်ရှင်နယ်ပီသ စွာ
လေ့ကျင့်ခန်းတွေကောင်းစွာလုပ်ဖို့နဲ့ ပေးဆပ်မှုအပြည့်နဲ့
ကစားဖို့ သဘောတူခဲ့သူပါ။
ဒါပေမယ့်ဘာစီလိုနာဟာ ဝုဗ်အ သင်းတောင်ပံကစားသမားဖြစ်ပြီး
ကလပ်ရဲ့လာမာစီယာအကယ်ဒမီကထွက်ပေါ်လာသူဖြစ်တဲ့
တောင်ပံကစားသမား ထရာ အိုရေး ကိုခေါ်ယူလိုက်ပြီဖြစ်လို့
ဒမ်ဘီလီဟာအသင်းသစ်တစ်ခုကိုမဖြစ်မနေရှာရတော့မှာဖြစ်ပါတယ်။
ကလပ်ဘုတ်အဖွဲ့က လည်း ဒမ်ဘီလီ ထွက်သွားမှသာတိုက်စစ်မှူး တစ်ဦးကို
မှတ်ပုံတင်နိုင်မှာဖြစ်လို့ သူ့ကိုအမြန်ဆုံးပြောင်းစေချင်နေတာပါ။
လက်ရှိမှာဘာစီလိုနာဟာ အက်သလက်တီကိုတိုက်စစ်မှူး
မိုရာတာ ကိုလည်းခေါ်ယူနိုင်ဖို့ကြိုးစားနေပါတယ်။
ဒမ်ဘီလီ ဟာ လာ လီဂါလိုပြိုင်ပွဲမျိုးမှာတောင်ဒဏ်ရာမကြာခဏရနေတဲ့အတွက်
ပရီးမီးယားလိဂ်ကိုလာရင် ပိုဆိုးနိုင်တယ်လို့လည်းသုံးသပ် နေကြပါတယ်။
zawgyi
လာလီဂါလိုပြိုင်ပွဲမျိုးမှာတောင်ဒဏ်ရာမကြာခဏရနေတဲ့ ဒမ်ဘီလီ ပရီးမီးယားလိဂ်ကိုလာရင် ပိုဆိုးနိုင်တယ်လို သုံးသပ်နေကြ