လာလီဂါရဲ့ပါဝါကို ရီးရဲလ်နဲ့ ဗီလာရီးရဲလ်တို့က ပြသလိုက်တာပဲလို့ ဇာဗီ ထောက်ပြ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မနေ့ညက

ရီးရဲလ်နဲ့ ဗီလာရီးရဲလ်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
တက်ရောက်နိုင်ခဲ့တာက လာလီဂါရဲ့ပါဝါကို ပြသနေတာပဲ
ဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပြီး ဘာစီလိုနာအသင်းလည်း
ရာသီသစ်ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။
ရီးရဲလ်ဟာ လက်ရှိချန်ပီယံ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်သလို

ဗီလာရီးရဲလ်ကလည်း အသင်းကြီး ဘိုင်ယန်ကို အံ့အားသင့်ဖွယ်
နောက်ကောက်ချနိုင်ခဲ့တာဖြစ်ပြီး ဇာဗီရဲ့ဘာစီလိုနာက
မနက်ဖြန်ညမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်
ဒု-အကျော့ပွဲစဉ်အဖြစ် ဖရန့်ဖတ်ကို ဧည့်ခံရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဇာဗီကတော့ ပြည်တွင်းပြိုင်ဘက်တွေရဲ့

စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး သူတို့က
လာလီဂါရဲ့အရည်အသွေးကို သက်သေပြခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
”မနေ့ကပွဲတွေကို ကြည့်လိုက်တာနဲ့ လာလီဂါက
ပရီးမီးယားလိဂ်ရဲ့အနောက် အဝေးကြီးမှာ
ရှိမနေဘူးဆိုတာ ခင်ဗျားတို့ သိလာပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်နေပါစေ၊ လာလီဂါက
လာလီဂါလိုပဲဖြစ်နေမှာဖြစ်ပြီး အရမ်းကို
ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်အဖြစ် အမြဲတမ်းရှိနေမှာပါ။
ကျွန်တော်လည်း ၂ပွဲစလုံး ကြည့်ဖြစ်ပါတယ်။
ကိုယ်က ဘောလုံးပရိသတ်လေ။ ကျွန်တော်တို့ရဲ့

အဓိကပစ်မှတ်ကလည်း ချန်ပီယံလိဂ်မှာ
ပြန်လည်ကစားခွင့်ရရေးပါပဲ။ ဒါနဲ့ စကားမစပ်
ဗီလာရီးရဲလ်က အခုဆိုရင် အသင်းကြီးဖြစ်နေပြီနော်။
ဟုတ်တယ်မလား။ ခင်ဗျား ပြုစုထားတဲ့အသင်းကြီးစာရင်းမှာ
ဗီလာရီးရဲလ်ကိုလည်း ထည့်သင့်နေပါပြီ”လို့ ဇာဗီက ပြောပါတယ်။

ဘာစီလိုနာဟာ ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ
တတိယသာရခဲ့ပြီး ၆ပွဲမှာ ၂ပွဲပဲ အနိုင်ရကာ ယူရိုပါလိဂ်ဘက် ရောက်လာရတာပါ။
ဘာစီလိုနာဟာ လာလီဂါမှာ ထိပ်ဆုံးက
ဦးဆောင်နေတဲ့ ရီးရဲလ်နဲ့ ၁၂ မှတ်အကွာ ဒုတိယနေရာမှာ
ရပ်တည်နေပြီး ဖလားလက်မဲ့မဖြစ်ရေးအတွက်

အဖြစ်နိုင်ဆုံးဖလားကတော့ ယူရိုပါလိဂ်ဖလားပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဇာဗီကတော့ ခါးသီးပြိုင်ဘက် ရီးရဲလ်ရဲ့
အောင်မြင်မှုတွေကြောင့် သူတို့အသင်း ယူရိုပါလိဂ်
ချန်ပီယံဖြစ်ဖို့ ဖိအားဝင်နေတယ်ဆိုတဲ့မှတ်ချက်တွေကို ငြင်းဆန်သွားပါတယ်။
”ဘာစီလိုနာရဲ့သမိုင်းကြောင်းကပဲ ကျွန်တော်တို့ကို တွန်းအားပေးနေတာပါ။

ရီးရဲလ်ကြောင့်မဟုတ်ပါဘူး။ ရီးရဲလ်ကို ကျွန်တော်တို့ ကြည့်နေတာမဟုတ်ပါဘူး။
ဘာစီလိုနာအသင်းရဲ့သမိုင်းကြောင်းက ကျွန်တော်တို့ရဲ့အကြီးမားဆုံး
ဖိအားဖြစ်သလို အကြီးမားဆုံးတာဝန်ယူမှုလည်းဖြစ်ပါတယ်”လို့ ဇာဗီက ပြောပါတယ်။

Zawgyi

လာလီဂါရဲ႕ပါ၀ါကို ရီးရဲလ္နဲ႔ ဗီလာရီးရဲလ္တုိ႔က ျပသလုိက္တာပဲလုိ႔ ဇာဗီ ေထာက္ျပ
ဘာစီလုိနာအသင္းနည္းျပ ဇာဗီက မေန႔ညက
ရီးရဲလ္နဲ႔ ဗီလာရီးရဲလ္တုိ႔ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္
တက္ေရာက္ႏိုင္ခဲ့တာက လာလီဂါရဲ႕ပါ၀ါကို ျပသေနတာပဲ

ျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ၿပီး ဘာစီလုိနာအသင္းလည္း
ရာသီသစ္ခ်န္ပီယံလိဂ္မွာ ပါ၀င္ခြင့္ရဖို႔ အေျခအေနေကာင္းေနပါတယ္။
ရီးရဲလ္ဟာ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္ႏိုင္ခ့ဲတာျဖစ္သလို
ဗီလာရီးရဲလ္ကလည္း အသင္းႀကီး ဘုိင္ယန္ကို အံ့အားသင့္ဖြယ္
ေနာက္ေကာက္ခ်ႏိုင္ခဲ့တာျဖစ္ၿပီး ဇာဗီရဲ႕ဘာစီလုိနာက

မနက္ျဖန္ညမွာ ယူရိုပါလိဂ္ကြာတားဖုိင္နယ္
ဒု-အေက်ာ့ပြဲစဥ္အျဖစ္ ဖရန္႔ဖတ္ကို ဧည့္ခံရမွာျဖစ္ပါတယ္။
ဒါေပမဲ့ ဇာဗီကေတာ့ ျပည္တြင္းၿပိဳင္ဘက္ေတြရဲ႕
စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးလုိက္ၿပီး သူတုိ႔က
လာလီဂါရဲ႕အရည္အေသြးကို သက္ေသျပခဲ့တာျဖစ္ေၾကာင္း ဆုိပါတယ္။

”မေန႔ကပြဲေတြကုိ ၾကည့္လုိက္တာနဲ႔ လာလီဂါက
ပရီးမီးယားလိဂ္ရဲ႕အေနာက္ အေ၀းႀကီးမွာ
ရွိမေနဘူးဆုိတာ ခင္ဗ်ားတုိ႔ သိလာပါလိမ့္မယ္။
ဘယ္လုိပဲျဖစ္ေနပါေစ၊ လာလီဂါက
လာလီဂါလုိပဲျဖစ္ေနမွာျဖစ္ၿပီး အရမ္းကို

ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့လိဂ္အျဖစ္ အၿမဲတမ္းရွိေနမွာပါ။
ကၽြန္ေတာ္လည္း ၂ပြဲစလုံး ၾကည့္ျဖစ္ပါတယ္။
ကိုယ္က ေဘာလုံးပရိသတ္ေလ။ ကၽြန္ေတာ္တုိ႔ရဲ႕
အဓိကပစ္မွတ္ကလည္း ခ်န္ပီယံလိဂ္မွာ
ျပန္လည္ကစားခြင့္ရေရးပါပဲ။ ဒါနဲ႔ စကားမစပ္

ဗီလာရီးရဲလ္က အခုဆုိရင္ အသင္းႀကီးျဖစ္ေနၿပီေနာ္။
ဟုတ္တယ္မလား။ ခင္ဗ်ား ျပဳစုထားတဲ့အသင္းႀကီးစာရင္းမွာ
ဗီလာရီးရဲလ္ကိုလည္း ထည့္သင့္ေနပါၿပီ”လုိ႔ ဇာဗီက ေျပာပါတယ္။
ဘာစီလုိနာဟာ ယခုရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ
တတိယသာရခဲ့ၿပီး ၆ပြဲမွာ ၂ပြဲပဲ အႏိုင္ရကာ ယူရိုပါလိဂ္ဘက္ ေရာက္လာရတာပါ။

ဘာစီလုိနာဟာ လာလီဂါမွာ ထိပ္ဆုံးက
ဦးေဆာင္ေနတဲ့ ရီးရဲလ္နဲ႔ ၁၂ မွတ္အကြာ ဒုတိယေနရာမွာ
ရပ္တည္ေနၿပီး ဖလားလက္မဲ့မျဖစ္ေရးအတြက္
အျဖစ္ႏိုင္ဆုံးဖလားကေတာ့ ယူရိုပါလိဂ္ဖလားပဲျဖစ္ပါတယ္။
ဒါေပမဲ့ ဇာဗီကေတာ့ ခါးသီးၿပိဳင္ဘက္ ရီးရဲလ္ရဲ႕

ေအာင္ျမင္မႈေတြေၾကာင့္ သူတုိ႔အသင္း ယူရိုပါလိဂ္
ခ်န္ပီယံျဖစ္ဖို႔ ဖိအား၀င္ေနတယ္ဆုိတဲ့မွတ္ခ်က္ေတြကို ျငင္းဆန္သြားပါတယ္။
”ဘာစီလုိနာရဲ႕သမုိင္းေၾကာင္းကပဲ ကၽြန္ေတာ္တုိ႔ကို တြန္းအားေပးေနတာပါ။
ရီးရဲလ္ေၾကာင့္မဟုတ္ပါဘူး။ ရီးရဲလ္ကို ကၽြန္ေတာ္တုိ႔ ၾကည့္ေနတာမဟုတ္ပါဘူး။
ဘာစီလုိနာအသင္းရဲ႕သမိုင္းေၾကာင္းက ကၽြန္ေတာ္တို႔ရဲ႕အႀကီးမားဆုံး

ဖိအားျဖစ္သလုိ အႀကီးမားဆုံးတာ၀န္ယူမႈလည္းျဖစ္ပါတယ္”လုိ႔ ဇာဗီက ေျပာပါတယ္။