လာလီဂါနဲ့ပတ်သက်လို့ လှောင်ပြောင်နေမှုကို အကောင်းဆုံးတုံ့ပြန်လိုက်တဲ့ ဗီလာရီးရဲလ်

ဗီလာရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ

ဘွန်ဒက်စ်လီဂါအင်အားကြီးကလပ် ဘိုင်ယန်ကို
အံ့အားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် လာလီဂါက
လယ်သမားလိဂ်ဖြစ်နေပြီဆိုတဲ့ ဝေဖန်မှုတွေကို
အကောင်းဆုံးတုံ့ပြန်သွားပါတယ်။
ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းတဲ့

လိဂ်ဖြစ်တယ်ဆိုတဲ့အကြောင်း ဒီတစ်ပတ်ထဲ လူပြောများခဲ့ပြီး
အထူးသဖြင့် မန်စီးတီးနဲ့ လီဗာပူးတို့က ကမ္ဘာ့အကောင်းဆုံး
ကလပ်တွေအဖြစ် အများစုက သတ်မှတ်ထားကြပါတယ်။
မန်စီးတီးနဲ့လီဗာပူးတို့ဟာ တနင်္ဂနွေနေ့က ပွဲကြီးပွဲကောင်းအဖြစ်
၂-၂ ဂိုး သရေကစားခဲ့ပေမယ့် ယမန်နေ့ညမှာတော့

နောက်ထပ်ပရီးမီးယားလိဂ်ကိုယ်စားပြု ချဲလ်ဆီးက
ရီးရဲလ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်မှာ လာလီဂါကိုယ်စားပြုအသင်းက
ဖြုတ်ချလိုက်တာ ချဲလ်ဆီးတစ်သင်းတည်းမဟုတ်ဘဲ
ဗီလာရီးရဲလ်ကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့

ရေပန်းစားနေတဲ့ ဘိုင်ယန်ကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင်
နှစ်ကျော့ပေါင်း ၂-၁ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လာလီဂါကလပ်တွေဟာ
နာမည်ဂုဏ်သတင်းကျော်စောမှုနဲ့ပတ်သက်လို့
မှေးမှိန်သွားပြီး အထူးသဖြင့် ရော်နယ်ဒိုနဲ့

မက်ဆီတို့ ထွက်ခွာသွားချိန်မှာတော့ လာလီဂါကို
လယ်သမားလိဂ်အဖြစ် တခြားလိဂ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရီးရဲလ်နဲ့အတူ
တက်ရောက်နိုင်ခဲ့ပြီးနောက် ဗီလာရီးရဲလ်က အသင်းရဲ့
တွစ်တာလူမှုမီဒီယာပေ့ချ်ကနေ ဝေဖန်မှုတွေကို

လှောင်ပြောင်လိုက်တာဖြစ်ပြီး ချန်ပီယံလိဂ်လိုဂိုမှာ
ယူအီးအက်ဖ်အေလယ်သမားလိဂ်လို့ စာသားပြောင်းကာ
လယ်ထွန်စက်ပေါ်မှာ လယ်သမားကြီးတစ်ဦး လက်မထောင်နေတဲ့ပုံကို
တင်ကာ Welcome to ဆိုတဲ့
စာသားပါ တင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်ဟာ ယမန်နှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ
ယူနိုက်တက်ကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး
အုပ်စုအဆင့်မှာ ယူနိုက်တက်ကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ရပေမယ့်
အုပ်စုနောက်ဆုံးပွဲမှာ အတ္တလန္တာကို အနိုင်ရခဲ့လို့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။
ဗီလာရီးရဲလ်ဟာ ၁၆သင်းအဆင့်မှာလည်း စီးရီးအေအင်အားကြီး

ဂျူဗင်တပ်စ်ကို အံ့အားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့ပြီး
ကွာတားဖိုင်နယ်မှာ ပိုမိုကြီးကျယ်တဲ့အောင်ပွဲအဖြစ်
ဘိုင်ယန်ကို နှစ်ကျော့စလုံး ရှုံးပွဲမရှိကစားကာ အနိုင်ရခဲ့ပါတယ်။
ဗီလာရီးရဲလ်ဟာ ဆီမီးဖိုင်နယ်မှာ ပရီးမီးယားလိဂ်အင်အားကြီး
လီဗာပူးနဲ့ တွေ့ဖို့များနေပြီး လီဗာပူးက ကွာတားဖိုင်နယ်

ပ-အကျော့အဖြစ် ပေါ်တူဂီမြေမှာ ဘင်ဖီကာကို ၁-၃ ဂိုးနဲ့အနိုင်ရထားပါတယ်။

Zawgyi

လာလီဂါနဲ႔ပတ္သက္လုိ႔ ေလွာင္ေျပာင္ေနမႈကို အေကာင္းဆုံးတုံ႔ျပန္လိုက္တဲ့ ဗီလာရီးရဲလ္

ဗီလာရီးရဲလ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ
ဘြန္ဒက္စ္လီဂါအင္အားႀကီးကလပ္ ဘုိင္ယန္ကို
အံ့အားသင့္ဖြယ္ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ လာလီဂါက
လယ္သမားလိဂ္ျဖစ္ေနၿပီဆုိတဲ့ ေ၀ဖန္မႈေတြကို
အေကာင္းဆုံးတုံ႔ျပန္သြားပါတယ္။

ပရီးမီးယားလိဂ္က ကမၻာေပၚမွာ ဘယ္ေလာက္ေကာင္းတဲ့
လိဂ္ျဖစ္တယ္ဆိုတဲ့အေၾကာင္း ဒီတစ္ပတ္ထဲ လူေျပာမ်ားခဲ့ၿပီး
အထူးသျဖင့္ မန္စီးတီးနဲ႔ လီဗာပူးတုိ႔က ကမၻာ့အေကာင္းဆုံး
ကလပ္ေတြအျဖစ္ အမ်ားစုက သတ္မွတ္ထားၾကပါတယ္။
မန္စီးတီးနဲ႔လီဗာပူးတို႔ဟာ တနဂၤေႏြေန႔က ပြဲႀကီးပြဲေကာင္းအျဖစ္

၂-၂ ဂိုး သေရကစားခဲ့ေပမယ့္ ယမန္ေန႔ညမွာေတာ့
ေနာက္ထပ္ပရီးမီးယားလိဂ္ကိုယ္စားျပဳ ခ်ဲလ္ဆီးက
ရီးရဲလ္ကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရပါတယ္။
ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာ လာလီဂါကိုယ္စားျပဳအသင္းက
ျဖဳတ္ခ်လုိက္တာ ခ်ဲလ္ဆီးတစ္သင္းတည္းမဟုတ္ဘဲ

ဗီလာရီးရဲလ္ကလည္း ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖုိ႔
ေရပန္းစားေနတဲ့ ဘုိင္ယန္ကို အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္
ႏွစ္ေက်ာ့ေပါင္း ၂-၁ ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း လာလီဂါကလပ္ေတြဟာ
နာမည္ဂုဏ္သတင္းေက်ာ္ေစာမႈနဲ႔ပတ္သက္လုိ႔

ေမွးမွိန္သြားၿပီး အထူးသျဖင့္ ေရာ္နယ္ဒိုနဲ႔
မက္ဆီတုိ႔ ထြက္ခြာသြားခ်ိန္မွာေတာ့ လာလီဂါကို
လယ္သမားလိဂ္အျဖစ္ တျခားလိဂ္ပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ရီးရဲလ္နဲ႔အတူ
တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ဗီလာရီးရဲလ္က အသင္းရဲ႕

တြစ္တာလူမႈမီဒီယာေပ့ခ်္ကေန ေ၀ဖန္မႈေတြကို
ေလွာင္ေျပာင္လုိက္တာျဖစ္ၿပီး ခ်န္ပီယံလိဂ္လိုဂိုမွာ
ယူအီးအက္ဖ္ေအလယ္သမားလိဂ္လုိ႔ စာသားေျပာင္းကာ
လယ္ထြန္စက္ေပၚမွာ လယ္သမားႀကီးတစ္ဦး လက္မေထာင္ေနတဲ့ပုံကို
တင္ကာ Welcome to ဆုိတဲ့

စာသားပါ တင္ခဲ့ပါတယ္။
ဗီလာရီးရဲလ္ဟာ ယမန္ႏွစ္ယူရိုပါလိဂ္ဗုိလ္လုပြဲမွာ
ယူႏုိက္တက္ကို အႏိုင္ရၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့တာျဖစ္ၿပီး
အုပ္စုအဆင့္မွာ ယူႏုိက္တက္ကို ႏွစ္ေက်ာ့စလုံး အေရးနိမ့္ခဲ့ရေပမယ့္
အုပ္စုေနာက္ဆုံးပြဲမွာ အတၱလႏၱာကို အႏုိင္ရခဲ့လို႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္။

ဗီလာရီးရဲလ္ဟာ ၁၆သင္းအဆင့္မွာလည္း စီးရီးေအအင္အားႀကီး
ဂ်ဴဗင္တပ္စ္ကို အ့ံအားသင့္ဖြယ္ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး
ကြာတားဖိုင္နယ္မွာ ပိုမိုႀကီးက်ယ္တဲ့ေအာင္ပြဲအျဖစ္
ဘုိင္ယန္ကို ႏွစ္ေက်ာ့စလုံး ရံႈးပြဲမရွိကစားကာ အႏိုင္ရခဲ့ပါတယ္။
ဗီလာရီးရဲလ္ဟာ ဆီမီးဖုိင္နယ္မွာ ပရီးမီးယားလိဂ္အင္အားႀကီး

လီဗာပူးနဲ႔ ေတြ႕ဖုိ႔မ်ားေနၿပီး လီဗာပူးက ကြာတားဖုိင္နယ္
ပ-အေက်ာ့အျဖစ္ ေပၚတူဂီေျမမွာ ဘင္ဖီကာကို ၁-၃ ဂိုးနဲ႔အႏိုင္ရထားပါတယ္။