လာလီဂါစတော့မှာဖြစ်ပေမယ့် ကစားသမားမှတ်ပုံတင်ကိစ္စ မပြီးပြတ်သေးတဲ့ ဘာစီလိုနာ

ဗယ်လီကာနိုနဲ့ကစားမယ့် ရာသီသစ်အဖွင့်ပွဲမတိုင်ခင်အထိ ကစားသမားသစ်တချိုကို ဘာစီလိုနာ စာရင်းသွင်းဖို ကျန်နေသေးတယ်လို သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာဟာ လာလီဂါရဲ့တင်းကျပ်တဲ့ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့

ကိုက်ညီဖိုအတွက် အသင်းရဲ့ငွေကြေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းနေရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကစားသမားသစ်တွေရဲ့လစာနှုန်းထားတွေလည်း ပါဝင်နေတာပါ။ ဘာစီလိုနာအနေနဲ့ ကစားသမားသစ် တွေရဲ့လစာပေးချေမှုအတွက် လာလီဂါဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီအောင်

အသင်းရဲ့အနာဂတ်ဝင်ငွေ အမြောက်အများကိုရောင်းချထားခဲ့တယ်လိုလည်းသိရပါတယ်။ အဓိကအနေနဲ့ တိုက်စစ်မှူးသစ် လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတိုလို လစာမြင့်မားတဲ့ ကစားတွေအတွက် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက်ညီဖိုကြိုးစားနေရတာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ခံလူတွေဖြစ်တဲ့ ကွန်ဒီနဲ့ ခရစ္စတိန်းဆန်၊ ကွင်းလယ်လူ ကပ်ဆီတိုလည်း စားရင်းသွင်းဖို ကျန်နေတဲ့ အထဲမှာပါဝင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ငွေကြေးဆိုင်ရာအကျပ်အတည်းတွေရှိနေတဲ့ကြားက

ရာသီသစ်အတွက်ပြင်ဆင်မှုအနေနဲ့ လစာနှုန်းထားမြင့်မားတဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ လိဒ်တိုက်စစ်မှူး ရာဖင်ဟာနဲ့ နောက်ခံ လူတွေဖြစ်တဲ့ ကွန်ဒီနဲ့ခရစ္စတိန်းဆန်၊ ကွင်းလယ်လူ ကပ်ဆီတိုကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အနေနဲ့ အသင်းရဲ့ဘဏ္ဍရေးအခက်အခဲကြောင့် ကွင်းလယ် လူဒီဂျောင်ကိုရောင်းချဖိုပြင်ဆင်ပေမယ့် လက်ရှိ အချိန်ထိတော့ မန်ယူနဲ့သဘောတူညီမှုမရသေးဘူးဖြစ်နေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ သာ

ဆက်နေဖိုဆန္ဒရှိနေတာပါ။ ဒီဂျောင်သာ ဘာစီလိုနာမှာ ဆက်နေမယ်ဆိုရင် လစာအဖြတ်ခံရဖိုရှိနေသလို အသင်းမှာကာလရှည်ရှိနေတဲ့ ပီကေးကိုယ်တိုင်းလည်း လစာအလျော့ခံရမယ့် ကစားသမားစာရင်းမှာ ထိပ်ဆုံးက

ပါဝင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ကစားသစ်တွေကို စာရင်းသွင်းဖိုအတွက် လာလီဂါဘဏ္ဍာ ရေးစည်းမျဉ်းနဲ့ကိုက်ညီအောင် မဖြစ်မနေ ကျန်ကစားသမားတွေရဲ့လစာကိုပါလျော့ချရမယ့်အနေ အထားလည်းဖြစ်နေပါတယ်။

လာလီဂါလိဂ် အဖွဲချုပ်ကတော့ ဘာစီလိုနာအနေနဲ့ ရာသီသစ်မစတင်ခင်မှာ ကစားသမားသစ်တွေ စာရင်းသွင်းမှုကိုအပြီးသတ် လုပ်ဆောင်နိုင်မယ်လိုယုံကြည်နေပါတယ်။

(zawgyi)

ဗယ္လီကာႏိုနဲ႔ကစားမယ့္ ရာသီသစ္အဖြင့္ပြဲမတိုင္ခင္အထိ ကစားသမားသစ္တခ်ိဳကို ဘာစီလိုနာ စာရင္းသြင္းဖို က်န္ေနေသးတယ္လို သိရပါတယ္။ လက္ရွိမွာ ဘာစီလိုနာဟာ လာလီဂါရဲ႕တင္းက်ပ္တဲ့ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီဖိုအတြက္

အသင္းရဲ႕ေငြေၾကးဆိုင္ရာျပႆနာေတြကို ေျဖရွင္းေနရတာျဖစ္ပါတယ္။ အဲဒီထဲမွာ ကစားသမားသစ္ေတြရဲ႕လစာႏႈန္းထားေတြလည္း ပါဝင္ေနတာပါ။ ဘာစီလိုနာအေနနဲ႔ ကစားသမားသစ္ ေတြရဲ႕လစာေပးေခ်မႈအတြက္ လာလီဂါဘ႑ာေရးစည္းမ်ဥ္းေတြနဲ႔ကိုက္ညီေအာင္

အသင္းရဲ႕အနာဂတ္ဝင္ေငြ အေျမာက္အမ်ားကိုေရာင္းခ်ထားခဲ့တယ္လိုလည္းသိရပါတယ္။ အဓိကအေနနဲ႔ တိုက္စစ္မႉးသစ္ လီဝန္ေဒါစကီးနဲ႔ ရာဖင္ဟာတိုလို လစာျမင့္မားတဲ့ ကစားေတြအတြက္ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ကိုက္ညီဖိုႀကိဳးစားေနရတာျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ခံလူေတြျဖစ္တဲ့ ကြန္ဒီနဲ႔ ခရစၥတိန္းဆန္၊ ကြင္းလယ္လူ ကပ္ဆီတိုလည္း စားရင္းသြင္းဖို က်န္ေနတဲ့ အထဲမွာပါဝင္ေနတာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ေငြေၾကးဆိုင္ရာအက်ပ္အတည္းေတြရွိေနတဲ့ၾကားက ရာသီသစ္အတြက္ျပင္ဆင္မႈအေနနဲ႔

လစာႏႈန္းထားျမင့္မားတဲ့ ဘိုင္ယန္တိုက္စစ္မႉး လီဝန္ေဒါစကီး၊ လိဒ္တိုက္စစ္မႉး ရာဖင္ဟာနဲ႔ ေနာက္ခံ လူေတြျဖစ္တဲ့ ကြန္ဒီနဲ႔ခရစၥတိန္းဆန္၊ ကြင္းလယ္လူ ကပ္ဆီတိုကိုေခၚယူထားခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာ အေနနဲ႔ အသင္းရဲ႕ဘ႑ေရးအခက္အခဲေၾကာင့္

ကြင္းလယ္ လူဒီေဂ်ာင္ကိုေရာင္းခ်ဖိုျပင္ဆင္ေပမယ့္ လက္ရွိ အခ်ိန္ထိေတာ့ မန္ယူနဲ႔သေဘာတူညီမႈမရေသးဘူးျဖစ္ေနပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း ဘာစီလိုနာမွာ သာဆက္ေနဖိုဆႏၵရွိေနတာပါ။ ဒီေဂ်ာင္သာ ဘာစီလိုနာမွာ ဆက္ေနမယ္ဆိုရင္

လစာအျဖတ္ခံရဖိုရွိေနသလို အသင္းမွာကာလရွည္ရွိေနတဲ့ ပီေကးကိုယ္တိုင္းလည္း လစာအေလ်ာ့ခံရမယ့္ ကစားသမားစာရင္းမွာ ထိပ္ဆုံးက ပါဝင္ေနတာျဖစ္ပါတယ္။ ဘာစီလိုနာအေနနဲ႔ ကစားသစ္ေတြကို စာရင္းသြင္းဖိုအတြက္ လာလီဂါဘ႑ာ ေရးစည္းမ်ဥ္းနဲ႔ကိုက္ညီေအာင္

မျဖစ္မေန က်န္ကစားသမားေတြရဲ႕လစာကိုပါေလ်ာ့ခ်ရမယ့္အေန အထားလည္းျဖစ္ေနပါတယ္။ လာလီဂါလိဂ္ အဖြဲခ်ဳပ္ကေတာ့ ဘာစီလိုနာအေနနဲ႔ ရာသီသစ္မစတင္ခင္မွာ ကစားသမားသစ္ေတြ စာရင္းသြင္းမႈကိုအၿပီးသတ္ လုပ္ေဆာင္ႏိုင္မယ္လိုယုံၾကည္ေနပါတယ္။