
ဘာစီလိုနာအသင်းနည်းပြဇာဗီက သူတို့အသင်းဟာ လာလီဂါချန်ပီယံဆုအတွက်
ပြေးလမ်းပေါ်မှာရှိနေဆဲလို့ ယူဆနေပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက
ရီးယဲလ်အသင်းမှာ ဗိုလ်စွဲဖို့အခွင့်အရေးကောင်းတွေရှိနေပြီလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အန်ဆယ်လော့တီရဲ့ရီးယဲလ်အသင်းဟာ ပွဲစဉ်(၂၇)ပွဲကစားပြီးချိန်မှာ
(၆၃)မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာကဆီဗီလာအသင်းကို
(၈)မှတ်ဖြတ်ထားနိုင်တာကြောင့် ချန်ပီယံဖြစ်ဖို့အခြေအနေကောင်းနေပါတယ်။
ဒီရာသီမှာ ရလဒ်တွေယိမ်းယိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းကတော့
ဇာဗီလက်ထက်မှာ တည်ငြိမ်မှုပြန်ရလာပေမယ့်
ရီးယဲလ်နဲ့အမှတ်ကွာဟချက်များနေပြီး (၄၈)မှတ်နဲ့
အဆင့်(၃)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနည်းပြအဖြစ် ဇာဗီ စတင်ကိုင်တွယ်ခဲ့ချိန်ကစလို့
ဒီတစ်ပတ်မတိုင်ခင်အထိ ဘာစီလိုနာအသင်း ရမှတ်ပေါင်း(၃၁)မှတ်အထိရယူခဲ့ပြီး
ဒီကာလအတွင်း သူတို့ထက်အမှတ်ရမှုပိုများတာဆိုလို့ ရီးယဲလ်(၃၆မှတ်)သာရှိပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ဇာဗီလက်ထက်မှာ တစ်ပွဲပျမ်းမျှ(၂.၂၁)မှတ်ရရှိခဲ့ပြီး
နည်းပြဟောင်းရော်နယ်လ်ကိုးမန်းလက်ထက်မှာတော့ (၁.၅)မှတ်သာရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုလောလောဆယ် ရီးယဲလ်အသင်းနဲ့(၁၅)မှတ်အထိကွာဟနေပေမယ့်
ဘာစီလိုနာအသင်းမှာ ပွဲကျန်တစ်ပွဲကစားဖို့ကျန်ရှိနေတာကြောင့်
အမှတ်ကွာဟချက်ကို လျှော့ချနိုင်မယ့်အနေအထားပါပဲ။
အဲဒါကြောင့် ဇာဗီက လာလီဂါချန်ပီယံဆုရယူဖို့ ခက်ခဲသွားပြီဖြစ်ပေမယ့်
မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ ကြုံးဝါးပြောဆိုခဲ့တာပါ။
ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဆုရယူနိုင်မလားလို့
မီဒီယာတွေကမေးမြန်းခဲ့တော့ ဇာဗီက “သချင်္ာနည်းအရ
ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်ဖို့မျှော်လင့်ချက်ရှိနေတာကြောင့်
ချန်ပီယံဘာလို့မဖြစ်နိုင်ရမှာလဲ။ တခြားအသင်းတွေ ခြေချော်ခဲ့ပေမယ့်
ရီးယဲလ်အသင်းကတော့ တည်ငြိမ်မှုအပြည့်ရှိခဲ့ပါတယ်။
လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ဖို့က ခက်ခဲပေမယ့် မဖြစ်နိုင်တဲ့
အနေအထားတော့မဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
zawgyi
လာလီဂါခ်န္ပီယံဆုဆြတ္ခူးႏိုင္ဖို႔က ခက္ခဲေပမယ့္ မျဖစ္ႏိုင္တဲ့ အေနအထားေတာ့မဟုတ္ပါဘူး -ဇာဗီ
ဘာစီလိုနာအသင္းနည္းျပဇာဗီက သူတို႔အသင္းဟာ လာလီဂါခ်န္ပီယံဆုအတြက္
ေျပးလမ္းေပၚမွာရွိေနဆဲလို႔ ယူဆေနေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးက
ရီးယဲလ္အသင္းမွာ ဗိုလ္စြဲဖို႔အခြင့္အေရးေကာင္းေတြရွိေနၿပီလို႔ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
အန္ဆယ္ေလာ့တီရဲ႕ရီးယဲလ္အသင္းဟာ ပြဲစဥ္(၂၇)ပြဲကစားၿပီးခ်ိန္မွာ
(၆၃)မွတ္နဲ႔ ဦးေဆာင္ေနၿပီး ဒုတိယေနရာကဆီဗီလာအသင္းကို
(၈)မွတ္ျဖတ္ထားႏိုင္တာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔အေျခအေနေကာင္းေနပါတယ္။
ဒီရာသီမွာ ရလဒ္ေတြယိမ္းယိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းကေတာ့
ဇာဗီလက္ထက္မွာ တည္ၿငိမ္မႈျပန္ရလာေပမယ့္
ရီးယဲလ္နဲ႔အမွတ္ကြာဟခ်က္မ်ားေနၿပီး (၄၈)မွတ္နဲ႔
အဆင့္(၃)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းနည္းျပအျဖစ္ ဇာဗီ စတင္ကိုင္တြယ္ခဲ့ခ်ိန္ကစလို႔
ဒီတစ္ပတ္မတိုင္ခင္အထိ ဘာစီလိုနာအသင္း ရမွတ္ေပါင္း(၃၁)မွတ္အထိရယူခဲ့ၿပီး
ဒီကာလအတြင္း သူတို႔ထက္အမွတ္ရမႈပိုမ်ားတာဆိုလို႔ ရီးယဲလ္(၃၆မွတ္)သာရွိပါတယ္။
ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ ဇာဗီလက္ထက္မွာ တစ္ပြဲပ်မ္းမွ်(၂.၂၁)မွတ္ရရွိခဲ့ၿပီး
နည္းျပေဟာင္းေရာ္နယ္လ္ကိုးမန္းလက္ထက္မွာေတာ့ (၁.၅)မွတ္သာရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အခုေလာေလာဆယ္ ရီးယဲလ္အသင္းနဲ႔(၁၅)မွတ္အထိကြာဟေနေပမယ့္
ဘာစီလိုနာအသင္းမွာ ပြဲက်န္တစ္ပြဲကစားဖို႔က်န္ရွိေနတာေၾကာင့္
အမွတ္ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္မယ့္အေနအထားပါပဲ။
အဲဒါေၾကာင့္ ဇာဗီက လာလီဂါခ်န္ပီယံဆုရယူဖို႔ ခက္ခဲသြားၿပီျဖစ္ေပမယ့္
မျဖစ္ႏိုင္တဲ့ကိစၥမဟုတ္ဘူးလို႔ ႀကဳံးဝါးေျပာဆိုခဲ့တာပါ။
ဘာစီလိုနာအသင္း လာလီဂါခ်န္ပီယံဆုရယူႏိုင္မလားလို႔
မီဒီယာေတြကေမးျမန္းခဲ့ေတာ့ ဇာဗီက “သခ်ၤာနည္းအရ
ကြၽန္ေတာ္တို႔အသင္း ခ်န္ပီယံျဖစ္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနတာေၾကာင့္
ခ်န္ပီယံဘာလို႔မျဖစ္ႏိုင္ရမွာလဲ။ တျခားအသင္းေတြ ေျခေခ်ာ္ခဲ့ေပမယ့္
ရီးယဲလ္အသင္းကေတာ့ တည္ၿငိမ္မႈအျပည့္ရွိခဲ့ပါတယ္။
လာလီဂါခ်န္ပီယံဆုဆြတ္ခူးႏိုင္ဖို႔က ခက္ခဲေပမယ့္ မျဖစ္ႏိုင္တဲ့
အေနအထားေတာ့မဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။