လာမယ့်(၂၄)နာရီအတွင်း  အဲဗာတန် နည်းပြသစ်ဖြစ်လာမယ့် လမ်းပတ်

ချယ်လ်ဆီးနည်းပြဟောင်းလမ်းပတ်ဟာ အဲဗာတန်အသင်း

နည်းပြသစ်ဖြစ်လာဖို့နီးစပ်နေပြီဖြစ်ပြီး လာမယ့်(၂၄)နာရီအတွင်း

အတည်ပြုသတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။

အဲဗာတန်နည်းပြသစ်အဖြစ် အတည်ပြုသတင်းမထုတ်ပြရသေးပေမယ့်

လမ်းပတ်နဲ့အတူ လက်ထောက်နည်းပြခန့်မယ့်သူတွေကို

ရွေးချယ်ထားပြီဖြစ်ပြီး ချယ်လ်ဆီးလက်ထောက်နည်းပြတွေဖြစ်တဲ့

ဂျိုးအက်ဝက်ဒ်၊ အန်သိုနီဘယ်ရီတို့ဟာ လမ်းပတ်ကို စာချုပ်ချုပ်ဆိုပြီးတာနဲ့

အဲဗာတန်အသင်းကိုပြောင်းရွှေ့မှာဖြစ်ပါတယ်။

ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင်

ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့တဲ့ လမ်းပတ်ဟာ

နည်းပြဘဝမှာတော့ရုန်းကန်ခဲ့ရပြီး ၂၀၁၉-၂၀ ရာသီမှာ

ပရီးမီးယားလိဂ်အဆင့်(၄)၊ FA ဖလားဗိုလ်လုပွဲပို့ဆောင်ပေးခဲ့ပေမယ့်

ဒုတိယမြောက်ရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့်

၂၀၂၁၊ ဇန်နဝါရီလမှာ ရာထူးကအထုတ်ခံခဲ့ရပါတယ်။

ချယ်လ်ဆီးနည်းပြအဖြစ် (၁၈)လကြာတာဝန်ထမ်းဆောင်ခဲ့သူ

လမ်းပတ်ဟာ (၁)နှစ်နီးပါးအကြာမှာ အဲဗာတန်အသင်းနဲ့အတူ

နည်းပြလောကထဲ ပြန်ဝင်လာတော့မှာဖြစ်ပြီး

အဲဗာတန်ပရိသတ်တွေကလည်း လမ်းပတ်ကို နည်းပြအဖြစ်ကြိုဆိုနေကြပါတယ်။

အဲဗာတန်အသင်းဟာ ရလဒ်ဆိုးတွေကြောင့်

ဘင်နီတက်ဇ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီး အခုလောလောဆယ်

(၁၉)မှတ်နဲ့ တန်းဆင်းဇုန်ထဲက နယူးကာဆယ်ထက်(၄)မှတ်အကွာ

အဆင့်(၁၆)နေရာမှာရပ်တည်နေတာကြောင့်

လမ်းပတ်အနေနဲ့ အဲဗာတန်အသင်းလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာဖို့အတွက်

ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။

တကယ်လို့ အဲဗာတန်အသင်းသာ လမ်းပတ်ကို နည်းပြသစ်အဖြစ်

တရားဝင်ခန့်အပ်မယ်ဆိုရင် အသင်းပိုင်ရှင်ဖာဟက်ဒ်မိုရှီရီလက်ထက်

(၇)ဦးမြောက်နည်းပြဖြစ်လာမှာဖြစ်သလို ပြီးခဲ့တဲ့နည်းပြ(၆)ဦးအတွက်

ပေါင်(၅၈၅)သန်းအထိအသုံးပြုခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့မရခဲ့ပါဘူး။

zawgyi

လာမယ့္(၂၄)နာရီအတြင္း  အဲဗာတန္ နည္းျပသစ္ျဖစ္လာမယ့္ လမ္းပတ္

ခ်ယ္လ္ဆီးနည္းျပေဟာင္းလမ္းပတ္ဟာ အဲဗာတန္အသင္

းနည္းျပသစ္ျဖစ္လာဖို႔နီးစပ္ေနၿပီျဖစ္ၿပီး လာမယ့္(၂၄)နာရီအတြင္း

အတည္ျပဳသတင္းထုတ္ျပန္သြားဖို႔ရွိေနပါတယ္။

အဲဗာတန္နည္းျပသစ္အျဖစ္ အတည္ျပဳသတင္းမထုတ္ျပရေသးေပမယ့္

လမ္းပတ္နဲ႔အတူ လက္ေထာက္နည္းျပခန႔္မယ့္သူေတြကို

ေ႐ြးခ်ယ္ထားၿပီျဖစ္ၿပီး ခ်ယ္လ္ဆီးလက္ေထာက္နည္းျပေတြျဖစ္တဲ့

ဂ်ိဳးအက္ဝက္ဒ္၊ အန္သိုနီဘယ္ရီတို႔ဟာ လမ္းပတ္ကို စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတာနဲ႔

အဲဗာတန္အသင္းကိုေျပာင္းေ႐ႊ႕မွာျဖစ္ပါတယ္။ ကစားသမားဘဝမွာ

ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္

ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူခဲ့တဲ့ လမ္းပတ္ဟာ

နည္းျပဘဝမွာေတာ့႐ုန္းကန္ခဲ့ရၿပီး ၂၀၁၉-၂၀ ရာသီမွာ

ပရီးမီးယားလိဂ္အဆင့္(၄)၊ FA ဖလားဗိုလ္လုပြဲပို႔ေဆာင္ေပးခဲ့ေပမယ့္

ဒုတိယေျမာက္ရာသီမွာေတာ့ ရလဒ္ဆိုးေတြေၾကာင့္

၂၀၂၁၊ ဇန္နဝါရီလမွာ ရာထူးကအထုတ္ခံခဲ့ရပါတယ္။

ခ်ယ္လ္ဆီးနည္းျပအျဖစ္ (၁၈)လၾကာတာဝန္ထမ္းေဆာင္ခဲ့သူ

လမ္းပတ္ဟာ (၁)ႏွစ္နီးပါးအၾကာမွာ အဲဗာတန္အသင္းနဲ႔အတူ

နည္းျပေလာကထဲ ျပန္ဝင္လာေတာ့မွာျဖစ္ၿပီး

အဲဗာတန္ပရိသတ္ေတြကလည္း လမ္းပတ္ကို နည္းျပအျဖစ္

ႀကိဳဆိုေနၾကပါတယ္။ အဲဗာတန္အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္

ဘင္နီတက္ဇ္ကို ရာထူးကထုတ္ပယ္ခဲ့ၿပီး အခုေလာေလာဆယ္

(၁၉)မွတ္နဲ႔ တန္းဆင္းဇုန္ထဲက နယူးကာဆယ္ထက္(၄)မွတ္အကြာ

အဆင့္(၁၆)ေနရာမွာရပ္တည္ေနတာေၾကာင့္

လမ္းပတ္အေနနဲ႔ အဲဗာတန္အသင္းလမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာဖို႔အတြက္

ႀကီးမားတဲ့စိန္ေခၚမႈနဲ႔ရင္ဆိုင္ရဖို႔ရွိေနပါတယ္။

တကယ္လို႔ အဲဗာတန္အသင္းသာ လမ္းပတ္ကို နည္းျပသစ္အျဖစ္

တရားဝင္ခန႔္အပ္မယ္ဆိုရင္ အသင္းပိုင္ရွင္ဖာဟက္ဒ္မိုရွီရီလက္ထက္

(၇)ဦးေျမာက္နည္းျပျဖစ္လာမွာျဖစ္သလို ၿပီးခဲ့တဲ့နည္းျပ(၆)ဦးအတြက္

ေပါင္(၅၈၅)သန္းအထိအသုံးျပဳခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈေတာ့မရခဲ့ပါဘူး။