
လာမယ့်ရာသီ သူဘယ်မှာကစားမယ်ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း
ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘက်ပီက အခိုင်အမာပြောကြားလိုက်ပါတယ်။
အဲဒီပြင်သစ်သားဟာ အခုရာသီအကုန်ဖြစ်တဲ့
လာမယ့်နွေမှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်မယ့်သူဖြစ်ပြီး
ရီးရဲလ်ကိုရောက်ဖို့ သတင်းကြီးနေတာပါ။
အမ်ဘက်ပီဟာ ရီးရဲလ်နဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
ပထမအကျော့ပွဲစဉ်မှာလည်း ပီအက်စ်ဂျီအတွက်
တစ်လုံးတည်းသောအနိုင်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်မှာ
တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးတော့ ရုပ်သံတစ်ခုက သူ့အနာဂါတ်အကြောင်းမေးမြန်းရာမှာ
အမ်ဘက်ပီက”အဲဒီအတွက် ကျွန်တော်မဆုံးဖြတ်ရသေးပါဘူး။
ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုဖြစ်တဲ့
ပီအက်စ်ဂျီအတွက် ကစားပေးနေတာပါ။
ဒီပွဲက ကျွန်တော့်အနာဂါတ်ကို လွှမ်းမိုးနိုင်သလားဆိုရင် နိုးပါ။
ကျွန်တော်မဆုံးဖြတ်ရသေးဘူး။ အကောင်းဆုံးကစားပေးမယ်။
ပြီးရင် လာမယ့်ရာသီမှာ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့”လို့ စပိန်လို ဖြေကြားခဲ့ပါတယ်။
အမ်ဘက်ပီဟာ လာမယ့် ၃ ပတ်အတွင်းမှာ ဒုတိယအကျော့အဖြစ်
ရီးရဲလ်အိမ်ကွင်း ဘာနေဗျူးကို သွားရောက်ရဖို့ ရှိပါတယ်။
မက်ဆီပင်နယ်တီလွဲခဲ့တဲ့ ရီးရဲလ်နဲ့ပထမအကျော့မှာ ပီအက်စ်ဂျီဟာ
သရေကျမလိုဖြစ်ခဲ့ပေမယ့် အမ်ဘက်ပီရဲ့ဂိုးကြောင့် အရေးပါတဲ့နိုင်ပွဲရရှိခဲ့တာပါ။
အမ်ဘက်ပီဟာ ဒီရာသီပီအက်စ်ဂျီရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပြီး
ပြိုင်ပွဲအရပ်ရပ် ၂၂ ဂိုးသွင်းယူပေးထားပါတယ်။
ဒါကြောင့် ပီအက်စ်ဂျီဘက်က သူတို့ရဲ့အဓိကကစားသမားကို
ဆက်ထိန်းလိုပေမယ့် ကာယကံရှင်ကတော့
ရီးရဲလ်ကို ပြောင်းရွှေ့ကစားလိုနေပါတယ်။
ရီးရဲလ်ကလည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက
အမ်ဘက်ပီကို ကမ်းလှမ်းမှုလုပ်ခဲ့တာပါ။
zawgyi
လာမယ့်ရာသီ သူဘယ်မှာကစားမယ်ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း စပိန်လို ပြောကြားခဲ့တဲ့ အမ်ဘက်ပီ