လာမယ့်ဇန်နဝါရီမှာ အဲဗာတန်ကို လုခ်ရှော ရောက်သွားတော့မှာလား

အင်္ဂလန်အခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဗာတန်ဟာ မန်ယူ ဘယ်နောက်ခံလူ လုခ်ရှောကို ခေါ်ယူဖို့ စိုင်းပြင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် ရှိနေပြီဖြစ်တဲ့ လုခ်ရှောဟာ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်းရလာပြီဖြစ်သလို ဖီယင်နုက ပြောင်းရွှေ့လာခဲ့တဲ့

မာလာစီယာရှိနေပေမဲ့လည်း အကောင်ဖြစ်နေတဲ့ ဝါရင့် ကစားသမား တစ်ယောက်အဖြစ် ရှိနေပါတယ်။ အင်္ဂလန် နောက်ခံလူဟာ ဒီရာသီမှာ မန်ယူ အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ

ကစားပေးထားပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါ တယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာလည်း မန်ယူရဲ့ တစ်လုံးတည်း သော ချေပဂိုးမှာလည်း ပါဝင်ပတ်သက်မှု

ရှိခဲ့သူပါ။ ဒါကြောင့် အသင်းရဲ့ ဘယ်ခြမ်း တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ဖို့အတွက် လုခ်ရှောကို ခေါ်ယူဖို့ အဲဗာတန်ဟာ မန်ယူနဲ့ စကားပြောဆို

ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ စကားပြောဆိုဖို့ ကြံံရွယ်နေတဲ့ အဆင့်မျိုးသာ ရှိနေသေးတာကြောင့် ကာယကံရှင် ကစားသမားကတော့

အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သိ ရပါတယ်။ လုခ်ရှောရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီ ရောက်ရင်ကုန်ဆုံးမှာဖြစ်ပြီး

မန်ယူူအနေနဲ့ နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်တော့ရှိနေပါသေးတယ်။ ဒါပေမဲ့ မန်ယူနဲ့ လုခ်ရှောတို့ကြားမှာလည်း စာချုပ်သက်တမ်းတိုးဖို့အတွက်

စကားပြောဆိုဆွေးနွေးတာမျိုးတွေ လုံး၀ မရှိသေးဘူးလို့ အင်္ဂလန်အခြေစိုက် သတင်းတွေက ရေးသားဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက

မိုင်ကိုလန်ကို ကို အသင်းဆီ ခေါ်ယူထားခဲ့ပေမဲ့ အဲဗာတန်ဟာ နောက်ထပ် ဘယ်နောက်ခံလူတစ်ယောက် အင်အားဖြည့် တင်းချင်နေတာမျိုးရှိပြီး လုခ်ရှောကို အမိအရ

ခေါ်ယူဖို့ ကြိုးစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူကရိန်း လက်ရွေးစင် ကစားသမား မိုင်ကိုလန်ကိုဟာ အဲဗာတန်နဲ့အတူ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားခွင့် ရထားပေမဲ့ နည်းပြ လမ်းပတ်ဟာ

တိုက်စစ်ကို ပိုပြီး အထောက်အပံ့ပေးနိုင်တဲ့ ဘယ်နောက်ခံ ကစားသမား တစ်ယောက်ကို လိုချင်နေတာကြောင့် လုခ်ရှောကို ချိန်ရွယ်နေတာဖြစ်တယ် လို့ သိရပါတယ်။

(Zawgyi)

လာမယ့္ဇန္နဝါရီမွာ အဲဗာတန္ကို လုခ္ေရွာ ေရာက္သြားေတာ့မွာလား

အဂၤလန္အေျခစိုက္ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္ဟာ မန္ယူ ဘယ္ေနာက္ခံလူ လုခ္ေရွာကို ေခၚယူဖို႔ စိုင္းျပင္းေနၿပီျဖစ္တယ္လို႔ သိရပါ တယ္။

အသက္ ၂၇ ႏွစ္ ရွိေနၿပီျဖစ္တဲ့ လုခ္ေရွာဟာ နည္းျပတန္ဟတ္ရဲ႕ လက္ေအာက္မွာ ပုံမွန္ေျခစြမ္းရလာၿပီျဖစ္သလို ဖီယင္ႏုက ေျပာင္းေ႐ႊ႕လာ ခဲ့တဲ့

မာလာစီယာရွိေနေပမဲ့လည္း အေကာင္ျဖစ္ေနတဲ့ ဝါရင့္ ကစားသမား တစ္ေယာက္အျဖစ္ ရွိေနပါတယ္။ အဂၤလန္ ေနာက္ခံလူဟာ ဒီရာသီမွာ မန္ယူ အတြက္ ၿပိဳင္ပြဲစုံ ၁၄ ပြဲ

ကစားေပးထားၿပီး ဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါ တယ္။ ေနာက္ဆုံး ကစားခဲ့တဲ့ ဗီလာနဲ႔ ပြဲစဥ္မွာလည္း မန္ယူရဲ႕ တစ္လုံးတည္း ေသာ ေခ်ပဂိုးမွာလည္း ပါဝင္ပတ္သက္မႈ ရွိခဲ့သူပါ။

ဒါေၾကာင့္ အသင္းရဲ႕ ဘယ္ျခမ္း တိုက္စစ္နဲ႔ ခံစစ္ကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းႏိုင္ဖို႔အတြက္ လုခ္ေရွာကို ေခၚယူဖို႔ အဲဗာတန္ဟာ မန္ယူနဲ႔ စကားေျပာဆို

ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ စကားေျပာဆိုဖို႔ ႀကံံ႐ြယ္ေနတဲ့ အဆင့္မ်ိဳးသာ ရွိေနေသးတာေၾကာင့္ ကာယကံရွင္ ကစားသမားကေတာ့

အိုးလ္ထရက္ဖို႔ဒ္ကလပ္နဲ႔အတူ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵရွိေနတယ္လို႔ သိ ရပါတယ္။ လုခ္ေရွာရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ လာမယ့္ ေႏြရာသီ ေရာက္ရင္ကုန္ဆုံးမွာျဖစ္ၿပီး မန္ယူူအေနနဲ႔

ေနာက္ထပ္ တစ္ႏွစ္ သက္တမ္း တိုးခြင့္ေတာ့ ရွိေနပါေသးတယ္။ ဒါေပမဲ့ မန္ယူနဲ႔ လုခ္ေရွာတို႔ၾကားမွာလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္

စကားေျပာဆိုေဆြးေႏြးတာမ်ိဳးေတြ လုံး၀ မရွိေသးဘူးလို႔ အဂၤလန္အေျခစိုက္ သတင္းေတြက ေရးသားေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက မိုင္ကိုလန္ကို ကို အသင္းဆီ ေခၚယူထားခဲ့ေပမဲ့ အဲဗာတန္ေနာက္ ေနာက္ထပ္ ဘယ္ေနာက္ခံလူတစ္ေယာက္

အင္အားျဖည့္ တင္းခ်င္ေနတာမ်ိဳးရွိၿပီး လုခ္ေရွာကို အမိအရ ေခၚယူဖို႔ ႀကိဳးစားသြားဖို႔ ရွိေန တယ္လို႔ သိရပါတယ္။ ယူကရိန္း လက္ေ႐ြးစင္ ကစားသမား မိုင္ကိုလန္ကို ဟာ

အဲဗာတန္နဲ႔အတူ ၿပိဳင္ပြဲစုံ ၁၄ ပြဲ ကစားခြင့္ ရထားေပမဲ့ နည္းျပ လမ္းပတ္ ဟာ တိုက္စစ္ကို ပိုၿပီး အေထာက္အပံ့ေပးႏိုင္တဲ့ ဘယ္ေနာက္ခံ ကစားသမား

တစ္ေယာက္ကို လိုခ်င္ေနတာေၾကာင့္ လုခ္ေရွာကို ခ်ိန္႐ြယ္ေနတာျဖစ္တယ္ လို႔ သိရပါတယ္။