လမ်းပတ်၊ ဂျရတ်တို့ကို နှိပ်ကွပ်အပြီး နယူးကာဆယ်ရဲ့ ခြေနေ

ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်ရဲ့ထောက်ပံ့ပေးမှုနဲ့အတူ

ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာတဲ့ နယူးကာဆယ်ဟာ မနေ့ညက

အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၈

နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်
ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်နိုင်ခဲ့တဲ့မှတ်တမ်းကိုရရှိသွားပါတယ်။

ဒီလို ၃ ပွဲဆက်နိုင်ခဲ့တဲ့အတွက် နယူးကာဆယ်ဟာလည်း တန်းဆင်းဇုန်နဲ့

၄ မှတ်အကွာကိုရောက်ရှိသွားလို့ တန်းမဆင်းရဖို့အတွက် မျှော်လင့်ချက်

အားကောင်းလာခဲ့တယ်လို့ လည်း ဆိုရမှာဖြစ်ပါတယ်။

အက်ဒီဟိုဝီရဲ့ နယူးကာဆယ်ဟာ လိဒ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့တစ်ပတ်ကလည်း

လမ်းပတ်ကိုင်တွယ်နေတဲ့ အဲဗာတန်ကို ၃-၁ နဲ့အနိုင်ရခဲ့သေးတာပါ။ မနေ့ညကလည်း လမ်းပတ်နဲ့

ခေတ်ပြိုင်ကစားသမားဖြစ်ခဲ့တဲ့ ဂျရတ်ကိုင်တွယ်နေတဲ့ ဗီလာကိုထပ်ပြီးနိုင်ခဲ့လို့

ပိုင်ရှင်သစ်တွေရဲ့လက်ထဲမှာ နယူးကာဆယ်ဟာ လမ်းကြောင်းမှန်ပေါ်

ရောက်လာတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အတွက်

တစ်လုံးတည်းသောအနိုင်ဂိုးကို ထရစ်ပီယာက ၃၅ မိနစ်မှာ ဖရီးကစ်ကနေ

တစ်ဆင့်သွင်းယူပေးခဲ့တာပါ။ ဒီအင်္ဂလန်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ

အက်သလက်တီကိုကနေပြောင်းလာတဲ့သူဖြစ်ပေမယ့် ဖရီးကစ်ကနေ

၂ ဂိုးရရှိထားပြီးဖြစ်လို့ ဆောက်သမ်တန်က ဂျိမ်းစ်ဝါ့ဒ်ပရို့စ်နဲ့အတူ

ဒီရာသီပရီးမီးယားလိဂ်မှာ တိုက်ရိုက်ဖရီးကစ် ကနေဂိုးအများဆုံးသွင်းသူအဖြစ်

ပူးတွဲရပ်တည်နေပါတယ်။ နယူးကာဆယ်ဟာ လိဒ်နဲ့ပွဲမှာတုန်းကလည်း

ရှယ်ဗေးရဲ့ဖရီးကစ်ကနေ ဂိုးရခဲ့သေးလို့ ၉ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ

ဖရီးကစ်ကနေ ၃ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးအသင်းလည်းဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေ ၃ ပွဲဆက်ဂိုးရခဲ့တဲ့နောက်ဆုံးအသင်းက

လီဗာပူးဖြစ်ပြီး ၂၀၁၃ မှာရခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပိုင်ရှင်သစ်နဲ့အတူ

နည်းပြသစ်အဖြစ် ဟိုဝီ ကိုခန့်ခဲ့ပြီးနောက်ချက်ခြင်းဆိုသလို ပုံစံမပြောင်းခဲ့ပေမယ့်

အခုဆိုရင်တော့ လမ်းကြောင်းမှန်ပေါ်ရောက်လာခဲ့တာပါ။

သူတို့ဟာဒီရာသီ ပရီးမီးယားလိဂ်ပထမဆုံးပွဲ ၂၀ မှာတစ်ပွဲသာနိုင်ခဲ့ပေမယ့် အခုဆိုရင်

၂၀၁၈ နောက်ပိုင်းအိမ်ကွင်း ၂ ပွဲဆက်အနိုင်နဲ့အတူ ၃ ပွဲဆက်အနိုင်ရခဲ့တာပါ။

ဟိုဝီစတင်ကိုင်တွယ်ခဲ့တဲ့ နိုဝင်ဘာလတုန်းက နယူးကာဆယ်ဟာ တန်းဆင်းဇုန်ကနေလွတ်ဖို့

၅ မှတ်လိုအပ်ခဲ့ပေမယ့် အခုချိန်မှာတော့ တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာအထိ

ရောက်ရှိလာခဲ့တဲ့အပြင် အဆင့် ၁၀ ကအသင်းနဲ့လည်း ၈ မှတ်သာကွာပါတော့တယ်။

Zawgyi

လမ္းပတ္၊ ဂ်ရတ္တို႔ကို ႏွိပ္ကြပ္အၿပီး နယူးကာဆယ္ရဲ့ ေျခေန

ေဆာ္ဒီအိမ္ေရွ႕မင္းသား ဘင္ဆယ္လ္မန္ရဲ႕ေထာက္ပံ့ေပးမႈနဲ႔အတူ

ကမာၻ႔အခ်မ္းသာဆုံးကလပ္ျဖစ္လာတဲ့ နယူးကာဆယ္ဟာ မေန႔ညက

အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာ ၁-၀ နဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၁၈

ႏိုဝင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္
ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္ႏိုင္ခဲ့တဲ့မွတ္တမ္းကိုရရွိသြားပါတယ္။

ဒီလို ၃ ပြဲဆက္ႏိုင္ခဲ့တဲ့အတြက္ နယူးကာဆယ္ဟာလည္း တန္းဆင္းဇုန္နဲ႔

၄ မွတ္အကြာကိုေရာက္ရွိသြားလို႔ တန္းမဆင္းရဖို႔အတြက္ ေမွ်ာ္လင့္ခ်က္

အားေကာင္းလာခဲ့တယ္လို႔ လည္း ဆိုရမွာျဖစ္ပါတယ္။

 

အက္ဒီဟိုဝီရဲ႕ နယူးကာဆယ္ဟာ လိဒ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့တစ္ပတ္ကလည္း

လမ္းပတ္ကိုင္တြယ္ေနတဲ့ အဲဗာတန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့ေသးတာပါ။ မေန႔ညကလည္း လမ္းပတ္နဲ႔

ေခတ္ၿပိဳင္ကစားသမားျဖစ္ခဲ့တဲ့ ဂ်ရတ္ကိုင္တြယ္ေနတဲ့ ဗီလာကိုထပ္ၿပီးႏိုင္ခဲ့လို႔

ပိုင္ရွင္သစ္ေတြရဲ႕လက္ထဲမွာ နယူးကာဆယ္ဟာ လမ္းေၾကာင္းမွန္ေပၚ

ေရာက္လာတယ္လို႔ ယူဆရမွာျဖစ္ပါတယ္။ ဒီပြဲမွာ နယူးကာဆယ္အတြက္

တစ္လုံးတည္းေသာအႏိုင္ဂိုးကို ထရစ္ပီယာက ၃၅ မိနစ္မွာ ဖရီးကစ္ကေန

တစ္ဆင့္သြင္းယူေပးခဲ့တာပါ။ ဒီအဂၤလန္သားဟာ ၿပီးခဲ့တဲ့ဇန္နဝါရီကမွ

အက္သလက္တီကိုကေနေျပာင္းလာတဲ့သူျဖစ္ေပမယ့္ ဖရီးကစ္ကေန

၂ ဂိုးရရွိထားၿပီးျဖစ္လို႔ ေဆာက္သမ္တန္က ဂ်ိမ္းစ္ဝါ့ဒ္ပ႐ို႕စ္နဲ႔အတူ

ဒီရာသီပရီးမီးယားလိဂ္မွာ တိုက္႐ိုက္ဖရီးကစ္ ကေနဂိုးအမ်ားဆုံးသြင္းသူအျဖစ္

ပူးတြဲရပ္တည္ေနပါတယ္။ နယူးကာဆယ္ဟာ လိဒ္နဲ႔ပြဲမွာတုန္းကလည္း

ရွယ္ေဗးရဲ႕ဖရီးကစ္ကေန ဂိုးရခဲ့ေသးလို႔ ၉ ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ

ဖရီးကစ္ကေန ၃ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းလည္းျဖစ္လာပါတယ္။

ပရီးမီးယားလိဂ္မွာ ဖရီးကစ္ကေန ၃ ပြဲဆက္ဂိုးရခဲ့တဲ့ေနာက္ဆုံးအသင္းက

လီဗာပူးျဖစ္ၿပီး ၂၀၁၃ မွာရခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္ဟာ ပိုင္ရွင္သစ္နဲ႔အတူ

နည္းျပသစ္အျဖစ္ ဟိုဝီ ကိုခန႔္ခဲ့ၿပီးေနာက္ခ်က္ျခင္းဆိုသလို ပုံစံမေျပာင္းခဲ့ေပမယ့္

အခုဆိုရင္ေတာ့ လမ္းေၾကာင္းမွန္ေပၚေရာက္လာခဲ့တာပါ။

 

သူတို႔ဟာဒီရာသီ ပရီးမီးယားလိဂ္ပထမဆုံးပြဲ ၂၀ မွာတစ္ပြဲသာႏိုင္ခဲ့ေပမယ့္ အခုဆိုရင္

၂၀၁၈ ေနာက္ပိုင္းအိမ္ကြင္း ၂ ပြဲဆက္အႏိုင္နဲ႔အတူ ၃ ပြဲဆက္အႏိုင္ရခဲ့တာပါ။

ဟိုဝီစတင္ကိုင္တြယ္ခဲ့တဲ့ ႏိုဝင္ဘာလတုန္းက နယူးကာဆယ္ဟာ တန္းဆင္းဇုန္ကေနလြတ္ဖို႔

၅ မွတ္လိုအပ္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ တန္းဆင္းဇုန္နဲ႔ ၄ မွတ္အကြာအထိ

ေရာက္ရွိလာခဲ့တဲ့အျပင္ အဆင့္ ၁၀ ကအသင္းနဲ႔လည္း ၈ မွတ္သာကြာပါေတာ့တယ္။