
သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ
အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှုးသီယာရီဟင်နရီကိုကျော်ဖြတ်နိုင်ခဲ့လို့
ဝမ်းမြောက်မိကြောင်း စပါးတိုက်စစ်မှုးဟယ်ရီကိန်းက ဖွင့်ဟလိုက်ပါတယ်။
အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ အဲဗာတန်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့
တနင်္လာညပရီးမီးယာလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီးတော့
ဟင်နရီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၇၆ ဂိုးနဲ့ ဟင်နရီရဲ့၁၇၅ ဂိုးစံချိန်ကို
ကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
”ဟင်နရီဟာ ကျွန်တော်တို့တွေ့ဖူးသမျှ အကြီးကျယ်ဆုံး
ပရီးမီးယားလိဂ်တိုက်စစ်မှုးတွေထဲက တစ်ယောက်ပါ။
ဒါကြောင့် သူ့ရဲ့အထက်ကိုရောက်သွားတာဟာ ကောင်းမွန်တဲ့မှတ်တိုင်တစ်ခုပါပဲ”လို့
ဟယ်ရီကိန်းက ပွဲအပြီးမှာ Sky Sports ရုပ်သံကို ပြောခဲ့တာပါ။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ
အဆင့် ၆ နေရာတက်လှမ်းခဲ့တာဖြစ်ပြီး သူ့အထက်က
လမ်းပတ်နဲ့လည်း တစ်ဂိုးသာသွာပါတယ်။
ကိန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်တဲ့
အလန်ရှီးယားရဲ့ ဂိုး ၂၆၀ စံချိန်ကို မီနိုင်ဖို့ကတော့ ၈၄ ဂိုးလိုနေသေးတာပါ။
ဒါပေမဲ့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်က နယူးကာဆယ်ကြယ်ပွင့်ဟောင်း
အလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက်
သူ့အနေနဲ့ အချိန်ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။
”ကျွန်တော့်မှာ နောက်ထပ်နှစ်အများကြီးရှိသေးတယ်လို့ ခံစားရပါတယ်။
ဒါကြောင့် ကျွန်တော့်ရှေ့က ဒီနာမည်တွေကို မီနိုင်ဦးမှာဖြစ်ပြီး
အသင်းကိုလည်း သွင်းဂိုးတွေနဲ့ ကူညီပေးဦးမှာပါ။
ကျွန်တော်တို့ ဘယ်မှာ အဆုံးသတ်မလဲဆိုတာ ဆက်ကြည့်ကြတာပေါ့”လို့
ဟယ်ရီကိန်းက ဆက်လက်ပြောကြားခဲ့တာပါ။
နောက်ဆုံးနိုင်ပွဲကြောင့် စပါးဟာ အမှတ်ပေးဇယားမှာ
သူတို့အထက် အဆင့် ၆ က ဝက်စ်ဟမ်းနဲ့ ရမှတ်တူဖြစ်သွားပြီး
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပြန်ရှိလာပါတယ်။
စပါးဟာ လာမယ့်စနေမှာ မန်ယူနဲ့အဝေးကွင်းကစားရမှာပါ။
zawgyi
လမ္းပတ္ထက္လည္းတစ္ဂိုးသာ ဟင္နရီကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ဝမ္းေျမာက္မိေၾကာင္း ဟယ္ရီကိန္းက ဖြင့္ဟ
သမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ
အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႈးသီယာရီဟင္နရီကိုေက်ာ္ျဖတ္ႏိုင္ခဲ့လို႔
ဝမ္းေျမာက္မိေၾကာင္း စပါးတိုက္စစ္မႈးဟယ္ရီကိန္းက ဖြင့္ဟလိုက္ပါတယ္။
အဲဒီအဂၤလန္တိုက္စစ္မႈးဟာ အဲဗာတန္ကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့
တနလၤာညပရီးမီးယာလိဂ္ပြဲစဥ္မွာ ၂ ဂိုးသြင္းယူၿပီးေတာ့
ဟင္နရီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
ပရီးမီးယားလိဂ္သြင္းဂိုး စုစုေပါင္း ၁၇၆ ဂိုးနဲ႔ ဟင္နရီရဲ႕၁၇၅ ဂိုးစံခ်ိန္ကို
ေက်ာ္ျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။
”ဟင္နရီဟာ ကြၽန္ေတာ္တို႔ေတြ႕ဖူးသမွ် အႀကီးက်ယ္ဆုံး
ပရီးမီးယားလိဂ္တိုက္စစ္မႈးေတြထဲက တစ္ေယာက္ပါ။
ဒါေၾကာင့္ သူ႔ရဲ႕အထက္ကိုေရာက္သြားတာဟာ ေကာင္းမြန္တဲ့မွတ္တိုင္တစ္ခုပါပဲ”လို႔
ဟယ္ရီကိန္းက ပြဲအၿပီးမွာ Sky Sports ႐ုပ္သံကို ေျပာခဲ့တာပါ။
ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ
အဆင့္ ၆ ေနရာတက္လွမ္းခဲ့တာျဖစ္ၿပီး သူ႔အထက္က
လမ္းပတ္နဲ႔လည္း တစ္ဂိုးသာသြာပါတယ္။
ကိန္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္တဲ့
အလန္ရွီးယားရဲ႕ ဂိုး ၂၆၀ စံခ်ိန္ကို မီႏိုင္ဖို႔ကေတာ့ ၈၄ ဂိုးလိုေနေသးတာပါ။
ဒါေပမဲ့ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္က နယူးကာဆယ္ၾကယ္ပြင့္ေဟာင္း
အလန္ရွီးယားရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္
သူ႔အေနနဲ႔ အခ်ိန္ရွိေနေသးတယ္လို႔ ယုံၾကည္ေၾကာင္း ဆိုခဲ့ပါတယ္။
”ကြၽန္ေတာ့္မွာ ေနာက္ထပ္ႏွစ္အမ်ားႀကီးရွိေသးတယ္လို႔ ခံစားရပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ့္ေရွ႕က ဒီနာမည္ေတြကို မီႏိုင္ဦးမွာျဖစ္ၿပီး
အသင္းကိုလည္း သြင္းဂိုးေတြနဲ႔ ကူညီေပးဦးမွာပါ။
ကြၽန္ေတာ္တို႔ ဘယ္မွာ အဆုံးသတ္မလဲဆိုတာ ဆက္ၾကည့္ၾကတာေပါ့”လို႔
ဟယ္ရီကိန္းက ဆက္လက္ေျပာၾကားခဲ့တာပါ။
ေနာက္ဆုံးႏိုင္ပြဲေၾကာင့္ စပါးဟာ အမွတ္ေပးဇယားမွာ
သူတို႔အထက္ အဆင့္ ၆ က ဝက္စ္ဟမ္းနဲ႔ ရမွတ္တူျဖစ္သြားၿပီး
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ျပန္ရွိလာပါတယ္။
စပါးဟာ လာမယ့္စေနမွာ မန္ယူနဲ႔အေဝးကြင္းကစားရမွာပါ။