လမ်းပတ်ကြောင့် အဲဗာတန်ကို ရွေးလိုက်တဲ့ လိုင်လီကွင်းလယ်လူ အိုနာနာ

အဲဗာတန်ဟာ လိုင်လီကွင်းလယ်လူ အိုနာနာကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဗြိတိန်သတင်းတွေဖော်ပြချက်အရတော့ အဲဗာတန်ဟာ အိုနာနာ ကိုပေါင် ၃၄သန်း၊ ၅နှစ် စာချုပ်နဲ့သဘောတူညီမှုရခဲ့တာလိုဆိုပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ အိုနာနာဟာ ဥရောပထိန်တန်း လူငယ်ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အိုနာနာကိုခေါ်ယူဖိုအတွက် ဝက်စ်ဟမ်းအသင်း ကြိုးစားနေချိန်မှာပဲ အဲဗာတန်ကခေါ်ယူနိုင်ခဲ့တာပါ။

အဲဗာတန်ကိုရွေးချယ်ခဲ့တာဟာ နည်းပြလမ်းပတ်ရဲ့ ပရိသတ် တစ်ယောက်ဖြစ်တာကြောင့်လည်းပါဝင်တယ်လို အိုနာနာကဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်ဟာ အင်္ဂလန် အသင်းတွေထဲမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်သလို

သူ့ရဲ့အရည်အသွေးကို နည်းပြလမ်းပတ်အတွက်အသုံးချ ပေးချင်တာကြောင့် ပြောင်းရွှေ့ခဲ့တာလိုလည်း အိုနာနာကပြောခဲ့ပါတယ်။ “ အဲဗာတန်ကိုရွေးချယ်ခဲ့တဲအကြောင်း တွေထဲမှာ နည်းပြကြောင့်အဓိကဖြစ်ပါတယ်။

သူဟာ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ အမြင့်ဆုံး အဆင့်ထိရောက်အောင်ကစားနိုင်ခဲ့သူပါ။ အောင်မြင်မှုတွေလည်း အများကြီးရယူနိုင်ခဲ့တယ်။ သူဆီကနေသင်ယူဖို အတွက် စိတ်ဝင်စားစရာတွေအများကြီးရှိပါတယ်။

သူကလည်းကျွန်တော့်ကို သင်ပေးမယ်လိုထင်ပါတယ်”လို အိုနာနာကပြောကြားခဲ့ပါတယ်။ နည်းပြလမ်းပတ်ကိုယ်တိုင်ကလည်း အိုနာနာကိုချီးကျူးမှုတွေလုပ်ခဲ့ပြီး အဲဗာတန် ကွင်းလယ်အတွက် အမှန်တကယ်လိုအပ်တဲ့

ကစားသမားဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၀ အရွယ်သာရှိသေးတဲ့ အိုနာနာအတွက်အများကြီးတိုးတက်မှုတွေရှိလာဦးမှာဖြစ်ပြီး အဲဗာတန်ဟာ သူ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုဖြစ် ကြောင်းလည်း

နည်းပြလမ်းပတ်ကပြောခဲ့ပါတယ်။ အိုနာနာဟာ အဲဗာတန်ကိုရောက်လာတဲ့ ၅ ယောက်မြောက် ကစားသမားသစ် ဖြစ်ပြီး ကျောနံပါတ် ၈ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ အိုနာနာမတိုင်ခင်မှာ

နောက်ခံလူတွေဖြစ်တဲ့ ဂျိမ်းစ်တာကောစကီး၊ ဗီနာဂရီ၊ ကော့ဒီနဲ့တိုက်စစ်မှူး မက်နေးလ်တိုကိုခေါ်ယူထားခဲ့တာပါ။ အိုနာနာဟာ လိုင်လီအတွက် ချန်ပီယံလိဂ် အပါအဝင်ပြိုင်ပွဲစုံ ၄၂ ပွဲပါဝင်ကစားပေးထားတာဖြစ်ပါတယ်။

(zawgyi)

အဲဗာတန္ဟာ လိုင္လီကြင္းလယ္လူ အိုနာနာကို ေျပာင္းေ႐ႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ၿဗိတိန္သတင္းေတြေဖာ္ျပခ်က္အရေတာ့ အဲဗာတန္ဟာ အိုနာနာ ကိုေပါင္ ၃၄သန္း၊ ၅ႏွစ္ စာခ်ဳပ္နဲ႔သေဘာတူညီမႈရခဲ့တာလိုဆိုပါတယ္။

အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ အိုနာနာဟာ ဥေရာပထိန္တန္း လူငယ္ကစားသမားေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။ အိုနာနာကိုေခၚယူဖိုအတြက္ ဝက္စ္ဟမ္းအသင္း ႀကိဳးစားေနခ်ိန္မွာပဲ အဲဗာတန္ကေခၚယူႏိုင္ခဲ့တာပါ။

အဲဗာတန္ကိုေ႐ြးခ်ယ္ခဲ့တာဟာ နည္းျပလမ္းပတ္ရဲ႕ ပရိသတ္ တစ္ေယာက္ျဖစ္တာေၾကာင့္လည္းပါဝင္တယ္လို အိုနာနာကဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ အဲဗာတန္ဟာ အဂၤလန္ အသင္းေတြထဲမွာ ထိပ္တန္းအသင္းတစ္သင္းျဖစ္သလို သူ႔ရဲ႕အရည္အေသြးကို

နည္းျပလမ္းပတ္အတြက္အသုံးခ် ေပးခ်င္တာေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့တာလိုလည္း အိုနာနာကေျပာခဲ့ပါတယ္။ “ အဲဗာတန္ကိုေ႐ြးခ်ယ္ခဲ့တဲအေၾကာင္း ေတြထဲမွာ နည္းျပေၾကာင့္အဓိကျဖစ္ပါတယ္။ သူဟာ ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ အျမင့္ဆုံး အဆင့္ထိေရာက္ေအာင္ကစားႏိုင္ခဲ့သူပါ။

ေအာင္ျမင္မႈေတြလည္း အမ်ားႀကီးရယူႏိုင္ခဲ့တယ္။ သူဆီကေနသင္ယူဖို အတြက္ စိတ္ဝင္စားစရာေတြအမ်ားႀကီးရွိပါတယ္။ သူကလည္းကြၽန္ေတာ့္ကို သင္ေပးမယ္လိုထင္ပါတယ္”လို အိုနာနာကေျပာၾကားခဲ့ပါတယ္။ နည္းျပလမ္းပတ္ကိုယ္တိုင္ကလည္း အိုနာနာကိုခ်ီးက်ဴးမႈေတြလုပ္ခဲ့ၿပီး

အဲဗာတန္ ကြင္းလယ္အတြက္ အမွန္တကယ္လိုအပ္တဲ့ ကစားသမားျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ အိုနာနာအတြက္အမ်ားႀကီးတိုးတက္မႈေတြရွိလာဦးမွာျဖစ္ၿပီး အဲဗာတန္ဟာ သူ႔အတြက္မွန္ကန္တဲ့ေ႐ြးခ်ယ္မႈျဖစ္ ေၾကာင္းလည္း

နည္းျပလမ္းပတ္ကေျပာခဲ့ပါတယ္။ အိုနာနာဟာ အဲဗာတန္ကိုေရာက္လာတဲ့ ၅ ေယာက္ေျမာက္ ကစားသမားသစ္ ျဖစ္ၿပီး ေက်ာနံပါတ္ ၈ ဝတ္ဆင္သြားမွာ ျဖစ္ပါတယ္။ အဲဗာတန္ဟာ အိုနာနာမတိုင္ခင္မွာ

ေနာက္ခံလူေတြျဖစ္တဲ့ ဂ်ိမ္းစ္တာေကာစကီး၊ ဗီနာဂရီ၊ ေကာ့ဒီနဲ႔တိုက္စစ္မႉး မက္ေနးလ္တိုကိုေခၚယူထားခဲ့တာပါ။ အိုနာနာဟာ လိုင္လီအတြက္ ခ်န္ပီယံလိဂ္ အပါအဝင္ၿပိဳင္ပြဲစုံ ၄၂ ပြဲပါဝင္ကစားေပးထားတာျဖစ္ပါတယ္။