လမ်းကြောင်းအရ ကမ္ဘာ့ဖလားကွာတားမှာ ပြင်သစ်၊ ဆီမီးမှာ ဘယ်လ်ဂျီယံ(သို့)ပေါ်တူဂီတို့နဲ့ ရင်ဆိုင်ရနိုင်တဲ့ အင်္ဂလန်

ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲကို ယမန်နေ့ညက အိမ်ရှင်အဖြစ်

လက်ခံကျင်းပမယ့် ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ရာ
အင်္ဂလန်အသင်းက အုပ်စုချောင်နေပေမယ့် နည်းပြဆောက်ဂိတ်ကတော့
အပေါ်ယံကြည့်တာထက် လှည့်ကွက်တွေများလာနိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။
ယူရို ၂၀၂၀ မှာ ဒုတိယရခဲ့တဲ့ အင်္ဂလန်ဟာ အုပ်စု B မှာ
အီရန်၊ အမေရိကန်၊ ဝေးလ်/စကော့တလန်/ယူကရိန်း အသင်းတို့နဲ့

ရင်ဆိုင်ရမှာဖြစ်ပြီး ၁၉၆၆ နောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုပထမနေ့
ကစားရမှုအဖြစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အီရန်နဲ့ကစားရမှာဖြစ်ရာ
ပရီးမီးယားလိဂ်ရာသီဝက်နားအပြီး ၈ ရက်အကြာမှာပဲ ကစားရမှာပါ။
နည်းပြဆောက်ဂိတ်ကတော့ ”ဒီအုပ်စုက ကမ္ဘာ့အဆင့်
သတ်မှတ်ထားမှုထက် ပိုပြီး လှည့်ကွက်တွေများလာနိုင်ပါတယ်။

အမေရိကန်၊ အီရန်တို့နဲ့ မတွေ့တာ ကြာနေပြီဖြစ်သလို
တတိယမြောက်အသင်းကိုလည်း မသိရသေးပါဘူး။
ဒါပေမဲ့ ဗြိတိန်ဒါဘီဖြစ်လာနိုင်ခြေရှိနေပါတယ်”လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပရီးမီးယားလိဂ်ရာသီဝက်နားအပြီး
တစ်ရက်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကာတာကို

သွားရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ
အမေရိကန်နဲ့ ရင်ဆိုင်ရမှာပါ။
အင်္ဂလန်အသင်းရဲ့နောက်ထပ်ပြိုင်ဘက်ကတော့
ဇွန်လရောက်မှ အဖြေထွက်မှာဖြစ်ပြီး
စကော့တလန်-ယူကရိန်းအတွဲမှာ အနိုင်ရမယ့်အသင်းနဲ့

ဝေးလ်နဲ့ အဆုံးအဖြတ်ပွဲကစားရမှာဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းဟာ မဲခွဲမှုအပြီးရေပန်းစားမှုစာရင်းမှာ
ဒုတိယနေရာ ရောက်လာပြီး ဘရာဇီးက
ရေပန်းအစားဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
မဲခွဲပွဲမတိုင်ခင် ရေပန်းစားမှုမှာ အင်္ဂလန်အသင်းရဲ့အထက်

ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ လက်ရှိချန်ပီယံပြင်သစ်ကတော့
မဲခွဲပွဲအပြီးမှာ တတိယနေရာ ရောက်သွားပြီး
အင်္ဂလန်အသင်းက လမ်းကြောင်းခွဲထားမှုအရ
၁၆သင်းအဆင့်မှာ အုပ်စု A က အိမ်ရှင်ကာတာ၊
အီကွေဒေါ၊ ဆီနီဂေါ၊ နယ်သာလန် တစ်သင်းသင်းနဲ့ရင်ဆိုင်ရမှာပါ။

အင်္ဂလန်ဟာ ပြင်သစ်နဲ့ လမ်းကြောင်းတစ်ခုတည်းမှာရှိနေလို့
တကယ်လို့ အုပ်စုပထမသာ အသီးသီးရခဲ့ရင် ကွာတားမှာ
သူတို့နှစ်သင်း တွေ့ဆုံမှာဖြစ်ပြီး အင်္ဂလန်အနေနဲ့
ဆီမီးဖိုင်နယ်မှာ ဘယ်လ်ဂျီယံ(သို့) ပေါ်တူဂီ၊
ဖိုင်နယ်မှာ စပိန်၊ ဂျာမနီ၊ ဘရာဇီး တစ်သင်းသင်းနဲ့ တွေ့ဆုံရနိုင်ပါတယ်။

Zawgyi

လမ္းေၾကာင္းအရ ကမၻာ့ဖလားကြာတားမွာ ျပင္သစ္၊ ဆီမီးမွာ ဘယ္လ္ဂ်ီယံ(သုိ႔)ေပၚတူဂီတုိ႔နဲ႔ ရင္ဆုိင္ရႏိုင္တဲ့ အဂၤလန္
ကမၻာ့ဖလားအုပ္စုမဲခြဲပြဲကို ယမန္ေန႔ညက အိမ္ရွင္အျဖစ္

လက္ခံက်င္းပမယ့္ ကာတာႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့ရာ
အဂၤလန္အသင္းက အုပ္စုေခ်ာင္ေနေပမယ့္ နည္းျပေဆာက္ဂိတ္ကေတာ့
အေပၚယံၾကည့္တာထက္ လွည့္ကြက္ေတြမ်ားလာႏိုင္တယ္လုိ႔ အခုိင္အမာဆုိပါတယ္။
ယူရို ၂၀၂၀ မွာ ဒုတိယရခဲ့တဲ့ အဂၤလန္ဟာ အုပ္စု B မွာ
အီရန္၊ အေမရိကန္၊ ေ၀းလ္/စေကာ့တလန္/ယူကရိန္း အသင္းတုိ႔နဲ႔

ရင္ဆုိင္ရမွာျဖစ္ၿပီး ၁၉၆၆ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အုပ္စုပထမေန႔
ကစားရမႈအျဖစ္ ႏို၀င္ဘာလ ၂၁ ရက္ေန႔မွာ အီရန္နဲ႔ကစားရမွာျဖစ္ရာ
ပရီးမီးယားလိဂ္ရာသီ၀က္နားအၿပီး ၈ ရက္အၾကာမွာပဲ ကစားရမွာပါ။
နည္းျပေဆာက္ဂိတ္ကေတာ့ ”ဒီအုပ္စုက ကမၻာ့အဆင့္
သတ္မွတ္ထားမႈထက္ ပုိၿပီး လွည့္ကြက္ေတြမ်ားလာႏိုင္ပါတယ္။

အေမရိကန္၊ အီရန္တုိ႔နဲ႔ မေတြ႕တာ ၾကာေနၿပီျဖစ္သလုိ
တတိယေျမာက္အသင္းကုိလည္း မသိရေသးပါဘူး။
ဒါေပမဲ့ ၿဗိတိန္ဒါဘီျဖစ္လာႏိုင္ေျခရွိေနပါတယ္”လုိ႔ ေျပာပါတယ္။
အဂၤလန္အသင္းဟာ ပရီးမီးယားလိဂ္ရာသီ၀က္နားအၿပီး
တစ္ရက္အၾကာ ႏို၀င္ဘာလ ၁၃ ရက္ေန႔မွာ ကာတာကို

သြားေရာက္မွာျဖစ္ၿပီး ႏို၀င္ဘာလ ၂၅ ရက္ေန႔မွာ
အေမရိကန္နဲ႔ ရင္ဆုိင္ရမွာပါ။
အဂၤလန္အသင္းရဲ႕ေနာက္ထပ္ၿပိဳင္ဘက္ကေတာ့
ဇြန္လေရာက္မွ အေျဖထြက္မွာျဖစ္ၿပီး
စေကာ့တလန္-ယူကရိန္းအတြဲမွာ အႏိုင္ရမယ့္အသင္းနဲ႔

ေ၀းလ္နဲ႔ အဆုံးအျဖတ္ပြဲကစားရမွာျဖစ္ပါတယ္။
ဒါ့အျပင္ အဂၤလန္အသင္းဟာ မဲခြဲမႈအၿပီးေရပန္းစားမႈစာရင္းမွာ
ဒုတိယေနရာ ေရာက္လာၿပီး ဘရာဇီးက
ေရပန္းအစားဆုံးအသင္းအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။
မဲခြဲပြဲမတုိင္ခင္ ေရပန္းစားမႈမွာ အဂၤလန္အသင္းရဲ႕အထက္

ဒုတိယေနရာမွာ ရပ္တည္ခဲ့တဲ့ လက္ရွိခ်န္ပီယံျပင္သစ္ကေတာ့
မဲခြဲပြဲအၿပီးမွာ တတိယေနရာ ေရာက္သြားၿပီး
အဂၤလန္အသင္းက လမ္းေၾကာင္းခြဲထားမႈအရ
၁၆သင္းအဆင့္မွာ အုပ္စု A က အိမ္ရွင္ကာတာ၊
အီေကြေဒါ၊ ဆီနီေဂါ၊ နယ္သာလန္ တစ္သင္းသင္းနဲ႔ရင္ဆုိင္ရမွာပါ။

အဂၤလန္ဟာ ျပင္သစ္နဲ႔ လမ္းေၾကာင္းတစ္ခုတည္းမွာရွိေနလုိ႔
တကယ္လို႔ အုပ္စုပထမသာ အသီးသီးရခဲ့ရင္ ကြာတားမွာ
သူတုိ႔ႏွစ္သင္း ေတြ႕ဆုံမွာျဖစ္ၿပီး အဂၤလန္အေနနဲ႔
ဆီမီးဖုိင္နယ္မွာ ဘယ္လ္ဂ်ီယံ(သုိ႔) ေပၚတူဂီ၊
ဖုိင္နယ္မွာ စပိန္၊ ဂ်ာမနီ၊ ဘရာဇီး တစ္သင္းသင္းနဲ႔ ေတြ႕ဆုံရႏိုင္ပါတယ္။