





ကာရာဘောင်းဖလားမှာ နယူးကာဆယ်ကိုရှုံးနိမ့်တာက ယူနိုက်တက်ရဲ့
တိုးတက်မှုကိုနှောင့်နှေးသွားစေမှာမဟုတ်ပေမယ့် ဒီဆုဖလားကိုအရယူလိုက်တာဟာ





အသင်းအတွက်အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနိုင်တယ်လို့
တန်ဟတ်ကပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုလက်ထက် ၂၀၁၇ မှာ
နောက်ဆုံးအကြိမ်ဆုဖလားရယူထားတဲ့ ယူနိုက်တက်ဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း





အဆိုးရွားဆုံးဆုဖလားမိုးခေါင်မှုနဲ့ကြုံတွေ့နေရပေမယ့် ဒီနေ့မှာတော့
လည်ပတ်မှုကြီးကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်ချက်ရှိနေတာဖြစ်တယ်။





ကာဆယ်နဲ့ပွဲမတိုင်ခင်မှာတော့ မန်ချက်စတာမှာ သူ့အတွက်ပထမဆုံး
ဆွတ်ခူးနိုင်ရေးက အရေးကြီးတယ်လို့ဆွေးနွေးခဲ့ပေမယ့် ဝင်ဘလေမှာ
ရှုံးခဲ့ရင်တောင် သူ့ရဲ့ပြန်လည်တည်ဆောက်မှုတွေကို နှောင့်နှေးစေမှာမဟုတ်ဘူးလို့





နယ်သာလန်သားကဆိုပါတယ်။ “ဒါကကြီးမားတဲ့(ပထမဆုံးဆုဖလားဆွတ်ခူးခြင်း)ဖြစ်ပေမယ့်
ပထမဆုံးတစ်ခုကိုအရင်ယူနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပထမတစ်ခုအတွက်





အခွင့်အရေးရနေပြီဖြစ်လို့ ရှေ့ကိုဆက်မတွေးတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့
အဓိပ္ပါယ်မရှိတဲ့အရာတွေက မင်းကိုမကူညီနိုင်လို့ပါ။ ငါတို့ တနင်္ဂနွေမှာ
အခွင့်အရေးရှိနေတယ်ဆိုတာကို အာရုံစိုက်ဖို့ပါပဲ။ ဒီဖလားကို မန်ချက်စတာ





အရောက်ယူလာဖို့အတွက် ကျွန်တော်တို့မှာရှိသမျှအရာအားလုံးကိုထည့်ထားဖို့လိုတယ်။
အခုအချိန်မှာ ဒီဂိမ်းကိုအာရုံစိုက်တာက ကျွန်တော်တို့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာပါ။





နောက်တော့မှာ ဆိုလိုရင်းကိုဆက်လေ့လာကြမယ်။ အနိုင်ရမယ်ဆိုရင်
ကောင်းတဲ့သက်ရောက်မှုရှိနိုင်တယ်၊ ဒါပေမယ့် မင်းမနိုင်ရင်လည်း အခွင့်အရေးတွေ
ပိုရှိလာမှာဖြစ်ပြီး လုပ်ငန်းစဉ်အတိုင်းဆက်သွားရမယ်။ ကျွန်တော်တို့ဟာ





ဂိမ်းတစ်ခုအပေါ်မှီခိုစရာမလိုတဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။
ယုံကြည်မှုရှိနေတယ်ဆိုတာ ထင်ရှားတယ်လို့ယူဆပါတယ်၊ ယုံကြည်မှုတွေ





ဆက်လက်ကြီးထွားလာပြီး အဲ့ဒီလုပ်ငန်းစဉ်ကိုဆက်သွားရမယ်။
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အနိုင်ရဖို့အတွက် နည်းလမ်းရှာဖို့
လိုအပ်တယ်” တန်ဟတ်က ပြောဆိုသွားပါတယ်။





zawgyi
လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီျဖစ္လို႔ ကာရာေဘာင္းဖလားကို မန္ခ်က္စတာအေရာက္သယ္ဖို႔အတြက္ပဲေခါင္းထဲထည့္ထားရမယ္လို႔ တန္ဟတ္ ေျပာဆို





ကာရာေဘာင္းဖလားမွာ နယူးကာဆယ္ကိုရႈံးနိမ့္တာက ယူႏိုက္တက္ရဲ႕
တိုးတက္မႈကိုေႏွာင့္ေႏွးသြားေစမွာမဟုတ္ေပမယ့္ ဒီဆုဖလားကိုအရယူလိုက္တာဟာ
အသင္းအတြက္အျပဳသေဘာေဆာင္တဲ့ သက္ေရာက္မႈေတြရွိႏိုင္တယ္လို႔





တန္ဟတ္ကေျပာဆိုလိုက္ပါတယ္။ ေမာ္ရင္ဟိုလက္ထက္ ၂၀၁၇ မွာ
ေနာက္ဆုံးအႀကိမ္ဆုဖလားရယူထားတဲ့ ယူႏိုက္တက္ဟာ ႏွစ္ေပါင္း ၄၀ ေက်ာ္အတြင္း





အဆိုး႐ြားဆုံးဆုဖလားမိုးေခါင္မႈနဲ႔ႀကဳံေတြ႕ေနရေပမယ့္ ဒီေန႔မွာေတာ့
လည္ပတ္မႈႀကီးကိုအဆုံးသတ္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနတာျဖစ္တယ္။
ကာဆယ္နဲ႔ပြဲမတိုင္ခင္မွာေတာ့ မန္ခ်က္စတာမွာ သူ႔အတြက္ပထမဆုံး





ဆြတ္ခူးႏိုင္ေရးက အေရးႀကီးတယ္လို႔ေဆြးေႏြးခဲ့ေပမယ့္ ဝင္ဘေလမွာ
ရႈံးခဲ့ရင္ေတာင္ သူ႔ရဲ႕ျပန္လည္တည္ေဆာက္မႈေတြကို ေႏွာင့္ေႏွးေစမွာမဟုတ္ဘူးလို႔





နယ္သာလန္သားကဆိုပါတယ္။ “ဒါကႀကီးမားတဲ့(ပထမဆုံးဆုဖလားဆြတ္ခူးျခင္း)ျဖစ္ေပမယ့္
ပထမဆုံးတစ္ခုကိုအရင္ယူႏိုင္ဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ ပထမတစ္ခုအတြက္
အခြင့္အေရးရေနၿပီျဖစ္လို႔ ေရွ႕ကိုဆက္မေတြးေတာ့ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့





အဓိပၸါယ္မရွိတဲ့အရာေတြက မင္းကိုမကူညီႏိုင္လို႔ပါ။ ငါတို႔ တနဂၤေႏြမွာ
အခြင့္အေရးရွိေနတယ္ဆိုတာကို အာ႐ုံစိုက္ဖို႔ပါပဲ။ ဒီဖလားကို မန္ခ်က္စတာ





အေရာက္ယူလာဖို႔အတြက္ ကြၽန္ေတာ္တို႔မွာရွိသမွ်အရာအားလုံးကိုထည့္ထားဖို႔လိုတယ္။
အခုအခ်ိန္မွာ ဒီဂိမ္းကိုအာ႐ုံစိုက္တာက ကြၽန္ေတာ္တို႔လုပ္ႏိုင္တဲ့တစ္ခုတည္းေသာအရာပါ။
ေနာက္ေတာ့မွာ ဆိုလိုရင္းကိုဆက္ေလ့လာၾကမယ္။ အႏိုင္ရမယ္ဆိုရင္





ေကာင္းတဲ့သက္ေရာက္မႈရွိႏိုင္တယ္၊ ဒါေပမယ့္ မင္းမႏိုင္ရင္လည္း အခြင့္အေရးေတြ
ပိုရွိလာမွာျဖစ္ၿပီး လုပ္ငန္းစဥ္အတိုင္းဆက္သြားရမယ္။ ကြၽန္ေတာ္တို႔ဟာ





ဂိမ္းတစ္ခုအေပၚမွီခိုစရာမလိုတဲ့ လမ္းေၾကာင္းမွန္ေပၚေရာက္ေနပါၿပီ။
ယုံၾကည္မႈရွိေနတယ္ဆိုတာ ထင္ရွားတယ္လို႔ယူဆပါတယ္၊ ယုံၾကည္မႈေတြ
ဆက္လက္ႀကီးထြားလာၿပီး အဲ့ဒီလုပ္ငန္းစဥ္ကိုဆက္သြားရမယ္။





ဘယ္လိုအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ အႏိုင္ရဖို႔အတြက္ နည္းလမ္းရွာဖို႔
လိုအပ္တယ္” တန္ဟတ္က ေျပာဆိုသြားပါတယ္။