လန်းဆန်းတက်ကြွမှုတွေပြည့်နေတဲ့ လမ်းပတ် နဲ့ ပူးပေါင်းမယ့် အက်ရှ်လေ ကိုးလ်

ချယ်လ်ဆီးအသင်း ဂန္တဝင်ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ် မှာ

ဗုဒ္ဓဟူးနေ့တွင် အဲဗာတန်အသင်း မန်နေဂျာသစ် ဖရန့် လမ်းပတ် ၏

နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်တော့မှာ ဖြစ်ကြောင်း

Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အက်ရှ်လေ ကိုးလ် မှာ လက်ရှိတွင် အင်္ဂလန်လူငယ်

(အသက် ၂၁ နှစ်အောက်) အသင်းနှင့် ချယ်လ်ဆီးလူငယ်

အကယ်ဒမီနည်းပြ တစ်ဦးအဖြစ် ပူးတွဲ၊ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

အဲဗာတန်တို့ရဲ့မန်နေဂျာသစ်က ကစားသမားအုပ်စုနဲ့အတူ

တနင်္လာနေ့နေ့လယ်ခင်းမှာ သူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးဆက်ရှင်ကို

စတင်ခဲ့တာကြောင့် အဲဗာတန်ဟာ ဖရန့်လမ်းပတ်လက်အောက်မှာ

လမ်းကြောင်းပေါ်ကို အပြည့်အဝရောက်ရှိလာပြီဖြစ်ပါတယ်။

တော်ဖီတို့နဲ့ ၂နှစ်ခွဲစာချုပ်လက်မှတ်ထိုးပြီးနောက်

လမ်းပတ်ကို သူတို့ရဲ့ဘော့စ်အသစ်အဖြစ်

တနင်္လာနေ့ညနေ ၁နာရီခွဲမှာထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီနေ့ညနေသုံးနာရီမှာပဲ လေ့ကျင့်ရေးဆက်ရှင်ကို

သူရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးပွဲကတော့ စနေနေ့၊

အက်ဖ်အေဖလား စတုတ္ထအကျော့ ဘရန်ဖို့ဒ်တို့နဲ့ကန်ရမယ့်ပွဲဖြစ်ပါတယ်။

ကစားသမားအုပ်စုကို ဖင့်ချ်ဖမ်းဌာနချုပ်မှာ မောင်းနေပြီး

လမ်းပတ်ကပျော်ရွှင်နေပုံတွေ့ရပါတယ်။

ဘောလုံးပိုင်ဆိုင်မှုလေ့ကျင့်ရေးတစ်ခုမှာဆိုရင် ဘောလုံးကိုခံစားစမ်း လို့

ကစားသမားတွေကို လမ်းပတ်အော်နေတာတောင်ကြားနိုင်ပါတယ်။

လေ့ကျင့်ရေးကွင်းဘေးမှာ လမ်းပတ်နဲ့လာပူးပေါင်းတာကတော့

သူ့ရဲ့ရုံးအဖွဲ့ဝန်ထမ်းတွေဖြစ်ပြီး လက်ထောက်မန်နေဂျာဂျိုးအက်ဒဝါ့ဒ်နဲ့

ပထမအသင်းနည်းပြပေါလ်ကလီမန့်၊ ပါဖောမန့်အချုပ် ခရစ်ဂျုံးစ်တို့ပါဝင်ပါတယ်။

ရာဖာဘင်နီတက်ဇ်လက်ထက် ဝန်ထမ်းအုပ်စုအစိတ်အပိုင်းဖြစ်ခဲ့ပြီး

ယာယီနည်းပြခေတ္တလုပ်ခဲ့တဲ့ဒန်ကန်ဖာဂူဆန်နဲ့

အလန်ကယ်လီတို့လည်း ဆက်လက်ကျန်ရှိနေပါတယ်။

zawgyi

လန္းဆန္းတက္ႂကြမႈေတြျပည့္ေနတဲ့ လမ္းပတ္ နဲ႔ ပူးေပါင္းမယ့္ အက္ရွ္ေလ ကိုးလ္

ခ်ယ္လ္ဆီးအသင္း ဂႏၲဝင္ဘယ္ေနာက္ခံလူေဟာင္း အက္ရွ္ေလကိုးလ္ မွာ

ဗုဒၶဟူးေန႔တြင္ အဲဗာတန္အသင္း မန္ေနဂ်ာသစ္ ဖရန႔္ လမ္းပတ္ ၏

နည္းျပအဖြဲ႕ဝင္တစ္ဦးအျဖစ္ ပါဝင္ေတာ့မွာ ျဖစ္ေၾကာင္း

Sky Sports သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အက္ရွ္ေလ ကိုးလ္ မွာ လက္ရွိတြင္ အဂၤလန္လူငယ္

(အသက္ ၂၁ ႏွစ္ေအာက္) အသင္းႏွင့္ ခ်ယ္လ္ဆီးလူငယ္

အကယ္ဒမီနည္းျပ တစ္ဦးအျဖစ္ ပူးတြဲ၊ တာဝန္ထမ္းေဆာင္လ်က္ရွိပါတယ္။

အဲဗာတန္တို႔ရဲ႕မန္ေနဂ်ာသစ္က ကစားသမားအုပ္စုနဲ႔အတူ

တနလၤာေန႔ေန႔လယ္ခင္းမွာ သူ႔ရဲ႕ပထမဆုံးေလ့က်င့္ေရးဆက္ရွင္ကို

စတင္ခဲ့တာေၾကာင့္ အဲဗာတန္ဟာ ဖရန႔္လမ္းပတ္လက္ေအာက္မွာ

လမ္းေၾကာင္းေပၚကို အျပည့္အဝေရာက္ရွိလာၿပီျဖစ္ပါတယ္။

ေတာ္ဖီတို႔နဲ႔ ၂ႏွစ္ခြဲစာခ်ဳပ္လက္မွတ္ထိုးၿပီးေနာက္

လမ္းပတ္ကို သူတို႔ရဲ႕ေဘာ့စ္အသစ္အျဖစ္

တနလၤာေန႔ညေန ၁နာရီခြဲမွာထုတ္ေဖာ္ျပသခဲ့ပါတယ္။

အဲဒီေန႔ညေနသုံးနာရီမွာပဲ ေလ့က်င့္ေရးဆက္ရွင္ကို

သူေရာက္လာခဲ့ၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံးပြဲကေတာ့ စေနေန႔၊

အက္ဖ္ေအဖလား စတုတၳအေက်ာ့ ဘရန္ဖို႔ဒ္တို႔နဲ႔ကန္ရမယ့္ပြဲျဖစ္ပါတယ္။

ကစားသမားအုပ္စုကို ဖင့္ခ်္ဖမ္းဌာနခ်ဳပ္မွာ ေမာင္းေနၿပီး

လမ္းပတ္ကေပ်ာ္႐ႊင္ေနပုံေတြ႕ရပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈေလ့က်င့္ေရးတစ္ခုမွာဆိုရင္ ေဘာလုံးကိုခံစားစမ္း လို႔

ကစားသမားေတြကို လမ္းပတ္ေအာ္ေနတာေတာင္ၾကားႏိုင္ပါတယ္။

ေလ့က်င့္ေရးကြင္းေဘးမွာ လမ္းပတ္နဲ႔လာပူးေပါင္းတာကေတာ့

သူ႔ရဲ႕႐ုံးအဖြဲ႕ဝန္ထမ္းေတြျဖစ္ၿပီး လက္ေထာက္မန္ေနဂ်ာဂ်ိဳးအက္ဒဝါ့ဒ္နဲ႔

ပထမအသင္းနည္းျပေပါလ္ကလီမန႔္၊ ပါေဖာမန႔္အခ်ဳပ္ ခရစ္ဂ်ဳံးစ္တို႔ပါဝင္ပါတယ္။

ရာဖာဘင္နီတက္ဇ္လက္ထက္ ဝန္ထမ္းအုပ္စုအစိတ္အပိုင္းျဖစ္ခဲ့ၿပီး

ယာယီနည္းျပေခတၱလုပ္ခဲ့တဲ့ဒန္ကန္ဖာဂူဆန္နဲ႔

အလန္ကယ္လီတို႔လည္း ဆက္လက္က်န္ရွိေနပါတယ္။