လန်ဒန်မြို့လယ်ခေါင်က Ritz စားသောက်ဆိုင်မှာ ပီအက်စ်ဂျီဥက္ကဌနဲ့ တွေ့ဆုံခဲ့တဲ့ ဆာလက် ပါရီကလပ်ကိုပြောင်းရွှေ့ဖို့ နီးစပ်လာ

လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့

ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

၂၀၁၇ မှာ မာဆေးဆိုက်ကလပ်ကိုရောက်လာခဲ့တဲ့ အီဂျစ်သားဟာ

အသင်းရဲ့အဓိကကျသူအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။

ဒီညကစားမယ့် ဝုဗ်နဲ့ပွဲစဉ်ကတော့ ဆာလက်ရဲ့ လီဗာပူး

ကစားသမားဘ၀ ပရီးမီးယားလိဂ်ပွဲ ၂၀၀ မြောက်ပါ။

ဝုဗ်နဲ့ပွဲစဉ်မှာ ဂိုးပေါက်ရှာတွေ့ခဲ့မယ်ဆိုရင်တော့ လီဗာပူးဂန္တဝင်

ဂေါ်ဒွန်ဟော့ဒ်ဆန်ရဲ့ ၁၂၆ ဂိုး စံချိန်နဲ့တူညီသွားမှာဖြစ်ပြီး

ပွဲအရေအတွက်နဲ့ကြည့်မယ်ဆိုရင်တော့ ဆာလက်က ဒီပမာဏကို

အမြန်ဆုံးရယူနိုင်သူအဖြစ်မှတ်တမ်းဝင်မှာဖြစ်တယ်။

အီဂျစ်ကြယ်ပွင့်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၁၇ ဂိုးသွင်းထားပြီး

၇ကြိမ်ဖန်တီးပေးထားပေမဲ့ အရင်နှစ်တွေနဲ့ယှဉ်ရင်တော့

ခြေစွမ်းကျဆင်းသွားတယ်လို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီမှာ

ပျမ်းမျှမိနစ် ၁၂၀ မှာ တစ်ဂိုးနှုန်းသွင်းယူခဲ့တဲ့ ဆာလက်ဟာ

ဒီရာသီမှာတော့ ပျမ်းမျှ ၂၄၀ မိနစ်မှာ တစ်ဂိုးနှုန်းသာသွင်းထားနိုင်ပါတယ်။

Goal ရဲ့မီဒီယာသမားတစ်ယောက်ဖြစ်တဲ့ နေးလ်ဂျုံးစ်ကတော့

ဆာလက်ကို ပီအက်စ်ဂျီချိတ်ဆက်နေတယ်လို့ အခိုင်အမာဆိုပါတယ်။

အီတလီသတင်းစာ Calciomercato ကတော့ လီဗာပူးဟာ

ဆာလက်အတွက် ပေါင် ၇၁ သန်းရမယ်ဆိုရင် လမ်းဖွင့်ပေးလိမ့်မယ်လို့

အသိပေးထားတာဖြစ်တယ်။ ကစားသမားအနေနဲ့လည်း

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီနဲ့

တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ထားပါတယ်။ Mirror သတင်းစာရဲ့

ဖော်ပြချက်အရ သူတို့နှစ်ယောက်ဟာ လန်ဒန်မြို့လယ်ခေါင်မှာရှိတဲ့

Ritz စားသောက်ဆိုင်မှာ နေ့လည်စာအတူစားခဲ့တယ်လို့ ဖော်ပြထားတာဖြစ်တယ်။

zawgyi

လန္ဒန္ၿမိဳ႕လယ္ေခါင္က Ritz စားေသာက္ဆိုင္မွာ ပီအက္စ္ဂ်ီဥကၠဌနဲ႔ ေတြ႕ဆုံခဲ့တဲ့ ဆာလက္ ပါရီကလပ္ကိုေျပာင္းေ႐ႊ႕ဖို႔ နီးစပ္လာ

လီဗာပူးတိုက္စစ္မႉးဆာလက္ဟာ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕ဖို႔

ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

၂၀၁၇ မွာ မာေဆးဆိုက္ကလပ္ကိုေရာက္လာခဲ့တဲ့ အီဂ်စ္သားဟာ

အသင္းရဲ႕အဓိကက်သူအျဖစ္ရပ္တည္ႏိုင္ခဲ့တာျဖစ္တယ္။

ဒီညကစားမယ့္ ဝုဗ္နဲ႔ပြဲစဥ္ကေတာ့ ဆာလက္ရဲ႕ လီဗာပူး

ကစားသမားဘ၀ ပရီးမီးယားလိဂ္ပြဲ ၂၀၀ ေျမာက္ပါ။

ဝုဗ္နဲ႔ပြဲစဥ္မွာ ဂိုးေပါက္ရွာေတြ႕ခဲ့မယ္ဆိုရင္ေတာ့ လီဗာပူးဂႏၲဝင္

ေဂၚဒြန္ေဟာ့ဒ္ဆန္ရဲ႕ ၁၂၆ ဂိုး စံခ်ိန္နဲ႔တူညီသြားမွာျဖစ္ၿပီး

ပြဲအေရအတြက္နဲ႔ၾကည့္မယ္ဆိုရင္ေတာ့ ဆာလက္က ဒီပမာဏကို

အျမန္ဆုံးရယူႏိုင္သူအျဖစ္မွတ္တမ္းဝင္မွာျဖစ္တယ္။

အီဂ်စ္ၾကယ္ပြင့္ဟာ ဒီရာသီၿပိဳင္ပြဲစုံမွာ ၁၇ ဂိုးသြင္းထားၿပီး

၇ႀကိမ္ဖန္တီးေပးထားေပမဲ့ အရင္ႏွစ္ေတြနဲ႔ယွဥ္ရင္ေတာ့

ေျခစြမ္းက်ဆင္းသြားတယ္လို႔ဆိုရမွာပါ။ ၿပီးခဲ့တဲ့ရာသီမွာ

ပ်မ္းမွ်မိနစ္ ၁၂၀ မွာ တစ္ဂိုးႏႈန္းသြင္းယူခဲ့တဲ့ ဆာလက္ဟာ

ဒီရာသီမွာေတာ့ ပ်မ္းမွ် ၂၄၀ မိနစ္မွာ တစ္ဂိုးႏႈန္းသာသြင္းထားႏိုင္ပါတယ္။

Goal ရဲ႕မီဒီယာသမားတစ္ေယာက္ျဖစ္တဲ့ ေနးလ္ဂ်ဳံးစ္ကေတာ့

ဆာလက္ကို ပီအက္စ္ဂ်ီခ်ိတ္ဆက္ေနတယ္လို႔ အခိုင္အမာဆိုပါတယ္။

အီတလီသတင္းစာ Calciomercato ကေတာ့ လီဗာပူးဟာ

ဆာလက္အတြက္ ေပါင္ ၇၁ သန္းရမယ္ဆိုရင္ လမ္းဖြင့္ေပးလိမ့္မယ္လို႔

အသိေပးထားတာျဖစ္တယ္။ ကစားသမားအေနနဲ႔လည္း

ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္း ပီအက္စ္ဂ်ီဥကၠဌ အယ္လ္ခီလိုင္ဖီနဲ႔

ေတြ႕ဆုံခဲ့တယ္လို႔ သတင္းထြက္ထားပါတယ္။ Mirror သတင္းစာရဲ႕

ေဖာ္ျပခ်က္အရ သူတို႔ႏွစ္ေယာက္ဟာ လန္ဒန္ၿမိဳ႕လယ္ေခါင္မွာရွိတဲ့

Ritz စားေသာက္ဆိုင္မွာ ေန႔လည္စာအတူစားခဲ့တယ္လို႔ ေဖာ္ျပထားတာျဖစ္တယ္။