လန်ဒန်မြို့ခံနှစ်သင်းကြားမှာ ပြိုင်ဘက်အဖြစ် ပြန်လည်မွေးဖွားတော့မယ့် အူဘာမီယန်

တစ်ချိန်ကတော့ အူဘာ . . . အူဘာ ဆိုတဲ့အသံတွေဟာ အမ်းမရိတ်မှာ လျှံကျခဲ့ဖူးတာပါ။ အမ်းမရိတ်ညနေခင်း တွေဟာ အူဘာဆိုတဲ့အားပေးသံတွေ မပါဘဲ ပြီးဆုံးသွားခဲ့တာနည်းပါတယ်။ ဒါပေမယ့် အသံလှိုင်းတွေရဲ့နိယာမ အတိုင်း ပဲ့တင်ထပ်စရာနေရာမရှိရင်

ပျောက်ကွယ်သွားရတတ်သလို အူဘာဆိုတဲ့အသံတွေဟာလည်း တိတ် ဆိတ်သွားခဲ့ရတာကြာပါပြီ။ အခုတစ်ဖန် ဒီအသံတွေကို လန်ဒန်ညနေခင်းတွေမှာ ပြန်ကြားရတော့ပါမယ်။ အမ်းမရိတ် ကတော့မဟုတ်ပါဘူး။ တခြားလန်ဒန်သားတွေဆီကနေ

ပြန်ကြားရတော့မှာဖြစ်ပါတယ်။ အဲဒီနေရာ ကတော့ ခြင်္သေ့ပြာတွေဂူအောင်းရာအရပ် စတမ်းဖို့ဒ်ဘရစ်ချ်ကပါ။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ တစ်ချိန်လုံးလိုက်နေတဲ့ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်ကိုခေါ်ယူဖို့ သဘောတူညီမှုရပြီလို့ ချဲလ်ဆီးက

တရားဝင်ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဒီဂါဘွန်သားကို အင်္ဂလန်မြေပြန်ခေါ်ဖို့ ပေါင်း ၁၈ သန်းနဲ့ သဘောတူ ညီမှုရခဲ့တာလို့ဆိုထားပါတယ်။ အူဘာမီယန်ဟာ နည်းပြ အာတီတာလက်ထက် အာဆင်နယ်မှာ ပုံမှန်ပွဲထွက် ခွင့်ရဖို့ ရုန်းကန်လာရပြီးနောက်

ပြီးခဲ့တဲ့ဇန်နဝါရီလက ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ၂၄ ပွဲကစားပေးခဲ့ပြီး ၁၃ ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုရာသီမှာ လီဝန်ဒေါစကီး ရောက်လာပြီးနောက် ဘာကာနည်းပြ ဇာဗီးလည်း သူ့အတွက်အာမခံချက်မပေးနိုင်ဘဲဖြစ်ခဲ့ပါတယ်။

ဒါကြောင့် လည်း ဒေါ့မွန်မှာအောင်မြင်မှုတွေအတူယူခဲ့တဲ့ဖူးတဲ့ ဆရာဖြစ်သူ တူချယ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ တာပါ။ လန်ဒန်ပြိုင်ဘက်အဖြစ် ပြန်လာမယ့် အူဘာမီယန်နဲ့ အာဆင်နယ်တို့ကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှု တွေကလည်းရှိနေတာဖြစ်ပါတယ်။

အဲဒါကတော့ အူဘာမီယန်ရဲ့ လက်ဖျံပေါ်က တက်တူးပဲဖြစ်ပါတယ်။ အူဘာမီယန်ဟာ အာဆင်နယ် အင်္ကျီဝတ်ထားပြီး သူ့ကလေးနှစ်ယောက်လက်ကိုဆွဲကာ ကွင်းထဲဝင်လာတဲ့ပုံကို တက်တူးထိုးထားခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်တက်တူးထိုးထားပြီး ချဲလ်ဆီးအတွက် ကစားပေး တော့မယ့် အူဘာမီယန်ရဲ့ ပုံရိပ်တွေဟာ ပရီးမီးယားလိဂ်မှာ ပြောစမတ်တွင်ဦးမှာသေချာပါတယ်။

(zawgyi)

တစ္ခ်ိန္ကေတာ့ အူဘာ . . . အူဘာ ဆိုတဲ့အသံေတြဟာ အမ္းမရိတ္မွာ လွ်ံက်ခဲ့ဖူးတာပါ။ အမ္းမရိတ္ညေနခင္း ေတြဟာ အူဘာဆိုတဲ့အားေပးသံေတြ မပါဘဲ ၿပီးဆုံးသြားခဲ့တာနည္းပါတယ္။ ဒါေပမယ့္ အသံလႈိင္းေတြရဲ႕နိယာမ အတိုင္း ပဲ့တင္ထပ္စရာေနရာမရွိရင္

ေပ်ာက္ကြယ္သြားရတတ္သလို အူဘာဆိုတဲ့အသံေတြဟာလည္း တိတ္ ဆိတ္သြားခဲ့ရတာၾကာပါၿပီ။ အခုတစ္ဖန္ ဒီအသံေတြကို လန္ဒန္ညေနခင္းေတြမွာ ျပန္ၾကားရေတာ့ပါမယ္။ အမ္းမရိတ္ ကေတာ့မဟုတ္ပါဘူး။ တျခားလန္ဒန္သားေတြဆီကေန ျပန္ၾကားရေတာ့မွာျဖစ္ပါတယ္။

အဲဒီေနရာ ကေတာ့ ျခေသၤ့ျပာေတြဂူေအာင္းရာအရပ္ စတမ္းဖို႔ဒ္ဘရစ္ခ်္ကပါ။ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ တစ္ခ်ိန္လုံးလိုက္ေနတဲ့ ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္ကိုေခၚယူဖို႔ သေဘာတူညီမႈရၿပီလို႔ ခ်ဲလ္ဆီးက တရားဝင္ထုတ္ျပန္သြားခဲ့တာျဖစ္ပါတယ္။

ဒီဂါဘြန္သားကို အဂၤလန္ေျမျပန္ေခၚဖို႔ ေပါင္း ၁၈ သန္းနဲ႔ သေဘာတူ ညီမႈရခဲ့တာလို႔ဆိုထားပါတယ္။ အူဘာမီယန္ဟာ နည္းျပ အာတီတာလက္ထက္ အာဆင္နယ္မွာ ပုံမွန္ပြဲထြက္ ခြင့္ရဖို႔ ႐ုန္းကန္လာရၿပီးေနာက္ ၿပီးခဲ့တဲ့ဇန္နဝါရီလက

ဘာစီလိုနာကိုေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအတြက္ ၂၄ ပြဲကစားေပးခဲ့ၿပီး ၁၃ ဂိုးသြင္းယူေပးႏိုင္ခဲ့တာပါ။ ဒါေပမယ့္ အခုရာသီမွာ လီဝန္ေဒါစကီး ေရာက္လာၿပီးေနာက္ ဘာကာနည္းျပ ဇာဗီးလည္း သူ႔အတြက္အာမခံခ်က္မေပးႏိုင္ဘဲျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ လည္း ေဒါ့မြန္မွာေအာင္ျမင္မႈေတြအတူယူခဲ့တဲ့ဖူးတဲ့ ဆရာျဖစ္သူ တူခ်ယ္နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ ဆုံးျဖတ္ခဲ့ တာပါ။ လန္ဒန္ၿပိဳင္ဘက္အျဖစ္ ျပန္လာမယ့္ အူဘာမီယန္နဲ႔ အာဆင္နယ္တို႔ၾကားမွာ ထူးျခားတဲ့ ဆက္ႏြယ္မႈ ေတြကလည္းရွိေနတာျဖစ္ပါတယ္။

အဲဒါကေတာ့ အူဘာမီယန္ရဲ႕ လက္ဖ်ံေပၚက တက္တူးပဲျဖစ္ပါတယ္။ အူဘာမီယန္ဟာ အာဆင္နယ္ အက်ႌဝတ္ထားၿပီး သူ႔ကေလးႏွစ္ေယာက္လက္ကိုဆြဲကာ ကြင္းထဲဝင္လာတဲ့ပုံကို တက္တူးထိုးထားခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္တက္တူးထိုးထားၿပီး ခ်ဲလ္ဆီးအတြက္ ကစားေပး ေတာ့မယ့္ အူဘာမီယန္ရဲ႕ ပုံရိပ္ေတြဟာ ပရီးမီးယားလိဂ္မွာ ေျပာစမတ္တြင္ဦးမွာေသခ်ာပါတယ္။