လန်ဒန်ဒါဘီမှာ ဂျာအိုဖိလစ်ပထမဆုံးဂိုးသွင်းနိုင်ပေမဲ့ အစီးသရေနဲ့သာပွဲသိမ်းခဲ့တဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး ၆ပွဲဆက်နိုင်ပွဲပျောက်ပြီး

တစ်ဂိုးထက်ပိုရအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့ ဂရေဟမ်ပေါ်တာရဲ့

ချဲလ်ဆီးဟာ ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီတွေ့ဆုံမှုမှာ တိုက်စစ်အားပြုပုံစံကို

ခင်းကျင်းခဲ့ပါတယ်။ ပွဲပယ်စေ့သွားတဲ့ ဂျာအိုဖိလစ်ပြန်ပါလာသလို

ကြယ်ပွင့်သစ်တွေဖြစ်တဲ့ မာဒူကီနဲ့ မူဒရစ်တို့က တောင်ပံတိုက်စစ်တွေကို

ဦးဆောင်ကစားခဲ့ပြီး အထောင်တိုက်စစ်မှူးအဖြစ် ကိုင်ဟာဗက်ဇ်

ကစားသွားခဲ့တာဖြစ်တယ်။ တန်းဆင်းဇုန်နဲ့တစ်မှတ်အကွာမှာ

ရပ်တည်နေပြီး ဖိအားအောက်ရောက်နေတဲ့ မိုယက်စ်ရဲ့

ဝက်စ်ဟမ်းကလည်း ဘိုဝင်၊ ဘန်ရာမာ၊ အန်တိုနီတို့ဦးဆောင်တဲ့

တိုက်စစ်နဲ့ပွဲထွက်သွားခဲ့တာပါ။ ပွဲချိန် ၁၄ မိနစ်မှာ ပါကွီတာဒဏ်ရာ

ရသွားတဲ့အတွက် မိုယက်စ်ဟာ ဆိုဆက်ခ်နဲ့လူစားလဲထိုးခဲ့ရပါတယ်။

၁၇ မိနစ်မှာတော့ အန်ဇိုရဲ့ပေးပို့မှုကနေ ဂျာအိုဖိလစ်က ချဲလ်ဆီးအတွက်

အဖွင့်ဂိုးနဲ့ သူ့ရဲ့အပြာရောင်ကစားသမားဘ၀ ပထမဆုံးဂိုးကို

သွင်းယူနိုင်ခဲ့ပါတယ်။ ၂၂ မိနစ်မှာ ကိုင်ဟာဗက်ဇ် ဂိုးသွင်းခဲ့ပေမဲ့

လူကျွံအနေအထားဖြစ်နေခဲ့ပါတယ်။ ပွဲကလှုပ်ခတ်မှုရှိနေသလို

၂၇ မိနစ်အရောက်မှာတော့ ချဲလ်ဆီးဘယ်နောက်ခံလူဟောင်း

အီမာဆန်က ဝက်စ်ဟမ်းအတွက် ချေပဂိုးပြန်သွင်းပေးခဲ့တာဖြစ်တယ်။

ပွဲချိန် မိစန် ၆၀ ကျော်မှာ နှစ်သင်းစလုံးလူစားလဲမှုကိုယ်စီပြုလုပ်ခဲ့သလို

ပွဲချိန် ၈၂ မိနစ်မှာတော့ ဆိုဆက်ခ်က ဟမ်းမားတွေအတွက်

ဒုတိယဂိုးသွင်းပေးခဲ့ပေမဲ့ အသင်းဖော် ဒီကလန်ရိုက်စ်က

လူကျွံအနေအထားရှိခဲ့လို့ VAR ကပယ်ဖျက်သွားခဲ့လို့ ချဲလ်ဆီး

သက်သာရာရခဲ့တာဖြစ်တယ်။ သရေရလဒ်နဲ့ပြီးဆုံးခဲ့တာကြောင့်

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရသလို

လိဂ်အဝေးကွင်း နောက်ဆုံး ၇ပွဲဆက်အထိ အနိုင်ရလဒ်ကိုမရှာဖွေနိုင်ခဲ့ပါဘူး။

zawgyi

လန္ဒန္ဒါဘီမွာ ဂ်ာအိုဖိလစ္ပထမဆုံးဂိုးသြင္းႏိုင္ေပမဲ့ အစီးသေရနဲ႔သာပြဲသိမ္းခဲ့တဲ့ ခ်ဲလ္ဆီး

ပရီးမီးယားလိဂ္အေဝးကြင္းေနာက္ဆုံး ၆ပြဲဆက္ႏိုင္ပြဲေပ်ာက္ၿပီး

တစ္ဂိုးထက္ပိုရေအာင္မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဂေရဟမ္ေပၚတာရဲ႕

ခ်ဲလ္ဆီးဟာ ဝက္စ္ဟမ္းနဲ႔လန္ဒန္ဒါဘီေတြ႕ဆုံမႈမွာ တိုက္စစ္အားျပဳပုံစံကို

ခင္းက်င္းခဲ့ပါတယ္။ ပြဲပယ္ေစ့သြားတဲ့ ဂ်ာအိုဖိလစ္ျပန္ပါလာသလို

ၾကယ္ပြင့္သစ္ေတြျဖစ္တဲ့ မာဒူကီနဲ႔ မူဒရစ္တို႔က ေတာင္ပံတိုက္စစ္ေတြကို

ဦးေဆာင္ကစားခဲ့ၿပီး အေထာင္တိုက္စစ္မႉးအျဖစ္ ကိုင္ဟာဗက္ဇ္

ကစားသြားခဲ့တာျဖစ္တယ္။ တန္းဆင္းဇုန္နဲ႔တစ္မွတ္အကြာမွာ

ရပ္တည္ေနၿပီး ဖိအားေအာက္ေရာက္ေနတဲ့ မိုယက္စ္ရဲ႕

ဝက္စ္ဟမ္းကလည္း ဘိုဝင္၊ ဘန္ရာမာ၊ အန္တိုနီတို႔ဦးေဆာင္တဲ့

တိုက္စစ္နဲ႔ပြဲထြက္သြားခဲ့တာပါ။ ပြဲခ်ိန္ ၁၄ မိနစ္မွာ ပါကြီတာဒဏ္ရာ

ရသြားတဲ့အတြက္ မိုယက္စ္ဟာ ဆိုဆက္ခ္နဲ႔လူစားလဲထိုးခဲ့ရပါတယ္။

၁၇ မိနစ္မွာေတာ့ အန္ဇိုရဲ႕ေပးပို႔မႈကေန ဂ်ာအိုဖိလစ္က ခ်ဲလ္ဆီးအတြက္

အဖြင့္ဂိုးနဲ႔ သူ႔ရဲ႕အျပာေရာင္ကစားသမားဘ၀ ပထမဆုံးဂိုးကို

သြင္းယူႏိုင္ခဲ့ပါတယ္။ ၂၂ မိနစ္မွာ ကိုင္ဟာဗက္ဇ္ ဂိုးသြင္းခဲ့ေပမဲ့

လူကြၽံအေနအထားျဖစ္ေနခဲ့ပါတယ္။ ပြဲကလႈပ္ခတ္မႈရွိေနသလို

၂၇ မိနစ္အေရာက္မွာေတာ့ ခ်ဲလ္ဆီးဘယ္ေနာက္ခံလူေဟာင္း

အီမာဆန္က ဝက္စ္ဟမ္းအတြက္ ေခ်ပဂိုးျပန္သြင္းေပးခဲ့တာျဖစ္တယ္။

ပြဲခ်ိန္ မိစန္ ၆၀ ေက်ာ္မွာ ႏွစ္သင္းစလုံးလူစားလဲမႈကိုယ္စီျပဳလုပ္ခဲ့သလို

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဆိုဆက္ခ္က ဟမ္းမားေတြအတြက္

ဒုတိယဂိုးသြင္းေပးခဲ့ေပမဲ့ အသင္းေဖာ္ ဒီကလန္႐ိုက္စ္က

လူကြၽံအေနအထားရွိခဲ့လို႔ VAR ကပယ္ဖ်က္သြားခဲ့လို႔ ခ်ဲလ္ဆီး

သက္သာရာရခဲ့တာျဖစ္တယ္။ သေရရလဒ္နဲ႔ၿပီးဆုံးခဲ့တာေၾကာင့္

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရသလို

လိဂ္အေဝးကြင္း ေနာက္ဆုံး ၇ပြဲဆက္အထိ အႏိုင္ရလဒ္ကိုမရွာေဖြႏိုင္ခဲ့ပါဘူး။