လန်ဒန်ဒါဘီပွဲ ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တဲ့အာဆင်နယ် ဘာမှအထွန့်တက်စရာအကြောင်းမရှိဘူးလို့ ကွန်တီ ယုံကြည်

စပါးအသင်းနည်းပြ ကွန်တီက အာဆင်နယ်အသင်းနဲ့

နည်းပြအာတီတာတို့ဟာ ယခုနှစ်အစောပိုင်းက
မြောက်လန်ဒန်ဒါဘီပွဲ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက်
ပွဲစဉ်ဇယားရေးဆွဲမှုနဲ့ပတ်သက်လို့ ဘာမှ အထွန့်တက်စရာ
အကြောင်းမရှိဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်။
အာဆင်နယ်ဟာ ယခုနှစ်အစောပိုင်းက ကိုဗစ်၊

ဒဏ်ရာပြဿနာနဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွေကြောင့်
စပါးနဲ့ဒါဘီပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီရွှေ့ဆိုင်းလိုက်တဲ့ပွဲကို ဘယ်အချိန်ပြန်ကစားရမလဲဆိုတာ
အတည်မပြုရသေးပေမယ့် အာတီတာကတော့
ယခုကတည်းက ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်ဇယားရေးဆွဲမှုကို

ပြင်းထန်စွာဝေဖန်ထားပြီး လက်ကျန် ၁၁ ပွဲအနက်
ဗုဒ္ဓဟူးညပွဲတွေအပြီး စနေနေ့အစောပိုင်းမှာ ပွဲကစားရမှု
၂ကြိမ်အထိ ရှိနေမှုကို ပေါက်ကွဲနေတာပါ။
မြောက်လန်ဒန်ဒါဘီပွဲကို ရွှေ့ဆိုင်းပေးဖို့ အာဆင်နယ်ဘက်က
တောင်းဆိုမှုနဲ့ပတ်သက်လို့ စပါးအသင်းဘက်က

ပေါက်ကွဲသွားပြီး အဲဒီအချိန်မှာ အာဆင်နယ်အသင်းသားတွေအနက်
ကိုဗစ်ဖြစ်နေသူ ၁ဦးပဲရှိပါတယ်။
ဒဏ်ရာပြဿနာနဲ့ လက်ရွေးစင်အသင်းပွဲသွားကစားနေမှုတို့ကတော့
ထိပ်တန်းကလပ်အသင်းတိုင်း ရင်ဆိုင်ဖြေရှင်းရတဲ့ကိစ္စတွေအဖြစ်
စပါးဘက်က သတ်မှတ်ထားပြီး ဒီလိုရွှေ့ဆိုင်းလိုက်ရတာကို ပေါက်ကွဲခဲ့တာပါ။

”ကျွန်တော်တို့ရဲ့ပွဲ ရွှေ့ဆိုင်းလိုက်ရတာကို အာတီတာ
အမှတ်ရစေဖို့ပဲ လိုချင်ပါတယ်။ ကျွန်တော့်အဖြေက
လုံလောက်ပြီလို့ ထင်ပါတယ်။
တစ်ယောက်က ပွဲစဉ်ဇယားရေးဆွဲမှု
မျှတမှုရှိရဲ့လားဆိုပြီး မေးလာရင် စပါး-အာဆင်နယ်ပွဲကို

ကျွန်တော်တု့ိ ရွှေ့ဆိုင်းခဲ့ရတာ ပြန်အမှတ်ရစေချင်ပါတယ်။
အဲဒီဖြစ်ရပ်ကို ကျွန်တော် မမေ့သေးပါဘူး။
အခုချိန်မှာ တရားတာတွေ၊ မတရားတာတွေ
ပြောနေရမယ့် အချိန်ကောင်းမဟုတ်ဘူးလို့ထင်ပါတယ်”လို့
ကွန်တီက ဝေဖန်သွားပါတယ်။

Zawgyi

လန္ဒန္ဒါဘီပြဲ ေရႊ႕ဆုိင္းဖုိ႔ ေတာင္းဆိုခဲ့တဲ့အာဆင္နယ္ ဘာမွအထြန္႔တက္စရာအေၾကာင္းမရွိဘူးလုိ႔ ကြန္တီ ယုံၾကည္
စပါးအသင္းနည္းျပ ကြန္တီက အာဆင္နယ္အသင္းနဲ႔

နည္းျပအာတီတာတုိ႔ဟာ ယခုႏွစ္အေစာပိုင္းက
ေျမာက္လန္ဒန္ဒါဘီပြဲ ေရႊ႕ဆုိင္းေပးဖုိ႔ ေတာင္းဆုိခဲ့ၿပီးေနာက္
ပဲြစဥ္ဇယားေရးဆြဲမႈနဲ႔ပတ္သက္လုိ႔ ဘာမွ အထြန္႔တက္စရာ
အေၾကာင္းမရွိဘူးလုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
အာဆင္နယ္ဟာ ယခုႏွစ္အေစာပိုင္းက ကုိဗစ္၊

ဒဏ္ရာျပႆနာနဲ႔ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲေတြေၾကာင့္
စပါးနဲ႔ဒါဘီပြဲကို ေရႊ႕ဆုိင္းေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။
အဲဒီေရႊ႕ဆိုင္းလုိက္တဲ့ပြဲကို ဘယ္အခ်ိန္ျပန္ကစားရမလဲဆုိတာ
အတည္မျပဳရေသးေပမယ့္ အာတီတာကေတာ့
ယခုကတည္းက ပရီးမီးယားလိဂ္ရဲ႕ပြဲစဥ္ဇယားေရးဆြဲမႈကို

ျပင္းထန္စြာေ၀ဖန္ထားၿပီး လက္က်န္ ၁၁ ပြဲအနက္
ဗုဒၶဟူးညပြဲေတြအၿပီး စေနေန႔အေစာပိုင္းမွာ ပြဲကစားရမႈ
၂ႀကိမ္အထိ ရွိေနမႈကို ေပါက္ကြဲေနတာပါ။
ေျမာက္လန္ဒန္ဒါဘီပြဲကို ေရႊ႕ဆုိင္းေပးဖို႔ အာဆင္နယ္ဘက္က
ေတာင္းဆိုမႈနဲ႔ပတ္သက္လုိ႔ စပါးအသင္းဘက္က

ေပါက္ကြဲသြားၿပီး အဲဒီအခ်ိန္မွာ အာဆင္နယ္အသင္းသားေတြအနက္
ကိုဗစ္ျဖစ္ေနသူ ၁ဦးပဲရွိပါတယ္။
ဒဏ္ရာျပႆနာနဲ႔ လက္ေရြးစင္အသင္းပြဲသြားကစားေနမႈတုိ႔ကေတာ့
ထိပ္တန္းကလပ္အသင္းတုိင္း ရင္ဆိုင္ေျဖရွင္းရတဲ့ကိစၥေတြအျဖစ္
စပါးဘက္က သတ္မွတ္ထားၿပီး ဒီလုိေရႊ႕ဆုိင္းလုိက္ရတာကို ေပါက္ကြဲခဲ့တာပါ။

”ကၽြန္ေတာ္တုိ႔ရဲ႕ပြဲ ေရႊ႕ဆုိင္းလုိက္ရတာကို အာတီတာ
အမွတ္ရေစဖုိ႔ပဲ လိုခ်င္ပါတယ္။ ကၽြန္ေတာ့္အေျဖက
လုံေလာက္ၿပီလုိ႔ ထင္ပါတယ္။
တစ္ေယာက္က ပြဲစဥ္ဇယားေရးဆြဲမႈ
မွ်တမႈရွိရဲ႕လားဆုိၿပီး ေမးလာရင္ စပါး-အာဆင္နယ္ပြဲကို

ကၽြန္ေတာ္တု႔ိ ေရႊ႕ဆုိင္းခဲ့ရတာ ျပန္အမွတ္ရေစခ်င္ပါတယ္။
အဲဒီျဖစ္ရပ္ကို ကၽြန္ေတာ္ မေမ့ေသးပါဘူး။
အခုခ်ိန္မွာ တရားတာေတြ၊ မတရားတာေတြ
ေျပာေနရမယ့္ အခ်ိန္ေကာင္းမဟုတ္ဘူးလုိ႔ထင္ပါတယ္”လုိ႔
ကြန္တီက ေ၀ဖန္သြားပါတယ္။