လန်ဒန်ကို ဘာကာကွင်းလယ်လူဒီဂျောင်သွားရောက်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်း

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ နောက်ကနေပြီး တကောက်ကောက်လိုက်နေတဲ့ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့ ဟာလည်း တစ်ခန်းမရပ်နိုင်သေးတဲ့ ပြဇာတ်လိုပါပဲ။ ဒီနယ်သာလန်သား အတွက် လန်ဒန်ကလပ်ရော

မန်ချက်စတာကလပ်ပါ ပစ်မှတ်ထားမှုတွေ လုပ်နေပြီး အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ ၅ ရက်ပဲ လိုတော့တဲ့အချိန်အထိ ကြိုးစားအားထုတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂျောင်တစ်ယောက် ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့အတူ လန်ဒန်ကို သွားခဲ့တယ်ဆိုတဲ့ သတင်းဟာ

ချက်ချင်းဆိုသလို ပျံ့နှံ့သွားတာကြောင့် ချဲလ်ဆီးကို ရွေးလိုက်ပြီလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ ကြားသိရတဲ့သတင်းတွေအရ လက်ရှိမှာ တော့ ဒီဂျောင်ဟာ ချဲလ်ဆီးနဲ့အတူ အပြောင်းအရွှေ့ကိစ္စအတွက် သဘောတူညီမှု မရသေးသလို

မန်ယူနဲ့လည်း အရောင်းအဝယ် မတည့်သေးတဲ့သူပါ။ ဒါဆိုရင် ဒီဂျောင်ရဲ့ လန်ဒန်ခရီးစဉ်ဟာ ဘာအတွက်များပါလဲ။ ဒါက အကြောင်းရှိပါ တယ်။ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ဒီဂျောင်ဟာ ဘာစီလိုနာ မှာပဲ ဆက်ရှိနေချင်တယ်လို့ အမြဲတစေ ပြောခဲ့သူပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ရက် ပိုင်းအတွင်းမှာ လန်ဒန်ကို လေယာဉ်နဲ့ ခရီးသွားခဲ့တာကလည်း အလုပ်ကိစ္စ အတွက် မဟုတ်ဘဲ အပျော်ခရီးသက်သက်ပဲလို့ သိရပါတယ်။ ဒီဂျောင်အတူ စေ့စပ်ထားတဲ့ သူ့ရဲ့ချစ်သူ မစ်ကီ ကီမီနေးတို့ဟာ လန်ဒန်ကိုသွားမယ့်

ကိုယ် ပိုင်ဂျက်လေယာဉ်စီးဖို့အတွက် လေဆိပ်ကိုအရောက်မှာ စပိန်ရုပ်သံလိုင်း တစ်ခုက အမိအရ ရိုက်ကူးနိုင်ခဲ့တာကြောင့် အခုလို သတင်းတွေ ထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျောင်ဟာ ပရီးမီးယားလိဂ်ကို ပြောင်း တော့မယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာနေတာပါ။

ဗယ်လာဒိုးလစ်ကို ၄-၀ ဂိုး နဲ့ အနိုင်ရတဲ့ပွဲစဉ်ပြီးတဲ့နောက် အားလပ်ရက် ရတာကြောင့် ဒီဂျောင်တို့စုံတွဲ ဟာ အားလပ်ရက်အပန်းဖြေခရီးထွက်ဖို့အတွက် လန်ဒန်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္အသင္းေတြျဖစ္တဲ့ မန္ယူနဲ႔ ခ်ဲလ္ဆီးတို႔ ေနာက္ကေနၿပီး တေကာက္ေကာက္လိုက္ေနတဲ့ ဖရန္ကီဒီေဂ်ာင္ရဲ႕ အေျပာင္းအေ႐ႊ႕ ဟာလည္း တစ္ခန္းမရပ္ႏိုင္ေသးတဲ့ ျပဇာတ္လိုပါပဲ။ ဒီနယ္သာလန္သား အတြက္ လန္ဒန္ကလပ္ေရာ

မန္ခ်က္စတာကလပ္ပါ ပစ္မွတ္ထားမႈေတြ လုပ္ေနၿပီး အေျပာင္းအေ႐ႊ႕ ေဈးကြက္ပိတ္ဖို႔ ၅ ရက္ပဲ လိုေတာ့တဲ့အခ်ိန္အထိ ႀကိဳးစားအားထုတ္မႈေတြ ရွိေနဆဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီေဂ်ာင္တစ္ေယာက္ ကိုယ္ပိုင္ ဂ်က္ေလယာဥ္နဲ႔အတူ လန္ဒန္ကို သြားခဲ့တယ္ဆိုတဲ့ သတင္းဟာ

ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားတာေၾကာင့္ ခ်ဲလ္ဆီးကို ေ႐ြးလိုက္ၿပီလားဆိုတဲ့ ေမးခြန္းေတြလည္း ေပၚထြက္လာေနၿပီျဖစ္ပါတယ္။ ၾကားသိရတဲ့သတင္းေတြအရ လက္ရွိမွာ ေတာ့ ဒီေဂ်ာင္ဟာ ခ်ဲလ္ဆီးနဲ႔အတူ အေျပာင္းအေ႐ႊ႕ကိစၥအတြက္ သေဘာတူညီမႈ

မရေသးသလို မန္ယူနဲ႔လည္း အေရာင္းအဝယ္ မတည့္ေသးတဲ့သူပါ။ ဒါဆိုရင္ ဒီေဂ်ာင္ရဲ႕ လန္ဒန္ခရီးစဥ္ဟာ ဘာအတြက္မ်ားပါလဲ။ ဒါက အေၾကာင္းရွိပါ တယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကြင္းလယ္လူ ဒီေဂ်ာင္ဟာ ဘာစီလိုနာ မွာပဲ ဆက္ရွိေနခ်င္တယ္လို႔

အၿမဲတေစ ေျပာခဲ့သူပါ။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ရက္ ပိုင္းအတြင္းမွာ လန္ဒန္ကို ေလယာဥ္နဲ႔ ခရီးသြားခဲ့တာကလည္း အလုပ္ကိစၥ အတြက္ မဟုတ္ဘဲ အေပ်ာ္ခရီးသက္သက္ပဲလို႔ သိရပါတယ္။ ဒီေဂ်ာင္အတူ ေစ့စပ္ထားတဲ့ သူ႔ရဲ႕ခ်စ္သူ မစ္ကီ ကီမီေနးတို႔ဟာ လန္ဒန္ကိုသြားမယ့္

ကိုယ္ ပိုင္ဂ်က္ေလယာဥ္စီးဖို႔အတြက္ ေလဆိပ္ကိုအေရာက္မွာ စပိန္႐ုပ္သံလိုင္း တစ္ခုက အမိအရ ႐ိုက္ကူးႏိုင္ခဲ့တာေၾကာင့္ အခုလို သတင္းေတြ ထြက္ေပၚ ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေဂ်ာင္ဟာ ပရီးမီးယားလိဂ္ကို ေျပာင္း ေတာ့မယ္လို႔ ထင္ေၾကးေပးမႈေ

တြ ရွိလာေနတာပါ။ ဗယ္လာဒိုးလစ္ကို ၄-၀ ဂိုး နဲ႔ အႏိုင္ရတဲ့ပြဲစဥ္ၿပီးတဲ့ေနာက္ အားလပ္ရက္ ရတာေၾကာင့္ ဒီေဂ်ာင္တို႔စုံတြဲ ဟာ အားလပ္ရက္အပန္းေျဖခရီးထြက္ဖို႔အတြက္ လန္ဒန္ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္တယ္လို႔ ESPN ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။