လန်ဇီနီကို ဒါမျိုးလာလုပ်လို့မရဘူး

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ မန်နူရယ်လန်ဇီနီဟာ ချဲလ်ဆီးနဲ့ပွဲမှာ

သူ့ကိုပင်နယ်တီလွဲစေဖို့ စိတ်အနှောင့်အယှက်ပေးခဲ့တဲ့

ပြိုင်ဘက်နောက်ခံလူ ရီချီဂျိမ်းစ်ကို ဂိုးသွင်းပြီးနောက် ပုခုံးချင်းတိုက်ခဲ့တဲ့အပြင်

ဒေါသနဲ့စူးစိုက်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းက ၃-၂ နဲ့နိုင်ခဲ့တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီက

သူ့ကိုပြန်ပေးတဲ့ဘောလုံးကိုထိန်းဖို့ကြိုးစားပေမယ့်

ဘိုဝင်ကရယူနိုင်ခဲ့လို့ ဖျက်ထုတ်လိုက်ရာမှာ ပင်နယ်တီပေးခဲ့ရပြီး

ဒါကိုလန်ဇီနီက အမှားအယွင်းမရှိကန်သွင်းကာ သီယာဂိုးဆေးလ်ဗားရဲ့

ဦးဆောင်ဂိုးသွင်းယူမှုကို ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ သူဂိုးသွင်းပြီးနောက်

ဘာကြောင့်ဒီလိုလုပ်ခဲ့သလဲဆိုတာ ချက်ခြင်းမသိခဲ့ကြပေမယ့်

အနှေးပြကွက်ပြန်ပြတော့မှ ရှင်းသွားတာပါ။

ဒီအနှေးပြကွက်ထဲမှာ သူပင်နယ်တီမကန်ခင်မှာ ရီချီဂျိမ်းစ်က

လန်ဇီနီကိုကြည့်ပြီး စူးစူးဝါးဝါးအော်ဟစ်ကာ ကန်ချက်လွဲချော်အောင်

နှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျိမ်းစ်ရဲ့အားထုတ်မှုက

အရာမထင်ခဲ့ဘဲ လန်ဇီနီက ဂိုးသမားမန်ဒီကို ဆုံးဖြတ်ချက်လုံးဝလွဲချော်အောင်

ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးဝင်ပြီးနောက် လန်ဇီနီက ရီချီဂျိမ်းစ်ဆီသွားပြီး

ပုခုံးချင်းတိုက်ခဲ့တဲ့အပြင် မိုက်ကြည့်ပါကြည့်ခဲ့တာပါ။ ပြီးတော့မှာ ပရိသတ်တွေ

ကစားသမားတွေနဲ့အတူအောင်ပွဲသွားခံခဲ့တာဖြစ်ပါတယ်။ သူတို့ဖြစ်ရပ်နဲ့

ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အခြေအတင်ဖြစ်မှုတွေကိုထွက်ပေါ်စေခဲ့ပါတယ်။

တစ်ဦးကဆိုရင်” ကျွန်တော်က ဂျိမ်းစ်ကိုပေါက်ကွဲပြပြီး လန်ဇီနီရှေ့ကို

ခုန်ဝင်စေချင်ခဲ့တာ” လို့ဆိုခဲ့သလို နောက်တစ်ယောက်ကလည်း

” သူ့ကိုဒါမျိုးလုပ်လို့မရဘူးဆိုတာ လန်ဇီနီကပြသလိုက်တာ” လို့ဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ဒီနိုင်ပွဲကြောင့်ထပ်ဆုံး ၄ သင်းနေရာမှာ ခိုင်မာစွာ

ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းကိုလည်း ဆရာကြီးတွေကိုမှ

နိုင်စားသူ(Giant Killer) လို့သတ်မှတ်နေကြပါတယ်။

zawgyi

လန္ဇီနီကို ဒါမ်ိဳးလာလုပ္လို႔မရဘူး

ဝက္စ္ဟမ္းအသင္းကြင္းလယ္လူ မန္ႏူရယ္လန္ဇီနီဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ

သူ႔ကိုပင္နယ္တီလြဲေစဖို႔ စိတ္အေႏွာင့္အယွက္ေပးခဲ့တဲ့

ၿပိဳင္ဘက္ေနာက္ခံလူ ရီခ်ီဂ်ိမ္းစ္ကို ဂိုးသြင္းၿပီးေနာက္ ပုခုံးခ်င္းတိုက္ခဲ့တဲ့အျပင္

ေဒါသနဲ႔စူးစိုက္ၾကည့္ခဲ့တယ္လို႔ သိရပါတယ္။

ဝက္စ္ဟမ္းက ၃-၂ နဲ႔ႏိုင္ခဲ့တဲ့ အဲဒီပြဲမွာ ခ်ဲလ္ဆီးဂိုးသမား မန္ဒီက

သူ႔ကိုျပန္ေပးတဲ့ေဘာလုံးကိုထိန္းဖို႔ႀကိဳးစားေပမယ့္

ဘိုဝင္ကရယူႏိုင္ခဲ့လို႔ ဖ်က္ထုတ္လိုက္ရာမွာ ပင္နယ္တီေပးခဲ့ရၿပီး

ဒါကိုလန္ဇီနီက အမွားအယြင္းမရွိကန္သြင္းကာ သီယာဂိုးေဆးလ္ဗားရဲ႕

ဦးေဆာင္ဂိုးသြင္းယူမႈကို ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ သူဂိုးသြင္းၿပီးေနာက္

ဘာေၾကာင့္ဒီလိုလုပ္ခဲ့သလဲဆိုတာ ခ်က္ျခင္းမသိခဲ့ၾကေပမယ့္

အေႏွးျပကြက္ျပန္ျပေတာ့မွ ရွင္းသြားတာပါ။

ဒီအေႏွးျပကြက္ထဲမွာ သူပင္နယ္တီမကန္ခင္မွာ ရီခ်ီဂ်ိမ္းစ္က

လန္ဇီနီကိုၾကည့္ၿပီး စူးစူးဝါးဝါးေအာ္ဟစ္ကာ ကန္ခ်က္လြဲေခ်ာ္ေအာင္

ေႏွာင့္ယွက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ိမ္းစ္ရဲ႕အားထုတ္မႈက

အရာမထင္ခဲ့ဘဲ လန္ဇီနီက ဂိုးသမားမန္ဒီကို ဆုံးျဖတ္ခ်က္လုံးဝလြဲေခ်ာ္ေအာင္

ကန္သြင္းႏိုင္ခဲ့ပါတယ္။ ဒီဂိုးဝင္ၿပီးေနာက္ လန္ဇီနီက ရီခ်ီဂ်ိမ္းစ္ဆီသြားၿပီး

ပုခုံးခ်င္းတိုက္ခဲ့တဲ့အျပင္ မိုက္ၾကည့္ပါၾကည့္ခဲ့တာပါ။ ၿပီးေတာ့မွာ ပရိသတ္ေတြ

ကစားသမားေတြနဲ႔အတူေအာင္ပြဲသြားခံခဲ့တာျဖစ္ပါတယ္။ သူတို႔ျဖစ္ရပ္နဲ႔

ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ အေျခအတင္ျဖစ္မႈေတြကိုထြက္ေပၚေစခဲ့ပါတယ္။

တစ္ဦးကဆိုရင္” ကြၽန္ေတာ္က ဂ်ိမ္းစ္ကိုေပါက္ကြဲျပၿပီး လန္ဇီနီေရွ႕ကို

ခုန္ဝင္ေစခ်င္ခဲ့တာ” လို႔ဆိုခဲ့သလို ေနာက္တစ္ေယာက္ကလည္း

” သူ႔ကိုဒါမ်ိဳးလုပ္လို႔မရဘူးဆိုတာ လန္ဇီနီကျပသလိုက္တာ” လို႔ဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္းဟာ ဒီႏိုင္ပြဲေၾကာင့္ထပ္ဆုံး ၄ သင္းေနရာမွာ ခိုင္မာစြာ

ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းကိုလည္း ဆရာႀကီးေတြကိုမွ

ႏိုင္စားသူ(Giant Killer) လို႔သတ္မွတ္ေနၾကပါတယ္။