လည်ပင်း ဓားထောက်ခံရပြီး လက်ဝတ်ရတနာတွေ လုယက်ခံလိုက်ရတဲ့ တာဟစ်ချောင်

ယူနိုက်တက်လူငယ်ကြယ်ပွင့် တာဟစ်ချောင်ဟာ သူ့အိမ်ထဲ

ဖောက်ထွင်းဝင်ရောက်လာတဲ့ ဖောက်ထွင်းဝိဇ္ဇာတွေရဲ့
ဓားထောက်အလုခံခဲ့ပြီး ပေါင်ထောင်ဂဏန်းဝန်းကျင်
တန်ဖိုးရှိတဲ့အရာတွေ လုယက်ခံလိုက်ရပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ဦးဟာ တာဟစ်ချောင်
အိပ်ပျော်နေချိန် နံနက် ၃ နာရီမှာ သူ့အိမ်ထဲ

ကျူးကျော်ဝင်ရောက်လာတာဖြစ်ပြီး အဲဒီနောက်
တာဟစ်ချောင်ရဲ့လည်ပင်းကို ဓားနဲ့ထောက်ကာ
အဖိုးတန်ပစ္စည်းတွေ ထုတ်ပေးဖို့ ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။
အဲဒီမှာ ဖောက်ထွင်းဝိဇ္ဇာတွေက လက်ဝတ်ရတနာတွေ၊
နာရီအကောင်းစားတွေနဲ့ အမျိုးသမီးတန်ဖိုးကြီးလက်ကိုင်အိတ်တွေပါ

ယူဆောင်သွားပြီး အိမ်ထဲကနေ ပြန်အထွက်မှာ
တာဟစ်ချောင်ရဲ့နေအိမ်က လုံခြုံရေးညံ့ဖျင်းမှုကိုပါ လှောင်ပြောင်သွားပါတယ်။
ခရစ္စမတ်ကာလနောက်ပိုင်း မန်ချက်စတာတောင်ပိုင်းဒေသမှာ
ဖောက်ထွင်းခံရသူတွေအနက် တာဟစ်ချောင်က ၅ယောက်မြောက်
ယူနိုက်တက်(သို့)စီးတီးအသင်းသားဖြစ်လာပြီး

ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့
လင်ဒီလော့ဖ်တို့လည်း နေအိမ်ဖောက်ထွင်းခံခဲ့ရပါတယ်။
မတ်လ ၁၅ ရက်နေ့က ကွင်းလယ်လူ ပေါ့ဂ်ဘာ
ချန်ပီယံလိဂ်ပွဲကစားနေစဉ် သူ့နေအိမ် ဖောက်ထွင်းခံခဲ့ရတာ
ဖြစ်ပြီး လင်ဒီလော့ဖ်ကလည်း ဇန်နဝါရီလ ၁၉ ရက်နေ့က

ဘရန့်ဖို့ဒ်နဲ့အဝေးကွင်းပွဲကစားနေတုန်း နေအိမ်ဖောက်ထွင်းခံခဲ့ရတာပါ။။
နောက်ထပ်ယူနိုက်တက်ကွင်းလယ်လူ ဂျက်စီလင်ဂတ်နဲ့
စီးတီးနောက်ခံလူ ယာအိုကန်ဆယ်လိုတို့လည်း နေအိမ်ဖောက်ထွင်းခံခဲ့ရပြီး
ကန်ဆယ်လိုဆိုရင် လက်နက်ကိုင်လူဆိုးကို ပြန်လည်ခုခံခဲ့လို့
မျက်နှာမှာတောင် ဒဏ်ရာရခဲ့ပါသေးတယ်။

နယ်သာလန် ယူ၂၁ လက်ရွေးစင် တာဟစ်ချောင်ဟာ
လက်ရှိအချိန် ဘာမင်ဂမ်မှာ တစ်ရာသီကြာ
အငှားနဲ့ ကစားနေပြီး အောက်တိုဘာလအတွင်း
ပေါင်ခြံဒဏ်ရာရခဲ့ပြီးနောက် အိမ်မှာ အနားယူနေစဉ်
ယခုလိုမျိုး နေအိမ်ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi

လည္ပင္း ဓားေထာက္ခံရၿပီး လက္၀တ္ရတနာေတြ လုယက္ခံလုိက္ရတ့ဲ တာဟစ္ေခ်ာင္
ယူႏုိက္တက္လူငယ္ၾကယ္ပြင့္ တာဟစ္ေခ်ာင္ဟာ သူ႕အိမ္ထဲ

ေဖာက္ထြင္း၀င္ေရာက္လာတဲ့ ေဖာက္ထြင္း၀ိဇၨာေတြရဲ႕
ဓားေထာက္အလုခံခဲ့ၿပီး ေပါင္ေထာင္ဂဏန္း၀န္းက်င္
တန္ဖိုးရွိတဲ့အရာေတြ လုယက္ခံလုိက္ရပါတယ္။
မ်က္ႏွာဖုံးစြပ္ထားတဲ့ အမ်ိဳးသား ၃ဦးဟာ တာဟစ္ေခ်ာင္
အိပ္ေပ်ာ္ေနခ်ိန္ နံနက္ ၃ နာရီမွာ သူ႕အိမ္ထဲ

က်ဴးေက်ာ္၀င္ေရာက္လာတာျဖစ္ၿပီး အဲဒီေနာက္
တာဟစ္ေခ်ာင္ရဲ႕လည္ပင္းကို ဓားနဲ႔ေထာက္ကာ
အဖုိးတန္ပစၥည္းေတြ ထုတ္ေပးဖို႔ ၿခိမ္းေျခာက္ေတာင္းဆုိခဲ့ပါတယ္။
အဲဒီမွာ ေဖာက္ထြင္း၀ိဇၨာေတြက လက္၀တ္ရတနာေတြ၊
နာရီအေကာင္းစားေတြနဲ႔ အမ်ိဳးသမီးတန္ဖိုးႀကီးလက္ကိုင္အိတ္ေတြပါ

ယူေဆာင္သြားၿပီး အိမ္ထဲကေန ျပန္အထြက္မွာ
တာဟစ္ေခ်ာင္ရဲ႕ေနအိမ္က လုံၿခံဳေရးည့ံဖ်င္းမႈကိုပါ ေလွာင္ေျပာင္သြားပါတယ္။
ခရစၥမတ္ကာလေနာက္ပိုင္း မန္ခ်က္စတာေတာင္ပိုင္းေဒသမွာ
ေဖာက္ထြင္းခံရသူေတြအနက္ တာဟစ္ေခ်ာင္က ၅ေယာက္ေျမာက္
ယူႏုိက္တက္(သို႔)စီးတီးအသင္းသားျဖစ္လာၿပီး

ယူႏုိက္တက္အသင္းေဖာ္ေတြျဖစ္တဲ့ ေပါ့ဂ္ဘာနဲ႔
လင္ဒီေလာ့ဖ္တုိ႔လည္း ေနအိမ္ေဖာက္ထြင္းခံခဲ့ရပါတယ္။
မတ္လ ၁၅ ရက္ေန႔က ကြင္းလယ္လူ ေပါ့ဂ္ဘာ
ခ်န္ပီယံလိဂ္ပြဲကစားေနစဥ္ သူ႕ေနအိမ္ ေဖာက္ထြင္းခံခဲ့ရတာ
ျဖစ္ၿပီး လင္ဒီေလာ့ဖ္ကလည္း ဇန္န၀ါရီလ ၁၉ ရက္ေန႔က

ဘရန္႔ဖို႔ဒ္နဲ႔အေ၀းကြင္းပြဲကစားေနတုန္း ေနအိမ္ေဖာက္ထြင္းခံခဲ့ရတာပါ။။
ေနာက္ထပ္ယူႏုိက္တက္ကြင္းလယ္လူ ဂ်က္စီလင္ဂတ္နဲ႔
စီးတီးေနာက္ခံလူ ယာအိုကန္ဆယ္လုိတုိ႔လည္း ေနအိမ္ေဖာက္ထြင္းခံခဲ့ရၿပီး
ကန္ဆယ္လုိဆုိရင္ လက္နက္ကိုင္လူဆုိးကို ျပန္လည္ခုခံခဲ့လုိ႔
မ်က္ႏွာမွာေတာင္ ဒဏ္ရာရခဲ့ပါေသးတယ္။

နယ္သာလန္ ယူ၂၁ လက္ေရြးစင္ တာဟစ္ေခ်ာင္ဟာ
လက္ရွိအခ်ိန္ ဘာမင္ဂမ္မွာ တစ္ရာသီၾကာ
အငွားနဲ႔ ကစားေနၿပီး ေအာက္တိုဘာလအတြင္း
ေပါင္ၿခံဒဏ္ရာရခဲ့ၿပီးေနာက္ အိမ္မွာ အနားယူေနစဥ္
ယခုလုိမ်ိဳး ေနအိမ္ေဖာက္ထြင္းခံခဲ့ရတာျဖစ္ပါတယ္။