
မက်ဆီကတော့ ပီအက်စ်ဂျီမှာ ပြည်တွင်းလီဂူးပွဲတွေထက် ချန်ပီယံလိဂ်မှာ
ပိုပြီးခြေတွေ့နေသလိုပါပဲ။ အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ မနေ့ညက
ကစားသွားခဲ့တဲ့ လစ်ပ်ဇစ်နဲ့ပွဲမှာလည်း ပီအက်စ်ဂျီရဲ့အနိုင်ဂိုးအပါအဝင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ သူ့တိုက်စစ်ကစားဖော်အမ်ဘက်ပီက ပွဲချိန်အစောပိုင်း
၉ မိနစ်ကတည်းက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့်
လစ်ပ်ဇစ်က ပထမပိုင်းမှာပဲ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၇ မိနစ်မှာလည်း
ဒုတိယဂိုးသွင်းယူသွားလို့ ဧည့်သည်အသင်းက ပြန်ဦးဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ နောက် ၁၀ မိနစ်အကြာမှာ မက်ဆီက အနီးကပ်ပိတ်သွင်းပြီး
ပီအက်စ်ဂျီအတွက် ပြန်လည်ချေပပေးနိုင်ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ နောက် ၇ မိနစ်အကြာမှာ ပင်နယ်တီရတော့ မက်ဆီဟာ
ပါနန်ကာစတိုင်ကန်သွင်းပြီး ပီအက်စ်ဂျီအတွက် အနိုင်ဂိုးဖြစ်စေခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ နောက်ထပ်ပင်နယ်တီ
တစ်လုံးထပ်ရခဲ့ပြီး အဲဒီပင်နယ်တီကိုသာ ကန်သွင်းမယ်ဆိုရင်
သူဟာ လစ်ပ်ဇစ်နဲ့ပွဲမှာ ဟက်ထရစ်ရနိုင်ပါတယ်။
ဒါပေမဲ့ သူဟက်ထရစ်ယူမယ့်အစား အသင်းတိုက်စစ်ကစားဖော်
အမ်ဘက်ပီကိုသာ ပေးကန်ခဲ့ပြီး အဲဒီပြင်သစ်သားရဲ့ကန်သွင်းမှုဟာ လွဲချော်ခဲ့ပါတယ်။
အဲဒီပင်နယ်တီကိစ္စမှာ အမ်ဘက်ပီကတော့”ဒါကတော့ ပုံမှန်ပါပဲ။ လေးစားမှုပေါ့။
သူဟာ ကမ္ဘာမှာ အကောင်းဆုံးဖြစ်ပြီး သူနဲ့အတူတွဲကစားခွင့်ရလို့ ဂုဏ်ယူရပါတယ်။
ဒုတိယပင်နယ်တီကတော့ သူနဲ့အစကတည်းက သဘောတူညီမှုယူပြီးသားဖြစ်ကာ
အဲဒါကိုကန်ဖို့ သူ ကျွန်တော့်ကို ပြောခဲ့တာပါ”လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ လီဂူးပြိုင်ပွဲမှာသာ တစ်ဂိုးမှ မရသေးပေမယ့် ချန်ပီယံလိဂ်မှာတော့
ပီအက်စ်ဂျီအတွက် ၃ ဂိုးသွင်းယူပေးထားပါတယ်။
zawgyi
လစ္ပ္ဇစ္နဲ႔ပြဲမွာလည္း ပီအက္စ္ဂ်ီရဲ႕အႏိုင္ဂိုးအပါအဝင္ ၂ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မက္ဆီ
မက္ဆီကေတာ့ ပီအက္စ္ဂ်ီမွာ ျပည္တြင္းလီဂူးပြဲေတြထက္ ခ်န္ပီယံလိဂ္မွာ
ပိုၿပီးေျခေတြ႕ေနသလိုပါပဲ။ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ မေန႔ညက
ကစားသြားခဲ့တဲ့ လစ္ပ္ဇစ္နဲ႔ပြဲမွာလည္း ပီအက္စ္ဂ်ီရဲ႕အႏိုင္ဂိုးအပါအဝင္ ၂ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ သူ႔တိုက္စစ္ကစားေဖာ္အမ္ဘက္ပီက ပြဲခ်ိန္အေစာပိုင္း
၉ မိနစ္ကတည္းက ပီအက္စ္ဂ်ီအတြက္ ဦးေဆာင္ဂိုး စတင္သြင္းယူႏိုင္ခဲ့ေပမယ့္
လစ္ပ္ဇစ္က ပထမပိုင္းမွာပဲ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၅၇ မိနစ္မွာလည္း
ဒုတိယဂိုးသြင္းယူသြားလို႔ ဧည့္သည္အသင္းက ျပန္ဦးေဆာင္ခဲ့ပါတယ္။
ဒါေပမဲ့ ေနာက္ ၁၀ မိနစ္အၾကာမွာ မက္ဆီက အနီးကပ္ပိတ္သြင္းၿပီး
ပီအက္စ္ဂ်ီအတြက္ ျပန္လည္ေခ်ပေပးႏိုင္ခဲ့ပါတယ္။
ဆက္တိုက္ဆိုသလိုပဲ ေနာက္ ၇ မိနစ္အၾကာမွာ ပင္နယ္တီရေတာ့ မက္ဆီဟာ
ပါနန္ကာစတိုင္ကန္သြင္းၿပီး ပီအက္စ္ဂ်ီအတြက္ အႏိုင္ဂိုးျဖစ္ေစခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ေနာက္ထပ္ပင္နယ္တီ
တစ္လုံးထပ္ရခဲ့ၿပီး အဲဒီပင္နယ္တီကိုသာ ကန္သြင္းမယ္ဆိုရင္
သူဟာ လစ္ပ္ဇစ္နဲ႔ပြဲမွာ ဟက္ထရစ္ရႏိုင္ပါတယ္။
ဒါေပမဲ့ သူဟက္ထရစ္ယူမယ့္အစား အသင္းတိုက္စစ္ကစားေဖာ္
အမ္ဘက္ပီကိုသာ ေပးကန္ခဲ့ၿပီး အဲဒီျပင္သစ္သားရဲ႕ကန္သြင္းမႈဟာ လြဲေခ်ာ္ခဲ့ပါတယ္။
အဲဒီပင္နယ္တီကိစၥမွာ အမ္ဘက္ပီကေတာ့”ဒါကေတာ့ ပုံမွန္ပါပဲ။ ေလးစားမႈေပါ့။
သူဟာ ကမာၻမွာ အေကာင္းဆုံးျဖစ္ၿပီး သူနဲ႔အတူတြဲကစားခြင့္ရလို႔ ဂုဏ္ယူရပါတယ္။
ဒုတိယပင္နယ္တီကေတာ့ သူနဲ႔အစကတည္းက သေဘာတူညီမႈယူၿပီးသားျဖစ္ကာ
အဲဒါကိုကန္ဖို႔ သူ ကြၽန္ေတာ့္ကို ေျပာခဲ့တာပါ”လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။
မက္ဆီဟာ လီဂူးၿပိဳင္ပြဲမွာသာ တစ္ဂိုးမွ မရေသးေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့
ပီအက္စ္ဂ်ီအတြက္ ၃ ဂိုးသြင္းယူေပးထားပါတယ္။