
ရော်နယ်ဒိုနဲ့ အယ်လ်နက်ဆာ တို့ရဲ့စာချုပ်ထဲမှာ ၂၀၃၀ ကမ္ဘာ့ဖလား





အိမ်ရှင်ဖြစ်ရေးအတွက် သံတမန်အဖြစ်ကြိုးစားပေးရမယ်ဆိုတဲ့
သဘောတူညီချက်မပါဘူးလို့ ဆော်ဒီကလပ်က ရှင်းလင်းခဲ့ပါတယ်။





ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အယ်လ်နက်ဆာမှာ
တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းရမယ့် ရော်နယ်ဒိုဟာ
ဆော်ဒီအတွက် ကမ္ဘာ့ဖလားသံတမန်သဘောတူညီချက်ကနေ





တူညီတဲ့ပမာဏမျိုးထပ်မံရရှိလိမ့်မယ်လို့သိရတာဖြစ်တယ်။
“လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေနဲ့ အယ်လ်နက်ဆာကတော့





ဆန့်ကျင်ဘက်ပါပဲ။ စာချုပ်ထဲမှာ ကမ္ဘာ့ဖလားနဲ့ပက်သတ်တဲ့
အကြောင်းအရာမပါဘူး။ သူ အာရုံစိုက်ပေးရမှာက
အယ်လ်နက်ဆာအတွက်ဖြစ်ပြီး အောင်မြင်မှုရဖို့အတွက်





အသင်းဖော်တွေကိုထောက်ပံ့ပေးရမှာပါ” လို့ ရှင်းလင်းခဲ့ပါတယ်။
အခြားတစ်ဖက်မှာ ရှင်းမရတဲ့ပြဿနာကရှိပါသေးတယ်။





အချို့သော ပရိသတ်တွေက အယ်လ်နက်ဆာအသင်းရဲ့တရားဝင်
အင်စတာဂရမ်အကောင့်ဟာ ဆုဖလားရရှိမှုနဲ့ပက်သတ်လို့
အရှက်မရှိလိမ်လည်ထားတယ်လို့ စွပ်စွဲထားတာဖြစ်တယ်။





ဆော်ဒီအမှတ်ပေးဖလားကို ၁၇ ကြိမ်ဆွတ်ခူးထားတယ်လို့
ထည့်သွင်းထားပေမဲ့ Wikipedia အရတော့ သူတို့ဟာ





အမှတ်ပေးဖလားကို ၉ကြိမ်သာ ရရှိထားတာကို ပရိသတ်တွေက
ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်နက်ဆာရဲ့
အင်စတာဂရမ်စာမျက်နှာမှာ အာရှချန်ပီယံလိဂ်ဆုဖလားကို





၂ကြိမ်ရရှိထားတယ်လို့ဖော်ပြထားပါသေးတယ်။
Wikipedia မှာတော့ သူတို့ဟာ ၁၉၉၅ ခုနှစ်မှာ ဒုတိယတစ်ကြိမ်





ရတာကလွဲလို့ အာရှချန်ပီယံလိဂ်မှာ ဗိုလ်စွဲတာမျိုးမရှိခဲ့ပါဘူး။
ဒါနဲ့ပက်သတ်လို့ ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်တွေက
တိုက်ခိုက်ခဲ့ကြပြီး မရသေးတဲ့ဆုဖလားတွေကိုဖော်ပြတာက





ရှက်စရာကြီးပါလို့ လှောင်ပြောင်နေကြပါတယ်။
zawgyi





လစာ ၂ဆ ကိစၥကိုျပန္ရွင္းေပမဲ့ ဆုဖလားရရွိမႈနဲ႔ပက္သတ္လို႔ အယ္လ္နက္ဆာရဲ႕ အင္စတာဂရမ္မွာ လိမ္လည္ထားတယ္လို႔ ပရိသတ္ေတြ ေလွာင္ေျပာင္
ေရာ္နယ္ဒိုနဲ႔ အယ္လ္နက္ဆာ တို႔ရဲ႕စာခ်ဳပ္ထဲမွာ ၂၀၃၀ ကမာၻ႔ဖလား
အိမ္ရွင္ျဖစ္ေရးအတြက္ သံတမန္အျဖစ္ႀကိဳးစားေပးရမယ္ဆိုတဲ့





သေဘာတူညီခ်က္မပါဘူးလို႔ ေဆာ္ဒီကလပ္က ရွင္းလင္းခဲ့ပါတယ္။
ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ အယ္လ္နက္ဆာမွာ





တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၃ သန္းရမယ့္ ေရာ္နယ္ဒိုဟာ
ေဆာ္ဒီအတြက္ ကမာၻ႔ဖလားသံတမန္သေဘာတူညီခ်က္ကေန
တူညီတဲ့ပမာဏမ်ိဳးထပ္မံရရွိလိမ့္မယ္လို႔သိရတာျဖစ္တယ္။





“လက္ရွိထြက္ေပၚေနတဲ့သတင္းေတြနဲ႔ အယ္လ္နက္ဆာကေတာ့
ဆန႔္က်င္ဘက္ပါပဲ။ စာခ်ဳပ္ထဲမွာ ကမာၻ႔ဖလားနဲ႔ပက္သတ္တဲ့





အေၾကာင္းအရာမပါဘူး။ သူ အာ႐ုံစိုက္ေပးရမွာက
အယ္လ္နက္ဆာအတြက္ျဖစ္ၿပီး ေအာင္ျမင္မႈရဖို႔အတြက္
အသင္းေဖာ္ေတြကိုေထာက္ပံ့ေပးရမွာပါ” လို႔ ရွင္းလင္းခဲ့ပါတယ္။





အျခားတစ္ဖက္မွာ ရွင္းမရတဲ့ျပႆနာကရွိပါေသးတယ္။
အခ်ိဳ႕ေသာ ပရိသတ္ေတြက အယ္လ္နက္ဆာအသင္းရဲ႕တရားဝင္





အင္စတာဂရမ္အေကာင့္ဟာ ဆုဖလားရရွိမႈနဲ႔ပက္သတ္လို႔
အရွက္မရွိလိမ္လည္ထားတယ္လို႔ စြပ္စြဲထားတာျဖစ္တယ္။
ေဆာ္ဒီအမွတ္ေပးဖလားကို ၁၇ ႀကိမ္ဆြတ္ခူးထားတယ္လို႔





ထည့္သြင္းထားေပမဲ့ Wikipedia အရေတာ့ သူတို႔ဟာ
အမွတ္ေပးဖလားကို ၉ႀကိမ္သာ ရရွိထားတာကို ပရိသတ္ေတြက





ေထာက္ျပခဲ့ပါတယ္။ ဒါ့အျပင္ အယ္လ္နက္ဆာရဲ႕
အင္စတာဂရမ္စာမ်က္ႏွာမွာ အာရွခ်န္ပီယံလိဂ္ဆုဖလားကို
၂ႀကိမ္ရရွိထားတယ္လို႔ေဖာ္ျပထားပါေသးတယ္။





Wikipedia မွာေတာ့ သူတို႔ဟာ ၁၉၉၅ ခုႏွစ္မွာ ဒုတိယတစ္ႀကိမ္
ရတာကလြဲလို႔ အာရွခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတာမ်ိဳးမရွိခဲ့ပါဘူး။





ဒါနဲ႔ပက္သတ္လို႔ ဆိုရွယ္မီဒီယာေပၚကေန ပရိသတ္ေတြက
တိုက္ခိုက္ခဲ့ၾကၿပီး မရေသးတဲ့ဆုဖလားေတြကိုေဖာ္ျပတာက
ရွက္စရာႀကီးပါလို႔ ေလွာင္ေျပာင္ေနၾကပါတယ္။




