
ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက သူဟာအသင်းမှာ
လစာအများဆုံးရသူဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ် လိုက်ပြီး
ဘဏ်ကထုတ်ပေးတဲ့လစဥ်ရှင်းတမ်းစာရွက်ကို
ဆိုရှယ်မီဒီယာပေါ်တင်ကာတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ပီကေးဟာ ဘာစီလိုနာမှာတစ်နှစ်ကို
ယူရို ၁၄ သန်း(ပေါင် ၁၁.၇ သန်း) ရနေတယ်လို့
ကာတာလန်အခြေစိုက်ရုပ်သံ ဌာနတစ်ခုက အစီအစဥ်တင်ဆက်သူ
လူလစ်ကာနက်က စွပ်စွဲခဲ့တာပါ။
ဒါပေမယ့် ပီကေးကသူ့ရဲ့ဒီဇင်ဘာဘဏ်စာရင်းရှင်းတမ်း ကို
တွစ်တာပေါ်မှာပြသပြီး သူရခဲ့တဲ့ ဒီဇင်ဘာအတွက်လစာက
ယူရို ၂.၃၂၈.၈၈၄,၃၉ သန်း(ပေါင် ၁.၉၄ သန်း) သာရရှိခဲ့တယ်ဆို တာကို
အများမြင်အောင်တင်ပြခဲ့ပါတယ်။
ပီကေးကပုံစာရေးသားရာမှာ” ကာနက် လိုရုပ်သံဌာနကပေးထားတဲ့
လစာ စားနေတဲ့ သူမျိုးအနေနဲ့ သူ့မိတ်ဆွေတွေဘက်က ကာကွယ်မှာဘဲ။
ဒီမှာကျုပ်ရခဲ့တဲ့ ဒီဇင်ဘာ ၃၀ အထိလစာ။
ပုံမှန်အခြေခံလစာရဲ့တစ် ဝက်ဘဲရှိတယ်။
ကိုယ့်ကိုကိုယ်လည်းလေးစားမှုလေးရှိကြပါဦး” လို့ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင်ကာနက်က ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာ တို့ဟာလည်း
တစ်နှစ်ကို ယူရို ၂၃ သန်းနဲ့ ယူရို ၂၀ သန်းစီရပြီး
လစာအ များဆုံးရနေသူတွေဖြစ်နေတာလို့လည်းဆိုခဲ့ပါတယ်။
ဒီသတင်းတွေကို ဘာစီလိုနာအသင်းဘက်ကလည်း ငြင်းပယ်ခဲ့ပြီး
ကာ နက် ရဲ့ပြောကြားမှုမှာ သတင်းအရင်းအမြစ်ဘယ်က
ထွက်ပေါ်လာသလဲဆိုတာကို မသိဘူးဆိုပြီး
ရှင်းလင်းချက်အပြည့်အစုံကို ထုတ်ပြန်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ကလပ်အပေါ်အကြွေးပေါင် ၁ ဘီလီယံကျော်တင်ရှိနေလို့
အသင်းရဲ့အဓိက ကစား သမားတွေရဲ့လစာကိုလျှော့ချခဲ့ရပြီး
မက်ဆီကိုလည်းပြီးခဲ့တဲ့နွေရာသီက လက်လွှတ်လိုက်ရပါတယ်။
မကြာသေးခင်ကလည်း ကော်တင်ဟို ကိုအက်စ်တွန်ဗီလာအသင်းဆီ
အငှားချလိုက်လို့သာ မန်စီးတီးကခေါ်ထားတဲ့
တောရက်စ်ကိုမှတ်ပုံတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
zawgyi
လစာအမ်ားဆုံးရသူဆိုတဲ့ သတင္းေတြကို ျငင္းပယ္လိုက္ၿပီး ဘဏ္ရွင္းတမ္းကိုပါျပသလိုက္တဲ့ ပီေကး
ဘာစီလိုနာအသင္းေနာက္ခံလူ ပီေကးက သူဟာအသင္းမွာ
လစာအမ်ားဆုံးရသူျဖစ္ေနတယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ လိုက္ၿပီး
ဘဏ္ကထုတ္ေပးတဲ့လစဥ္ရွင္းတမ္းစာ႐ြက္ကို
ဆိုရွယ္မီဒီယာေပၚတင္ကာတုံ႔ျပန္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ပီေကးဟာ ဘာစီလိုနာမွာတစ္ႏွစ္ကို
ယူ႐ို ၁၄ သန္း(ေပါင္ ၁၁.၇ သန္း) ရေနတယ္လို႔
ကာတာလန္အေျခစိုက္႐ုပ္သံ ဌာနတစ္ခုက အစီအစဥ္တင္ဆက္သူ
လူလစ္ကာနက္က စြပ္စြဲခဲ့တာပါ။
ဒါေပမယ့္ ပီေကးကသူ႔ရဲ႕ဒီဇင္ဘာဘဏ္စာရင္းရွင္းတမ္း ကို
တြစ္တာေပၚမွာျပသၿပီး သူရခဲ့တဲ့ ဒီဇင္ဘာအတြက္လစာက
ယူ႐ို ၂.၃၂၈.၈၈၄,၃၉ သန္း(ေပါင္ ၁.၉၄ သန္း) သာရရွိခဲ့တယ္ဆို တာကို
အမ်ားျမင္ေအာင္တင္ျပခဲ့ပါတယ္။
ပီေကးကပုံစာေရးသားရာမွာ” ကာနက္ လို႐ုပ္သံဌာနကေပးထားတဲ့
လစာ စားေနတဲ့ သူမ်ိဳးအေနနဲ႔ သူ႔မိတ္ေဆြေတြဘက္က ကာကြယ္မွာဘဲ။
ဒီမွာက်ဳပ္ရခဲ့တဲ့ ဒီဇင္ဘာ ၃၀ အထိလစာ။
ပုံမွန္အေျခခံလစာရဲ႕တစ္ ဝက္ဘဲရွိတယ္။
ကိုယ့္ကိုကိုယ္လည္းေလးစားမႈေလးရွိၾကပါဦး” လို႔ေဖာ္ျပခဲ့ပါတယ္။
ဒါ့အျပင္ကာနက္က ဘက္စ္ကြက္နဲ႔ ေဂ်ာ္ဒီအယ္လ္ဘာ တို႔ဟာလည္း
တစ္ႏွစ္ကို ယူ႐ို ၂၃ သန္းနဲ႔ ယူ႐ို ၂၀ သန္းစီရၿပီး
လစာအ မ်ားဆုံးရေနသူေတြျဖစ္ေနတာလို႔လည္းဆိုခဲ့ပါတယ္။
ဒီသတင္းေတြကို ဘာစီလိုနာအသင္းဘက္ကလည္း ျငင္းပယ္ခဲ့ၿပီး
ကာ နက္ ရဲ႕ေျပာၾကားမႈမွာ သတင္းအရင္းအျမစ္ဘယ္က
ထြက္ေပၚလာသလဲဆိုတာကို မသိဘူးဆိုၿပီး
ရွင္းလင္းခ်က္အျပည့္အစုံကို ထုတ္ျပန္ခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ကလပ္အေပၚအေႂကြးေပါင္ ၁ ဘီလီယံေက်ာ္တင္ရွိေနလို႔
အသင္းရဲ႕အဓိက ကစား သမားေတြရဲ႕လစာကိုေလွ်ာ့ခ်ခဲ့ရၿပီး
မက္ဆီကိုလည္းၿပီးခဲ့တဲ့ေႏြရာသီက လက္လႊတ္လိုက္ရပါတယ္။
မၾကာေသးခင္ကလည္း ေကာ္တင္ဟို ကိုအက္စ္တြန္ဗီလာအသင္းဆီ
အငွားခ်လိုက္လို႔သာ မန္စီးတီးကေခၚထားတဲ့
ေတာရက္စ္ကိုမွတ္ပုံတင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။