လစာလျှော့ယူပြီး ဆီဗီလာကို အငှားနဲ့ပြောင်းရွှေ့တော့မယ့် မာရှယ်

မန်ယူတိုက်စစ်မှုးမာရှယ်ဟာ လာလီဂါကလပ်ဆီဗီလာကို

အငှားနဲ့ရောက်ရှိတော့မယ်လို့ သိရပါတယ်။

အဲဒီပြင်သစ်သားဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၂ ပွဲသာ

ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး သူကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်က

ထွက်ခွာချင်တယ်လို့ အတိအလင်းဆိုထားတာပါ။

နည်းပြရန်းနစ်ကိုယ်တိုင်က မာရှယ်ဟာ ဗီလာနဲ့ပွဲတုန်းက

အသင်းလူစာရင်းမှာ မပါချင်ဘူးလို့ အခုလအစောပိုင်းက ထုတ်ပြောထားပေမယ့်

ကာယကံရှင်ကစားသမားကတော့ ဆိုရှယ်မီဒီယာထက်မှာ ငြင်းပယ်ထားပါတယ်။

၂၆ နှစ်အရွယ် မာရှယ်ကို အသင်းပေါင်းများစွာက စိတ်ဝင်စားကြပေမယ့်

အခုတော့ ကစားသမားဟာ ဆီဗီလာကို ရောက်ရှိတော့မှာပါ။

မာရှယ်ဟာ ဒီကနေ့မှာပဲ သူ့အေးဂျင့်နဲ့အတူ ဆီဗီလာကို သွားရောက်မှာလို့

အပြောင်းအရွှေ့ကျွမ်းကျင်သူဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။

မာရှယ်ရဲ့အပြောင်းအရွှေ့အတွက် နှစ်သင်းအကြား

သဘောတူညီမှုရခဲ့ကြပြီဖြစ်ပြီး ဆီဗီလာဟာ ၆ လအငှားစာချုပ်အတွက်

လစားနဲ့အငှားကြေးအပါအဝင် ယူရို ၆ သန်းဝန်းကျင်ပေးသွားမှာပါ။

ဆီဗီလာနဲ့ မန်ယူတို့ရဲ့သဘောတူညီချက်ထဲမှာ

အပြီးသတ်ခေါ်ယူမယ့်အချက်ထည့်သွင်းထားခြင်း မရှိပါဘူး။

မာရှယ်အတွက် ကနဦးဆွေးနွေးစဉ်က ဆီဗီလာဟာ

ကစားသမားရဲ့လစာထက်ဝက်ကိုသာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မာရှယ်ကိုယ်တိုင်ကိုက ပုံမှန်ကစားခွင့်ရရေးအတွက်

လစာလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းကလည်း အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးပေမယ့်

မာရှယ်ကတော့ ဆီဗီလာကိုသာ ရွေးချယ်ခဲ့တာလု့ိ သတင်းတွေအရ သိရပါတယ်။

ဆီဗီလာဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ

ဒုတိယနေရာက အသင်းဖြစ်ပြီး ဦးဆောင်သူရီးရဲလ်နဲ့ ၄ မှတ်သာကွာတာပါ။

zawgyi

လစာေလွ်ာ့ယူၿပီး ဆီဗီလာကို အငွားနဲ႔ေျပာင္းေ႐ႊ႕ေတာ့မယ့္ မာရွယ္

မန္ယူတိုက္စစ္မႈးမာရွယ္ဟာ လာလီဂါကလပ္ဆီဗီလာကို

အငွားနဲ႔ေရာက္ရွိေတာ့မယ္လို႔ သိရပါတယ္။

အဲဒီျပင္သစ္သားဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၂ ပြဲသာ

ပြဲထြက္ပါဝင္ခြင့္ရခဲ့ၿပီး သူကိုယ္တိုင္ကလည္း အိုးလ္ထရက္ဖို႔ဒ္က

ထြက္ခြာခ်င္တယ္လို႔ အတိအလင္းဆိုထားတာပါ။

နည္းျပရန္းနစ္ကိုယ္တိုင္က မာရွယ္ဟာ ဗီလာနဲ႔ပြဲတုန္းက

အသင္းလူစာရင္းမွာ မပါခ်င္ဘူးလို႔ အခုလအေစာပိုင္းက ထုတ္ေျပာထားေပမယ့္

ကာယကံရွင္ကစားသမားကေတာ့ ဆိုရွယ္မီဒီယာထက္မွာ ျငင္းပယ္ထားပါတယ္။

၂၆ ႏွစ္အ႐ြယ္ မာရွယ္ကို အသင္းေပါင္းမ်ားစြာက စိတ္ဝင္စားၾကေပမယ့္

အခုေတာ့ ကစားသမားဟာ ဆီဗီလာကို ေရာက္ရွိေတာ့မွာပါ။

မာရွယ္ဟာ ဒီကေန႔မွာပဲ သူ႔ေအးဂ်င့္နဲ႔အတူ ဆီဗီလာကို သြားေရာက္မွာလို႔

အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူဂ်ာနယ္လစ္ဖာဘရီဇီယို႐ိုမာႏိုက ဆိုပါတယ္။

မာရွယ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ႏွစ္သင္းအၾကား

သေဘာတူညီမႈရခဲ့ၾကၿပီျဖစ္ၿပီး ဆီဗီလာဟာ ၆ လအငွားစာခ်ဳပ္အတြက္

လစားနဲ႔အငွားေၾကးအပါအဝင္ ယူ႐ို ၆ သန္းဝန္းက်င္ေပးသြားမွာပါ။

ဆီဗီလာနဲ႔ မန္ယူတို႔ရဲ႕သေဘာတူညီခ်က္ထဲမွာ

အၿပီးသတ္ေခၚယူမယ့္အခ်က္ထည့္သြင္းထားျခင္း မရွိပါဘူး။

မာရွယ္အတြက္ ကနဦးေဆြးေႏြးစဥ္က ဆီဗီလာဟာ

ကစားသမားရဲ႕လစာထက္ဝက္ကိုသာ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ မာရွယ္ကိုယ္တိုင္ကိုက ပုံမွန္ကစားခြင့္ရေရးအတြက္

လစာေလွ်ာ့ယူဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းကလည္း အငွားေခၚယူဖို႔ ကမ္းလွမ္းခဲ့ေသးေပမယ့္

မာရွယ္ကေတာ့ ဆီဗီလာကိုသာ ေ႐ြးခ်ယ္ခဲ့တာလု႔ိ သတင္းေတြအရ သိရပါတယ္။

ဆီဗီလာဟာ လက္ရွိလာလီဂါအမွတ္ေပးဇယားမွာ

ဒုတိယေနရာက အသင္းျဖစ္ၿပီး ဦးေဆာင္သူရီးရဲလ္နဲ႔ ၄ မွတ္သာကြာတာပါ။