လစာမြင့်မားသူတချို့ကို ထွက်ခွာခွင့်ပြုရင်း တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀၀ အထိ လျှော့ချဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအတွင်း

လစာမြင့်မားသူတချို့ကို ထွက်ခွာခွင့်ပေးခြင်းဖြင့်
အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀၀အထိ
လျှော့ချနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ မကြာသေးခင်ကမှ ဖာနန်ဒက်စ်ကို
တစ်နှစ်လုပ်ခလစာ ပေါင် ၁၅သန်းနဲ့ ၄ နှစ်စာချုပ်သစ်

ချုပ်ဆိုခဲ့ပေမယ့် ယခုရာသီအကုန်မှာ
အသင်းရဲ့လုပ်ခလစာမြင့်မားနေမှုကို လျှော့ချဖို့ ပြင်ဆင်နေတာပါ။
ကွင်းလယ်လူ ပေါ့ဂ်ဘာ၊ တိုက်စစ်မှူး ကာဗာနီနဲ့
ကွင်းလယ်တိုက်စစ်သမားတွေဖြစ်တဲ့ လင်ဂတ်နဲ့မာတာတို့အားလုံး
စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ နွေရာသီမှာ

အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အဲဒီကစားသမား
၄ယောက်ပေါင်းရဲ့ တစ်ပတ်လုပ်ခလစာက ပေါင် ၇၅၀၀၀၀ ရှိတဲ့အနက်
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာက အများဆုံးဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ ၂၀၁၆ နွေရာသီက

ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)
ပေါင် ၈၉.၃သန်းနဲ့ ပြန်ရောက်လာပေမယ့် ယူနိုက်တက်မှာ
မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး
ယခုအခါ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့
ရီးရဲလ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့က အပြိုင်စိတ်ဝင်စားနေပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ကာဗာနီကလည်း ယူနိုက်တက်
ကစားသမားဘ၀ ဒုတိယမြောက်ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့
ရင်ဆိုင်နေရပြီးနောက် နွေရာသီမှာ အသင်းကနေ
ထွက်ခွာဖွယ်ရှိနေပြီး ပွဲဦးထွက်ရာသီမှာ ၁၇ဂိုးအထိ
သွင်းယူနိုင်ခဲ့ပေမယ့် ယခုရာသီ ပရီးမီးယားလိဂ်မှာ

ဦးစားပေးကစားသမားအဖြစ် ၆ပွဲပဲ ပါဝင်ခွင့်ရထားပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ မာတာကလည်း ယခုရာသီမှာ
၅ပွဲပဲ ကစားခွင့်ရထားပြီး ရော်နယ်ဒိုနဲ့ ဆန်ချိုတို့ ရောက်လာပြီးနောက်
ပွဲထွက်ခွင့်ပိုမိုဆုံးရှုံးသွားတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ
လင်ဂတ်လည်း လာမယ့်နွေရာသီမှာ အသင်းကနေ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။

Zawgyi

လစာျမင့္မားသူတခ်ိဳ႕ကို ထြက္ခြာခြင့္ျပဳရင္း တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀၀ အထိ ေလွ်ာ့ခ်ဖို႔ ျပင္ဆင္ေနတဲ့ ယူႏိုက္တက္

ယူႏုိက္တက္အသင္းဟာ လာမယ့္ေႏြရာသီအတြင္း
လစာျမင့္မားသူတခ်ိဳ႕ကို ထြက္ခြာခြင့္ေပးျခင္းျဖင့္
အသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၇၅၀၀၀၀အထိ
ေလွ်ာ့ခ်ႏိုင္ဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
ယူႏုိက္တက္ဟာ မၾကာေသးခင္ကမွ ဖာနန္ဒက္စ္ကို

တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၅သန္းနဲ႔ ၄ ႏွစ္စာခ်ဳပ္သစ္
ခ်ဳပ္ဆိုခဲ့ေပမယ့္ ယခုရာသီအကုန္မွာ
အသင္းရဲ႕လုပ္ခလစာျမင့္မားေနမႈကို ေလွ်ာ့ခ်ဖို႔ ျပင္ဆင္ေနတာပါ။
ကြင္းလယ္လူ ေပါ့ဂ္ဘာ၊ တုိက္စစ္မွဴး ကာဗာနီနဲ႔
ကြင္းလယ္တုိက္စစ္သမားေတြျဖစ္တဲ့ လင္ဂတ္နဲ႔မာတာတုိ႔အားလုံး

စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၂ ေႏြရာသီမွာ
အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖြယ္ရွိေနပါတယ္။
The Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အဲဒီကစားသမား
၄ေယာက္ေပါင္းရဲ႕ တစ္ပတ္လုပ္ခလစာက ေပါင္ ၇၅၀၀၀၀ ရွိတဲ့အနက္
ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာက အမ်ားဆုံးျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာဟာ ၂၀၁၆ ေႏြရာသီက
ဂ်ဴဗင္တပ္စ္ကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)
ေပါင္ ၈၉.၃သန္းနဲ႔ ျပန္ေရာက္လာေပမယ့္ ယူႏုိက္တက္မွာ
ေမွ်ာ္လင့္ထားသလုိ ေျခစြမ္းျပႏုိင္ဖို႔ ရုန္းကန္ေနရၿပီး
ယခုအခါ သူ႕ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔

ရီးရဲလ္၊ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္စ္တုိ႔က အၿပိဳင္စိတ္၀င္စားေနပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ရွိ ကာဗာနီကလည္း ယူႏုိက္တက္
ကစားသမားဘ၀ ဒုတိယေျမာက္ရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔
ရင္ဆုိင္ေနရၿပီးေနာက္ ေႏြရာသီမွာ အသင္းကေန
ထြက္ခြာဖြယ္ရွိေနၿပီး ပြဲဦးထြက္ရာသီမွာ ၁၇ဂိုးအထိ

သြင္းယူႏိုင္ခဲ့ေပမယ့္ ယခုရာသီ ပရီးမီးယားလိဂ္မွာ
ဦးစားေပးကစားသမားအျဖစ္ ၆ပြဲပဲ ပါ၀င္ခြင့္ရထားပါတယ္။
အသက္ ၃၃ ႏွစ္အရြယ္ရွိ မာတာကလည္း ယခုရာသီမွာ
၅ပြဲပဲ ကစားခြင့္ရထားၿပီး ေရာ္နယ္ဒိုနဲ႔ ဆန္ခ်ိဳတို႔ ေရာက္လာၿပီးေနာက္
ပြဲထြက္ခြင့္ပိုမုိဆုံးရံႈးသြားတဲ့ အသက္ ၂၉ ႏွစ္အရြယ္ရွိ

လင္ဂတ္လည္း လာမယ့္ေႏြရာသီမွာ အသင္းကေန
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖြယ္ရွိေနပါတယ္။