လစာဖြတ်တောက်ခံပြီး ယူနိုက်တက်နဲ့နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့ ဒီဂီယာ ဆန္ဒရှိလာ

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ် ပေါင် ၃၇၅၀၀၀ ရရှိနေတဲ့

ဂိုးသမားဒီဂီယာကတော့ လစာဖြတ်တောက်ခံပြီး နှစ်ရှာ်စာချုပ်ဖို့

ဆန္ဒရှိလာပြီလို့ The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။

ဒီဂီယာဟာ စာချုပ်အရ ၁၂လ ဆက်နေခွင့်ကိုရွေးချယ်နိုင်တာကြောင့်

အိုးလ်ထရက်ဖို့ဒ်မှာ လာမယ့်ရာသီကုန်အထိဆက်ရှိနေဦးမှာဖြစ်တယ်။

အသက် ၃၂နှစ် အရွယ် စပိန်ကြယ်ပွင့်ကတော့ ယူနိုက်တက်မှာ

ဒီထက်ပိုမိုတဲ့အချိန်ကာလတစ်ခုအထိဆက်နေချင်သလို

၃နှစ် စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ပြင်ဆင်လာခဲ့ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ သူ့ရဲ့

လုပ်ခလစာကိုဖြတ်တောက်မယ်ဆိုရင်တောင် ယူနိုက်တက်မှာ

ဆက်နေချင်တယ်လို့ ကလပ်အသင်းနည်းပြတွေကို ဒီဂီယာက

ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီဂီယာဟာ လက်ရှိ

ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့

အမြင့်ဆုံးရရှိနေသူဖြစ်ပြီး သူ့ရဲ့ဆန္ဒအတိုင်း အသင်းမှာ

ဆက်နေမယ်ဆိုရင်တော့ လစာရဲ့ ၂၅ ရာခိုင်နှုန်းအထိ

ဖြတ်တောက်ခံပေးရဖို့ရှိနေတာဖြစ်တယ်။ နည်းပြတန်ဟတ်ဟာ

ဘရန်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ချိတ်ဆက်နေပေမဲ့

ဦးစားပေးအဖြစ်တော့ ဒီဂီယာကိုသာအာမခံချက်ပေးထားပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့လည်း ၂၀၁၁ ဇွန်လကတည်းမှာ

ကလပ်မှာရှိနေခဲ့တဲ့ ဒီဂီယာကို သက်တမ်းတိုးဖို့အတွက်

သဘောတူညီမှုတစ်ရပ်ပေးလိမ့်မယ်လို့ အတွင်းသတင်းတွေ

ထွက်ပေါ်ထားတာဖြစ်တယ်။ ဒီဂီယာဟာ ဒီညကစားမယ့်

အာဆင်နယ်နဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်ရဲ့ဂိုးပေါက်ကို

လုံခြုံအောင်ကာကွယ်စောင့်ရှောက်သွားရဖို့ရှိနေပါတယ်။

zawgyi

လစာျဖတ္ေတာက္ခံၿပီး ယူႏိုက္တက္နဲ႔ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဒီဂီယာ ဆႏၵရွိလာ

ယူႏိုက္တက္အသင္းမွာ တစ္ပတ္လုပ္ ေပါင္ ၃၇၅၀၀၀ ရရွိေနတဲ့

ဂိုးသမားဒီဂီယာကေတာ့ လစာျဖတ္ေတာက္ခံၿပီး ႏွစ္ရွာ္စာခ်ဳပ္ဖို႔

ဆႏၵရွိလာၿပီလို႔ The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။

ဒီဂီယာဟာ စာခ်ဳပ္အရ ၁၂လ ဆက္ေနခြင့္ကိုေ႐ြးခ်ယ္ႏိုင္တာေၾကာင့္

အိုးလ္ထရက္ဖို႔ဒ္မွာ လာမယ့္ရာသီကုန္အထိဆက္ရွိေနဦးမွာျဖစ္တယ္။

အသက္ ၃၂ႏွစ္ အ႐ြယ္ စပိန္ၾကယ္ပြင့္ကေတာ့ ယူႏိုက္တက္မွာ

ဒီထက္ပိုမိုတဲ့အခ်ိန္ကာလတစ္ခုအထိဆက္ေနခ်င္သလို

၃ႏွစ္ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုဖို႔ျပင္ဆင္လာခဲ့ပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ သူ႔ရဲ႕

လုပ္ခလစာကိုျဖတ္ေတာက္မယ္ဆိုရင္ေတာင္ ယူႏိုက္တက္မွာ

ဆက္ေနခ်င္တယ္လို႔ ကလပ္အသင္းနည္းျပေတြကို ဒီဂီယာက

ေျပာဆိုထားတယ္လို႔ သိရပါတယ္။ ဒီဂီယာဟာ လက္ရွိ

ယူႏိုက္တက္မွာ တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ နဲ႔

အျမင့္ဆုံးရရွိေနသူျဖစ္ၿပီး သူ႔ရဲ႕ဆႏၵအတိုင္း အသင္းမွာ

ဆက္ေနမယ္ဆိုရင္ေတာ့ လစာရဲ႕ ၂၅ ရာခိုင္ႏႈန္းအထိ

ျဖတ္ေတာက္ခံေပးရဖို႔ရွိေနတာျဖစ္တယ္။ နည္းျပတန္ဟတ္ဟာ

ဘရန္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ရာယာကို ခ်ိတ္ဆက္ေနေပမဲ့

ဦးစားေပးအျဖစ္ေတာ့ ဒီဂီယာကိုသာအာမခံခ်က္ေပးထားပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔လည္း ၂၀၁၁ ဇြန္လကတည္းမွာ

ကလပ္မွာရွိေနခဲ့တဲ့ ဒီဂီယာကို သက္တမ္းတိုးဖို႔အတြက္

သေဘာတူညီမႈတစ္ရပ္ေပးလိမ့္မယ္လို႔ အတြင္းသတင္းေတြ

ထြက္ေပၚထားတာျဖစ္တယ္။ ဒီဂီယာဟာ ဒီညကစားမယ့္

အာဆင္နယ္နဲ႔ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ရဲ႕ဂိုးေပါက္ကို

လုံၿခဳံေအာင္ကာကြယ္ေစာင့္ေရွာက္သြားရဖို႔ရွိေနပါတယ္။